သဇင်
ဇွန် ၇၊၂၀၂၃။
စစ်ကိုင်းမြို့နယ် ကန်တလူတိုးဂိတ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆားတောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ကာကွယ်ရေးအဖွဲ့ ဝင်များထံက သိရသည်။
ယမန်နေ့ ဇွန်လ ၆ရက်၊ ည ၈နာရီခန့်တွင် ပြည်သူများထံမှ ငွေကြေးကောက်ခံနေသော စစ်ကောင်စီတိုးဂိတ်တစ်ခုကို လက်လုပ် ၈၀မမများဖြင့် သွားရောက်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆားတောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ကိုမိုးကြိုး က သံလွင်ခက်ကို ပြောသည်။
“ အင်းအား ၂၀လောက်ရှိတဲ့ တိုးဂိတ်ကို ၈၀မမနဲ့ ပစ်ခဲ့တာပါ။သူတို့ဘက်က ၂ယောက် နေရာမှာတင် သေဆုံးသွားတယ်လို့ ကျွန်တော်တို့ရဲ့ သတင်းပေးကနေတစ်ဆင့် အတည်ပြုနိုင်ခဲ့တယ် ထိခိုက်ဒဏ်ရာရတာတွေကို တော့အတည်မပြုနိုင်ခဲ့ဘူး ”ဟု သူက ဆိုသည်။
တိုက်ခိုက်မှု နေရာအတိအကျကို ထိမှန်ခဲ့ပြီး လမ်းတွင် ပြည်သူများဖြတ်သန်းသွားလာခြင်းမပြုသည့်အချိန်ကိုစောင့်ဆိုင်းကာ တိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ၁၅မိနစ်ခန့် ပြန်လည်ပစ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံကသိရသည်။
ဇွန်လ ၄ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ရွာတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦးခန့် သေဆုံးခဲ့သည်။
ပုံစာ–၂၀၂၁ ဖေဖော်ရီဝါရီ ၁ရက်နေ့က မြင်းမူမြို့အဝင် ရွှေတောင်ကုမ္ပဏီပိုင်တိုးဂိတ် ဖောက်ခွဲခံရသည့်မြင်ကွင်း(ပုံအဟောင်း)
Photo -crd
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1351
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5002
Website ->https://eng.thanlwinkhet.net