စစ်ကောင်စီတပ် ပစ်သည့် လက်နက်ကြီး ထိမှန်မှုကြောင့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ထောင်လောင်ကျေးရွာမှ ဒေသခံ ၃ ဦး လက်နက်ကြီးစ ထိမှန်ခဲ့သည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကိုပြောသည်။ ယနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းတွင် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ…