• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
  • မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်
  • တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»အွန်လိုင်းပတ်စ်ပို့စ်လျှောက်ခြင်းတွင် မီးမမှန်မှုက အခက်အခဲတစ်ခုဖြစ်နေ
နေ့စဉ်သတင်း

အွန်လိုင်းပတ်စ်ပို့စ်လျှောက်ခြင်းတွင် မီးမမှန်မှုက အခက်အခဲတစ်ခုဖြစ်နေ

thanlwinkhetBy thanlwinkhetFebruary 28, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

အွန်လိုင်းမှတစ်ဆင့်ပတ်စ်ပို့စ်လျှောက်ရာတွင် ကွန်ပျူတာနှင့်Wifi တို့ကိုသာအဓိကအသုံးပြုလုပ်ဆောင်နေရသည့်အတွက် မီးမမှန်မှုကလည်း အခက်အခဲတစ်ခုအဖြစ်ရှိနေသည်ဟု လျှောက်ထားသူများက ပြောသည်။

လိုင်းကြပ်မှုများကြောင့် ကွန်ပျူတာဖြင့်သာ အသုံးပြုနေကြသည့်တိုင်   Website ထဲဝင်ရသည်မှာ နာရီနှင့်ချီအချိန်ကြာသည့်အပြင် မီးပျက်နေမှုကြောင့် ခဏခဏပြန်ဝင်ရသည့် ပြဿနာများလည်း ရှိနေသည်ဟု သိရသည်။

” ဖုန်းနဲ့က လျှောက်ရတာအဆင်မပြေပါဘူး။ လိုင်းကြပ်လို့ လပ်တော့တို့ကွန်ပျူတာတို့နဲ့ပဲ အဆင်ပြေတယ်။ မီးခဏခဏပျက်ရင်တော့ လပ်တော့အားမရှိတာတို့ wifi မှာ အားမရှိတာတို့ တင်ဖို့ကလုံးဝအဆင်မပြေနိုင်ပါဘူး ” ဟုရန်ကုန်မြို့မှ ပတ်စ်ပို့စ်လျှောက်ထားသူ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ပစ်တ်ပို့စ်လျှောက်ထားရာတွင် ဖုန်းဖြင့်ဝင်မရ၍ ကွန်ပျူတာကိုအသုံးပြု လျှောက်ရာတွင်လည်း မီးမမှန်သည့်ပြဿနာအတွက် Power Bank ကိုဆောင်ထားရသည်ဟု သန်လျင်မှ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်ကပြောသည်။

၎င်းက“ဖုန်းနဲ့ကဝင်လို့မရဘူး။ Laptopနဲ့မှအဆင်ပြေတာ။ မီးပျက်တဲ့အချိန်ဆို ညီမ wifi ကိုpower bank နဲ့ join လုပ်ရတာတွေတော့ရှိတယ် ” ဟုပြောသည်။

ထိုသို့ မီးအခက်အခဲ ၊ အင်တာနက်ပြဿနာများကို ဖြေရှင်း၍ လျှောက်သော်လည်း လိုင်းကြပ်မှုများကြောင့် အဆင့်တိုင်း၌ အချိန်အကြာကြီးစောင့်ရကြောင်းနှင့် ယနေ့နံနက်ပိုင်းမှသာ ရက်ချိန်းရ၍ လာမည့်လ ၈ရက်တွင် ရုံး၌ ပတ်စ်ပို့စ်သွားလုပ်ရမည်ဟု ယင်းကပြောသည်။

အွန်လိုင်းမှတစ်ဆင့် ပစ်တ်ပို့စ်လျှောက်ရာတွင် မီးမမှန်မှုကြောင့် အခက်အခဲနှင့်ကြုံတွေ့ရသည်ကိုလည်း ဂျပန်နိုင်ငံ၌ ကျောင်းသွားတက်မည့် အမျိုးသားလူငယ်တစ်ဦးက အတွေ့အကြုံကိုပြောသည်။

၎င်းက ” ၂၇ရက်နေ့တုန်းက မီးပျက်‌တဲ့အချိန်  ဝိုင်ဖိုင်မရလို့ လက်တော့ပိတ်ပြီး ဖုန်းနဲ့ Kpayကနေ ငွေချေလိုက်တဲ့အခါမှာ QRကုတ် ကျမလာပဲနဲ့ ။သူတို့က Scanပေးထားတဲ့အတွက် ဖုန်းနှစ်လုံးရှိမှScanဖတ်လို့ရမှာလေ။

ကျနော်တို့လို ဖုန်းတစ်လုံးထဲနဲ့Kpayကနေတိုက်ရိုက်ဝင်ချေတဲ့သူတွေကျတော့ dateကနောက်ကျတာတွေ့ရတယ်။လူအယောက် တစ်သောင်းကနေ တစ်သောင်းသုံးထောင် ကျော်လောက်ထိနောက်ဆုတ်သွားတာတွေ့ရတယ်။

ဒါကြောင့် ဖုန်းနှစ်လုံးရှိတယ် လက်တော့ပါရှိတယ်ဆိုရင် လက်တော့နဲ့ပဲဖွင့်ပါ ။Website ထဲဝင်ပြီးငွေလွှဲတဲ့ခါကျလို့ရှိရင်  ဖုန်းနဲ့scanဖတ်ပြီးငွေချေပါ။အဲ့ဒါက ပိုပိုမြန်ဆန်ပါတယ်လို့ အကြံပြုချင်ပါတယ် “ဟု ပြောသည်။

လျှောက်ထားသူများသည် ကွန်ပျူတာများရှိနေ၍ မီး၊ အင်တာနက်လိုင်းပြဿနာတို့ ဖြေရှင်းနိုင်လျှင်တောင် နည်းပညာအခက်အခဲကြောင့် တချို့လျှောက်ထားသူများ အဆင်မပြေဖြစ်နေသည်ကို တွေ့ရှိရကြောင်း နည်းပညာကျွမ်းကျင်သူ တစ်ဦးကပြောသည်။

ထိုပြဿနာများတွင် အွန်လိုင်းစနစ်ကိုစတင်အကောင်အထည်ဖော်သည့် တာဝန်ရှိသူများအနေဖြင့် သေချာသုတေသနာပြုလုပ်သင့်ကြောင်းနှင့် အင်တာနက်ဒေတာစျေးနှုန်းကြီးမြင့်နေရာတွင်လည်း အခမဲ့ လျှောက်ထားနိုင်ရန်ပြုလုပ်ပေးသင့်ကြောင်း ၎င်းကဆင်လက်ပြောကြားသည်။

ပတ်စ်ပို့စ်ကိုအွန်လိုင်းမှလျှောက်ရသည့် စနစ်သစ်တွင် တာဝန်ရှိသူများ၏ လိုအပ်ချက်များကြောင့်လည်းအခက်အခဲများစွားဖြစ်နေရခြင်းဟု ကျွမ်းကျင်သူများက ပြောသည်။

” Website တစ်ခုRunနိုင်ဖို့ဆိုရင် လိုအပ်တဲ့အရင်းအမြစ် ဆာဗာ၊အင်တာနက်တွေ  ပြည့်စုံလုံလောက်ဖို့လိုတယ်။အဲ့တာတွေ ပြည့်စုံလုံလောက်မှုမရှိလို့ အခုလိုပြဿနာတွေဖြစ်တာပါ။

ပတ်စ်ပို့စ်လျှောက်ထားတဲ့ Platform ရဲ့ဆာဗာပိုင်းကဝင်လာတဲ့သူတွေကိုမနိုင်တာပေါ့။‌တစ်နေ့ကို အလွန်ဆုံးဝင်တာ နှစ်သောင်းလောက်ပဲရှိတယ်။ အဲ့လောက်ပမာဏကိုတောင်မှ မနိုင်ပဲနဲ့ ဆာဗာပြုတ်ကျသွားတယ်။ဆိုလိုရင်းသဘောကIT Platformအတွက် ရှိသင့်ရှိထိုက်တဲ့ အရင်းမြစ်ကို သူတို့မထုတ်ပေးနိုင်တာပေါ့။အဲ့တာကြောင့် ကျကျသွားတာဖြစ်ဖို့များပါတယ်။

ကမ္ဘာပေါ်မှာ Website တော်တော်များများက သန်းဂဏန်းလောက်ထိကြည့်ကြတာ အဲ့လိုအခြေနေမှာမှ‌ သောင်းဂဏန်းလောက်ကြည့်တာနဲ့ ကျတာဆိုတော့ တော်တော်လေးအခြေနေဆိုးနေလို့ပါ “ဟု IT နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောသည်။

ယခုလ ၂၄ ရက်တွင်စတင်ခဲ့သော အွန်လိုင်းမှတစ်ဆင့် နိုင်ငံကူးလက်မှတ်များ လျှောက်ထားခြင်းစနစ်သစ်တွင်စနစ်မှာယွင်းမှုများကြောင့် လျှောက်ထားမှုများကို နှစ်ကြိမ်တိုင် ရပ်ဆိုင်းခဲ့ရပြီး ယမန်နေ့ ည ၆ နာရီခွဲမှစ၍ ပုံမှန်အတိုင်း ပြန်လျှောက်၍ ရကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကြေညာခဲ့သည်။

ထိုသို့ အကြိမ်ကြိမ်ပြုပြင်မှုများပြုလုပ်ထားသော်လည်း ယနေ့အထိ အွန်လိုင်းမှလျှောက်သူများသည် ငွေပေးချေပြီး QR ကုတ်မရသည့်ပြဿနာ၊ Website ထဲဝင်ရန် အချိန်အကြာကြီးစောင့်ရသည့်ပြဿနာများအပါအဝင်အခက်အခဲအမျိုးမျိုး နှင့် ရင်ဆိုင်နေကြရဆဲဖြစ်သည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီတပ်သားများတပ်စွဲထားသည့် ရေစကြိုစုပေါင်းရုံးကို လောင်ချာဖြင့် သွားရောက်ပစ်ခတ်
Next Article စစ်တပ်စခန်းလာချဖို့ခေါ်ထားသည့် ပျူခေါင်းဆောင် ငါးဦး ရှင်းလင်းခံရ
thanlwinkhet
  • Website

Related Posts

ဆန်ဝယ်ယူမယ့် မလေးရှားတောင်းဆိုချက် အင်ဒိုနီးရှားပယ်ချ

May 2, 2025

မြန်မာနိုင်ငံမှာ တရုတ်လုံခြုံရေးကုမ္ပဏီများ စတင်အခြေစိုက်

March 22, 2025

တစ်လအတွင်း ပြည်ပနိုင်ငံတွင် ဖမ်းဆီးခံရသူ တစ်ထောင်ကျော်ရှိ

March 8, 2025

Leave A Reply Cancel Reply

Recent Posts

  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
  • မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်
  • တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်

Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ

မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်

May 23, 2025

Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ

May 23, 2025

မြန်မာဘက်ခြမ်း မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ထိုင်းက ဆည်တွေ ဆောက်ဖို့ စီစဥ်

May 23, 2025

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

May 23, 2025

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

May 22, 2025

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

May 22, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.