တရုတ်ကို အိမ်နီးချင်းကောင်းဟု စစ်ခေါင်းဆောင် ဆိုလာပြန် **************** ကောင်းချစ်အောင် ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄။ မြန်မာ့အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံသည် အိမ်နီးချင်းကောင်းဖြစ်သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ယမန်နေ့တွင် ပြုလုပ်သည့် တရုတ်နှစ်သစ်ကူးပွဲတော်၌ ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံတွင်ကျင်းပခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့်အတူ…