စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖေဖော်ဝါရီလအတွင်း၌ စစ်ကောင်စီတပ်များက ပြည်သူ ၁၉ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ်အလုံးပေါင်း ၆၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ယမန်နေ့တွင်ထုတ်ပြန်ကြေညာချက်တွင်စစ်ကိုင်းတိုင်းသည် မီးရှို့ခံရမှု အများဆုံးဒေသဖြစ်ပြီး ၇၃ကြိမ်အထိ မီးရှို့ခံခဲ့ရသည်။
စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် ပြည်သူ၁၉ဦး အသက်ဆုံးရှုံးခဲ့ရပြီး နေအိမ် ၆၆၆၂ လုံး ပျက်စီးခဲ့ရသည်။
ထို့ပြင် ဘာသာရေးအဆောက်အအုံး ၄ခု၊ စာသ င်ကျောင်း ၁၀ကျောင်းနှင့် ဆေးရုံ၂ရုံတို့ကိုလည်း စစ်ကောင်စီတပ်များက ပြီးခဲ့သောလတွင်မီးရှို့ဖျက်ဆီးခဲ့သည်။
ပြီးခဲ့သောလတွင် မကွေးတိုင်း၌ မီးရှိ့ခံရမှုခုနစ်ကြိမ်ကြောင့် နေအိမ် ၃၄၅လုံး၊ ကရင်ပြည်နယ်တွင် မီးရှို့ခံရမှုနှစ်ကြိမ်ကြောင့် နေအိမ်၁၀ လုံး၊ တနင်္သာရီတိုင်းတွင် မီးရှို့ခံရမှုငါးကြိမ် ကြောင့် နေအိမ် ၁၁၆လုံး၊ ချင်းပြည်နယ်တွင်မီးရှို့ခံရမှုသုံးကြိမ်ကြောင့် နေအိမ် ၁၆လုံး၊ ပဲခူးတိုင်းတွင် မီးရှို့ခံရမှုသုံးကြိမ်ကြောင့် နေအိမ်၉လုံး ပျက်စီးခဲ့ရသည်ဟု သိရသည်။
တစ်နိုင်ငံလုံးတွင် နေအိမ်အများဆုံး မီးရှို့ခံထားရသည့်စစ်ကိုင်းတိုင်းတွင် လက်ရှိအာဏာသိမ်းကာလအတွင်း၌ နေအိမ်ပေါင်း ၅၀၀၀၀ ကျော်အထိမီးရှို့ဖျက်ဆီးခံထားရသည်။
ပုံစာ–ယင်းမာပင်မြို့နယ်ကုန်းသာကျေးရွာမီးရှို့ခံရမှု။