မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့မရဲစခန်းကို ယမန်နေ့ညက အဝေးထိန်းမိုင်းနှစ်လုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ယမန်နေ့ည ၈နာရီကျော်တွင် လုံခြုံရေးအထပ်ထပ်ကြားမှ မြို့မရဲစခန်းအနားသို့ အနီးကပ်ဆုံးချည်းကပ်ကာအဝေးထိန်းစနစ်နဲ့ မိုင်းနှစ်လုံးဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု မကွေးခရိုင် အမှတ်၂တပ်ရင်း တပ်ခွဲ၁ People’s Defence Force Yenangyaung တာဝန်ခံ ဗိုလ်စံသျှားက သံလွင်ခက်ကိုပြောသည်။ “ကင်းစောင့်နေတဲ့ရဲတွေတော့ရှိတယ် ကျွန်တော်တို့စောင့်ဆိုင်းပြီး စနစ်တကျဖောက်ခွဲခဲ့တာပါ”ဟု ၎င်းကဆိုသည်။…