နှစ်နှစ်တာကာလအတွင်း တိုင်းပြည်တည်ငြိမ်စေရေးအတွက် တပ်မတော် အနေဖြင့် ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းသာ ဆောင်ရွက် ခဲ့သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယမန်နေ့က ကျင်းပသည့်စစ်ကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု သိရသည်။ အဆိုပါအစည်းအဝေးကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး အရေးပေါ်ကာလ ၆လတိုးပြီးနောက် အသစ်ထပ်မံဖွဲ့စည်းထားသည့် စစ်ကောင်စီအဖွဲ့ဝင်များပါဝင်သည့် ပထမဆုံး အစည်းအဝေးလည်းဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတဟု စစ်ကောင်စီမှ…