မောင်ဘဦး
စက်တင်ဘာ ၂၀၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကံဇီးရွာက ပျူစောထီးစခန်းကို တော်လှန်ရေးအဖွဲ့တွေမဏ္ဍ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီးတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးကာ ၎င်းတို့၏မိသားစုဝင်တွေအပါအဝင် စစ်သုံ့ပန်း ၇၀ ခန့် ဖမ်းဆီးရရှိခဲ့သည်ဟု ဒေသတွင်း တော်လှန်ရေးအဖွဲ့ဝင်များထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်နေ့တွင် ကံဇီးရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးအဖွဲ့များမှစုပေါင်းပြီး ၂ ရက်ဆက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“သေတာကတော့ ၁၀ ယောက်ကျော်တယ်။ အသေအချာမသိရသေးတာက ထပ်တိုးနိုင်ဖို့လည်း ရှိလို့ပါ။ လက်တ လောမှာတော့ အလောင်း ၁၃ လောင်းတွေ့ပြီးပြီ။ ထွက်ပြေးတဲ့သူတွေကိုလည်း ထပ်ဖမ်းမိတာတွေ ရှိတယ်” ဟု ရှေ့တန်းရဲဘော်တစ်ဦးကပြောသည်။
တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းထားပြီး အင်တာနက်လိုင်းအခက်အခဲများကြောင့် အသေးစိပ်ကို ထုတ်ပြန်နိုင်ခြင်းမရှိသေးဘူးဟု သိရသည်။
ထို့အပြင် တော်လှန်ရေးရဲဘော်တချို့ ထိခိုက်မှုရှိခဲ့ပြီး စစ်သုံ့ပန်းများကိုလည်း ထိန်းသိမ်းရန်အခက်အခဲရှိနေသည်ဟု သိရသည်။