သံလွင်ခက်
ဇွန် ၉ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်၍စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံများမှာ ရာသီဥတုဆိုးရွားနေသည့်ကြားမှ ထွက်ပြေးရှောင်တိမ်းနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ ဇွန်၉ ရက်၊ နံနက်ပိုင်းတွင် ခင်ဦးမြို့ပေါ် တောင်ဘက် သံဘိုရွာတောင်ဘက် ရွှေမိုးညို ဘုရားမှ တစ်ဆင့် ရေအေးကုန်းရွာထဲသို့ စစ်ကောင်စီတပ်က လက်နက်ကြီး၊လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ဝင်ရောက်နေသောကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကဖော်ပြထားသည်။
လက်ရှိစစ်ကြောင်းထိုးနေမှုကြောင့် သံဘို၊ ချောင်းဆုံ ၊ရေအေးကုန်း ၊ ကျီးကန် စသည့်ကျေးရွာများမှ ဒေသခံ၃၀၀၀ဝန်းကျင်သည် ရာသီဥတု မကောင်းသည့်ကြား က ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
အင်အား၁၀၀ကျော်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယခု ဇွန်လ၁ရက်မှ၍ ခင်ဦးမြို့နယ်အတွင်းကိုဆက်တိုက်စစ်ကြောင်းထိုးနေသောကြောင့် ထောင်နှင့်ချီသော ဒေသခံများ နေ့စဉ်ထွက်ပြေးနေကြရသည်။
ပြီးခဲ့သည့်ရက်ပိုင်း ဇွန်လ ၄ရက် နံနက်ပိုင်းတွင် မရမ်းအင်းကျေးရွာမှ ဒေသခံ အသက်၆၆နှစ်ရွယ် အဖွားအိုတစ်ဦးစစ်ရှောင်ရင်း အမောဖောက်သေဆုံးခဲ့ပြီး စစ်ရှောင်တဲ့နေရာတွင်ပင် သင်္ဂြိုဟ်ခဲ့ရသည်။
ခင်ဦးမြို့နယ်တွင် လက်ရှိအာဏာသိမ်းကာလအတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းမီးရှို့ဖျက်ဆီးမှုကြောင့်ကျေးရွာပေါင်း၇၄ရွာမှ နေအိမ်ပေါင်း၆၀၀၀ဝန်းကျင် ပျက်စီးခဲ့ပြီး မီးဘေးသင့်ပြည်သူသုံးသောင်းကျော်လည်းအကူအညီများ လိုအပ်နေသည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကဖော်ပြထားသည်။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1367
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5040&preview=true
Website ->https://eng.thanlwinkhet.net