မြို့လှရှိ ခမရ ၃၈၇ ဗျူဟာကုန်းကို KIA နှင့် K-PDF တို့ထိန်းချုပ်
****************************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၄ ။
ကချင်ပြည်နယ် ၊ ရွှေဂူမြို့နယ် ၊ မြို့လှမြို့ရှိ စစ်ကောင်စီ၏ ခမရ ၃၈၇ ဗျူဟာကုန်းကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီဖြစ်သည်ဟု မြို့လှ K-PDFက ယနေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ဗျူဟာအထိုင်စခန်းသည် KIA အမှတ်(၅) နှင့် မြို့လှ K-PDF တပ်ရင်း နယ်မြေ အတွင်း၌ရှိပြီး ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် စစ်ကောင်စီတပ်က ထိုဗျူဟာအထိုင်စခန်းကုန်းအားစွန့်ခွာသွားခဲ့သည်။
ထိုဗျူဟာကုန်းသည် တပ်မ (၈၈) လက်အောက်ခံ ခမရ(၃၈၇)ဗျူဟာမှူး ဝင်းသူရအောင် ဦးစီးကွပ်ကဲသော ဗျူဟာစခန်းကုန်းဖြစ်သည်။
ထိုဗျူဟာကုန်းသည် လွန်ခဲ့သော ၂၀၀၂ ခုနှစ်အတွင်း၌ စစ်ကောင်စီက အထိုင်တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်ပြီး KIA အမှတ်(၅)တပ်ရင်းနှင့် မြို့လှK-PDF တပ်ရင်းတို့မှ ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်သည်ဟု မြို့လှ K-PDF က အသိပေးထုတ်ပြန်သည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3479
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7851