ကောင်းချစ်အောင်
ဇွန် ၉၊ ၂၀၂၃။
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် ရွာပေါင်း၂၀မှ ပြည်သူများနှင့် ရဲဘော်များအတွက် ငှက်ဖျားကာကွယ်ဆေးနှင့် အခြားဆေးဝါးပစ္စည်းများလိုအပ်နေသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
အဆိုပါရွာများမှ ပြည်သူများနှင့် တပ်ဖွဲ့ရဲဘော်များတွင် ငှက်ဖျားပိုးများတွေ့နေရပြီး အရေးပေါ်ဆေးဝါးလိုအပ်နေသည်ဟု မင်းဘူးခရိုင်အမှတ်–၃တပ်ရင်းတွင် ရုံးအုပ်တာဝန်ယူထားသူ ကိုနေကြီးက သံလွင်ခက်ကိုပြောသည်။
“လောလောဆယ်တော့ ရဲဘော်လေးယောက်မှာ ငှက်ဖျားပိုးတွေ့ထားတယ်။ ကျန်တဲ့ နာဖျား နေတဲ့ သူတွေပါရှိပါတယ်။ အဓိက ငှက်ဖျား ဆေးတွေနဲ့ ရာသီပေါ် တုပ်ကွေး အတွက်ပါ ကြိုတင်ပြင်ဆင်ထားဖို့ ဆေးတွေ လိုနေပါတယ်“ဟု ၎င်းကဆိုသည်။
ယမန်နှစ်တွင် ရာသီတုပ်ကွေးဒဏ်သာ ခံစားခဲ့ရသော်လည်း ယခုနှစ်တွင်မူ မိုးဦးကာလမရောက်ခင်ကတည်းကငှက်ဖျားပိုးများတွေ့နေရသောကြောင့် ကြိုတင်ပြင်ဆင်ထားနိုင်ခြင်းမရှိဘဲ အရေးပေါ်ဆေးဝါးများလိုအပ်နေခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ငှက်ဖျားဆေးများ ထောက်ပံ့ပေးသွားမည်ဟုဆိုသော်လည်း တပ်ရင်းအနေဖြင့် ဒေသခံပြည်သူများအတွက် ဆေးဝါးများလိုအပ်နေဆဲဖြစ်သည်ဟု ကိုနေကြီးကဆိုသည်။
“အရပ်သားရော တပ်ရင်းတပ်ဖွဲ့တွေအတွက်ပါ ကုသ ပေးနေရပါတယ်။ MODကတော့ ငှက်ဖျားဆေးတွေပေးမယ်ပြောပါတယ် ။ တခြားဆေးဝါးတွေက တော့ လိုအပ်ချက်ကြီးမားဆဲပါ ။ အရေးပေါ်လိုအပ်ချက်က အမြင့် ဆုံးအခြေအနေမှာ ရှိပါတယ်“ဟု ၎င်းကဆိုသည်။
မိုးတွင်းကာလကျရောက်တော့မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ငှက်ဖျားဆေးနှင့် အခြားဆေးဝါးများတတ်နိုင်သလောက်ကူညီပေးကြရန် မင်းဘူးခရိုင်တပ်ရင်း၃က မေတ္တာရပ်ခံတောင်းဆိုထားသည်။
ပုံစာ–စေတုတ္တရာမြို့နယ်အတွင်းရှိ ရွာတစ်ခုတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆေးဝါးကုသမှုများဆောင်ရွက်နေမှု(ပေးပို့)။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1380
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5059&preview=true
Website ->https://eng.thanlwinkhet.net