ကောင်းချစ်အောင် မေ ၁၉၊ ၂၀၂၃။ မုံရွာလူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဝေမိုးနိုင်ကို ယနေ့နံနက်ပိုင်းက ထောင်ဒဏ် နှစ်နှစ်ဆယ် ထပ်မံချမှတ်ခဲ့သည်ဟု နီးစပ်သူများထံမှ တဆင့်သိရသည်။ မုံရွာအကျဉ်းထောင်တွင်းတရားရုံးမှ ကိုဝေမိုးနိုင်ကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် နှစ်နှစ်ဆယ် ချမှတ်လိုက်သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။ “မနေ့က လျှောက်လဲချက်တင်ပြီးတော့ တစ်ပတ်နှစ်ပတ်လောက်ကြာမှ…