![]()
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ မတ် ၃ ရက်နေ့ထိ စစ်ကောင်စီတပ်၏စစ်ကြောင်းထိုးမီးရှို့မှုကြောင့် အဘွားအိုနှစ်ဦး၊ အဘိုးအိုတစ်ဦး အပါအဝင် ဒေသခံပြည်သူ ၂၀ ခန့်သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။ အဘွားအိုနှစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးမီးရှို့စဉ် နေအိမ်တွင် ကျန်ရစ်ခဲ့ရာမှ မီးလောင်သေဆုံးခဲ့ရပြီး မုဆိုးခြုံကျေးရွာက အသက် ၆၂…