သံလွင်ခက် မေ ၂၉၊ ၂၀၂၃။ မိုခါမုန်တိုင်းကြောင့် ရွာလုံးကျွတ် ပင်လယ်ရေတိုက်စားခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းကသဲခုံကျေးရွာ ယနေ့ချိန်ထိ ပြန်လည်ထူထောင်ရေး ပြုလုပ်နိုင်ခြင်းမရှိသေးဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များထံက သိရသည်။ ပေါက်တောမြို့နယ်တွင် ပရဟိတက လူမှုကူညီရေးအဖွဲ့အစည်းအချို့ ရောက်ရှိသော်လည်း ကျေးရွာပြန်လည်ထူထောင်ရန် လုံလောက်မှုမရှိသေးဟု လေဘေးသင့်ပြည်သူများကို ကူညီပေးနေသည့် ပေါက်တောဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။…