ရန်ကုန်–မန္တလေးအမြန်လမ်းတွင် ယနေ့နံနက်အစော ပိုင်း၌ ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ပြီး ခရီးသည်တချို့သေဆုံးခဲ့ရာတွင် ရိုးရာလက်ဝှေ့ မြန်မာပြည်ချန်ပီယံဟောင်း ရွှေဓူဝံပါဝင်ခဲ့သည်ဟု သိရသည်။
ယနေ့နံနက်အစောပိုင်းတွင် ရန်ကုန်– မန္တလေး အမြန်လမ်း ၁၆၇မိုင်တွင် ဒို့ညီနောင်ခရီးသည်တင်ကား တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၃ဦးသေဆုံး၍ ၂၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကနဦးသိရှိရသည်။
သေဆုံးသူများတွင် ရိုးရာလက်ဝှေ့မြည်မာပြည်ချန်ပီယံဟောင်း ရွှေဓူဝံပါဝင်ခဲ့သည်ဟု လက်ဝှေ့အသိုင်းအဝိုင်းမှသိရသည်။
” ရိုးရာလက်ဝှေ့မြန်မာပြည်ချန်ပီယံဟောင်းရွှေဓူဝံသည်မတ်လ၄ရက်နံနက်၅း၃၀နာရီအချိန်ကခရီးသည်ယာဥ်တိမ်းမှောက်ရာတွင်ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းရပါသည် “ဟု နဂါးမာန်မြန်မာ့ရိုးရာလက်ဝှေ့အသင်းက ဖော်ပြထားသည်။
ရိုးရာလက်ဝှေ့မြန်မာပြည်ချန်ပီယံဟောင်း ရွှေဓူဝံကားမှောက်ပြီး ကွယ်လွန်သွားသည့်အတွက် ယနေ့နံပိုင်း၌ကရင်ပြည်နယ်တွင် ကျင်းပနေသည့် ပြည်နယ်ရိုးရာလက်ဝှေ့ပွဲတွင် ဝမ်းနည်းကြောင်း ကြေညာသွားခဲ့သည်ဟု သိရသည်။