ထွယ်
စက်တင်ဘာ ၂၀၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးတွင်း တိုက်ပွဲများနှင့် စစ်ကောင်စီမှ လက်နက်ကြီးများ ရမ်းတမ်းပစ်ခတ်နေသဖြင့် ယနေ့နံနက်ပိုင်းမှစတင်ပြီး မြိုပေါ်နေလူအများစုမှာ တိုက်ပွဲတိမ်းရှောင်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ၂ ပတ်ခန့်မှစပြီး ဖားကန့်မြို့ဗျူဟာကုန်းမှ တိုက်ပွဲဖြစ်ပွားနေသည့် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာတွင်ဆိုင်း တောင်ကျေးရွာအပါအဝင် ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီးများ ရမ်းတမ်းပစ်ခတ်နေခြင်းကြောင့် ဒေသခံများတိမ်း ရှောင်နေရခြင်းဖြစ်သည်။
“တစ်မြို့လုံးပဲဗျ၊ နေတဲ့သူလည်း နေကြသေးတယ်ပေါ့ အများက ရွှေ့ကြတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်က စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းတမ်းပစ်ခတ်မှုကြောင့် ဖားကန့်မြို့ ဌက်ပျောတောရပ်ကွက်က ဒေသခံနှစ်ဦး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ပြီး ယမန်နေ့ကလည်း ဆိုင်းတောင်းကျေးရွာ အနီးက စပေါ့ကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံနှစ်ဦး ထပ်မံသေဆုံးခဲ့သည်ဟု ဖားကန့်ဒေ သခံက ပြောသည်။
ထို့ပြင် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာတွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ ယမန်နေ့တစ်ရက် တည်း တွင် လေယာဉ်ဖြင့် သုံးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ရှေ့တန်းရဲဘော်နှင့်ဆိုင်းတောင်ကျေးရွာ ဒေသခံ ထံက သိရသည်။
ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ၏ဗျူဟာကုန်းနှင့် ရဲစခန်းအပါအဝင် တပ်စခန်း ၆ ခုခန့်သာ ကျန်ရှိနေပြီး လက်ရှိ ဖားကန့်မြို့ကိုလည်း KIA ပူးပေါင်းတပ်တို့ ဝန်းရံထားလျက်ရှိသည်ဟု ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဓာတ်ပုံ- TLM ။
ပုံစာ – တိုက်ပွဲတိမ်းရှောင်နေသည့် ဖားကန့်မြို့ ဒေသခံများ