ကောင်းချစ်အောင် ဇွန် ၇၊ ၂၀၂၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ တပ်ရင်း၁၁၀၅နှင့် ၁၁၀၇မှ ရဲဘော်၁၂ဦးသည် လူမျိုးရေးခွဲခြားခံရမှုကြောင့် လက်နက်များယူဆောင်ကာ ထွက်ပြေးသွားကြောင်း စစ်ကောင်စီဘက်မှ သတင်းမှားဖြန့်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ အဆိုပါတပ်ရင်းနှစ်ခုမှ ရဲဘော် ၁၂ဦးသည် M-22 တစ်လက်၊ M-16 နှစ်လက်၊ ပွိုင့်၂၂စနိုက်ပါ သုံးလက်၊…