သံလွင်ခက်
စက်တင်ဘာ ၂၁၊ ၂၀၂၄။
ဒီနေ့မနက် Fairtex Fight ကကျင်းပတဲ့ Road to ONE (Season 3) ပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးဟာ ထိုင်းနိုင်ငံသူ ပက်ချ်ဝရင်းကို ၃ ချီအပြည့်ထိုးသတ်ခဲ့ပြီး အမှတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
အခုလိုရှုံးနိမ့်ခဲ့တာကြောင့် နော်ဥမ္မာစိုးဟာ ONE Championship မှာ ထိုးခွင့်ရမယ့် ဒေါ်လာတစ်သိန်းတန်စာချုပ် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတာပါ။
ဒါ့အပြင် မနေ့က မြန်မာရိုးရာလက်ဝှေ့ကစားသမား သွေးသစ်ဝင်းလှိုင်ဟာလည်း ဥဇဘက်ကစ္စတန်နိုင်ငံသား မာလွန်ဘတ်ခါခိုရောကို အမှတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။
ဒီအပတ် ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲတွေမှာ မြန်မာလက်ဝှေ့ကစားသမားတွေအတွက် ရလဒ်မကောင်းခဲ့တဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ရပါတယ်။