မကွေးတိုင်းဒေသကြီး၊ချောက်မြို့ပေါ်ရှိ စစ်ကြောရေးစခန်းရှေ့ လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများကိုကာကွယ်ရေးတပ်ဖွဲ့များက ရှောင်တခင်ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
ယမန့်နေ့ညနေ ၆နာရီ၄၅မိနစ်ခန့်တွင် အဆိုပါစစ်ကြောရေးစခန်းရှေ့တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားသုံးဦးကို ပစ္စတိုများဖြင့် အလစ်ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု Chauk Guerrilla Force ဒုခေါင်းဆောင်ဗိုလ်ပေတက သံလွင်ခက်ကိုပြောသည်။
“သုံးကောင်က စခန်းရှေ့မီးရောင်အောက်မှာရပ်နေတာ ကျွန်တော်တို့ကအတိုနဲ့ဝင်ပစ်တော့ တစ်ယောက်လဲကျသွားတာ တွေ့ရတယ်“ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်ထိသိရှိချက်အရ ရင်ခွဲရုံသို့ စစ်ကောင်စီတပ်သားအလောင်းနှစ်လောင်းရောက်လာသည်ဟု သိရသည်ဟု ၎င်းကပြောသည်။
အိမ်နံပါတ် နက ၆၀ စစ်ကြောရေးစခန်းတွင် စစ်ကောင်စီတပ်သားများအထိုင်ချနေပြီး ချောက်မြို့ရှိ စစ်ကောင်စီတပ်၏ရာထူးအကြီးဆုံးဖြစ်သည့် ဒုဗိုလ်မှူးတစ်ဦးလည်း အထိုင်ချနေသည်ဟု သိရသည်။
အပြစ်မဲ့ပြည်သူများကို သံသယဖြင့်ဖမ်းဆီးပြီး အဆိုပါစစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်နေသောကြောင့်သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်သည်ဟု ဗိုလ်ပေတကဆိုသည်။
စစ်ကောင်စီဘက်မှ လိုက်လံပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုသိရသည်။
အဆိုပါတိုက်ခိုက်မှုကို Chauk Guerrilla Force နှင့်အတူ Hunter Dragon group KF people Defence Forceတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပုံစာ– Chauk Guerrilla Force တပ်ဖွဲ့ဝင်များ ။