• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ကောလင်းကို စစ်ကောင်စီပြန်ထိန်းချုပ်ပြီးတစ်မြို့လုံးနီးပါး မီးရှို့ဖျက်ဆီး
တိုက်ပွဲသတင်း

ကောလင်းကို စစ်ကောင်စီပြန်ထိန်းချုပ်ပြီးတစ်မြို့လုံးနီးပါး မီးရှို့ဖျက်ဆီး

thanlwinkhetBy thanlwinkhetFebruary 24, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောလင်းကို စစ်ကောင်စီပြန်ထိန်းချုပ်ပြီးတစ်မြို့လုံးနီးပါး မီးရှို့ဖျက်ဆီး

****************************

သံလွင်ခက်

ဖေဖော်ဝါရီ ၂၄ ၊ ၂၀၂၄ ။

စစ်ကောင်စီတပ်များ၏ ထိန်းချုပ်မှုအောက်ပြန်ရောက်ရှိသွားသည့် ကာလင်းမြို့သည် ၈၀ ရာခိုင်းနှုန်းခန့်ပျက်စီးသွားပြီးဖြစ်သည်ဟု ဒေသခံများထံကသိရသည်။

ကောလင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ခဲ့သည့် ၁၀ ရက်ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်နေခဲ့ရာ ပျက်စီးသွားသည့် မြို့၏ ၈၀ ရာခိုင်းနှုန်းခန့်သည် အကုန်နီးပါးပြာကျနေပြီဖြစ်သည်။

” မီးလောင်တဲ့ရပ်ကွက်က မြိုပေါ် (8) ရပ်ကွက်အကုန်လောင်ပါတယ် ကံကောင်းပြီးကျန်ရင်နည်းနည်းပါ။

ပြီးတော့ မြို့နားကပ်တဲ့ရွာတွေဖြစ်တဲ့ ကျွန်းလှခုံ၊ခွင့်တောင်း၊လက္ပံကွေ့၊ကျူတော၊ရွာမ၊စံတော်ရာကုန်း၊ဆေးမင်းခုံ၊ဆိုင်ဒူး၊ဝါးရုံခုံ၊ ဇီးခုံ သည်ရွာတွေဟာ မီးလောင်ထားတဲ့ရွာတွေပါ “ဟု ကောလင်း KR-Teams က ယမန်နေ့ညပိုင်း၌ ဖော်ပြထားသည်။

ကောလင်းမြို့သတင်းများကို မပြတ်အသိပေးနေသည့် KR-Teams ၏ ဖော်ပြချက်အရ စစ်ကောင်စီတပ်များသည် ၎င်းတို့ထိန်းချုပ်လိုက်သည့် ဖေဖော်ဝါရီ ၁၂ ရက်မှစပြီး မြို့ပေါ် ၈ ရပ်ကွက်ကို မီးရှို့ဖျက်ဆီးသည့်အပြင် ခံစစ်ကိုလည်းအခိုင်အမာတည်ဆောက်ထား

သည်ဟု သိရသည် ။

” မြို့ကိုခံစစ်ပြင်တယ်။အခိုင်အမာရှိတဲ့အထပ်မြင့်တိုက်တွေကို အမာခံယူပြီး သူတို့ယူထားတဲ့နေရာတွေကိုမြင်ကွင်းဖုံးနေတဲ့ နေရာတွေကိုအကုန် ဖျက်ဆီးတယ်။ သူတို့ကိုပြန်လာတိုက်ရင် တိုက်ရတာခက်ခဲသွားအောင်သူတို့ခံစစ်ကို ထိပါးလာမယ့် အရာမှန်သမျှအကုန်ဖြိုချဖျက်ဆီးနေတယ် “ဟု KR-Teams ကဖော်ပြထားသည်။

စစ်ရေးအရအရေးပါပြီး ခရိုင်မြို့ကြီးတစ်ခုဖြစ်သော ကောလင်းမြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပိုက်သိမ်းခဲ့ရာ စစ်ကောင်စီက ယခုဖေဖော်ဝါရီ ၃ ရက်တွင် ဝေဟင်၊ မြေပြင်တို့မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သည်။

မြို့၏တောင်ဘက်တွင် အင်အား ၅၀၀ နီးပါးရှိ စစ်ကြောင်းများ နှင့် မြို့၏မြောက်တွင်  အင်အား ၃၀၀ ကျော်ရှိ စစ်ကြောင်းများအပြင် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများစွာဖြင့် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များသည် ၁၀ ရက်အကြာ ထိုးစစ်ဆင်၍ မြို့ကိုသိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်နေခဲ့သည်ဟု ဒေသခံကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

၎င်းက ” စရှို့တဲ့နေ့က အဲ့အနီးမှာ ကျွန်တော်ရှိတယ်ဗျ။ အနားတော့ ကပ်မရဘူး ဟောင်ဝစ်ဇာနဲ့ တောက်ရှောက်ပစ်ခတ်နေတာ “ဟု ပြောသည်။

ကောလင်းမြို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်လာခဲ့သောကြောင့် ဖေဖော်ဝါရီလ ၁ ရက်မှစပြီး ကောလင်းမြို့အနီးဝန်းကျင်နှင့် ကောလင်းမြို့အပါအဝင် ရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ၂၅၀၀၀ ခန့်ထိ စစ်ရှောင်နေကြရသည်ဟု KR-Teams ကဖော်ပြထားသည်။

” ကောလင်းကနေ စစ်ရှောင်လာတဲ့ အမျိုးသားတစ်ယောက် ဒီနေ့ကသာမြို့မှာ အဖမ်းခံလိုက်ရတယ် “ဟု

ကသာမြို့ခံတစ်ဦးက ယမန်နေ့ညပိုင်းတွင်ပြောသည်။

ကောလင်းမှ စစ်ရှောင်နေရသည့်ပြည်သူများသည် ဖမ်းဆီးခံရမှုများကြုံနေရသလို လမ်းကြောပိတ်ဆို့မှုများကြောင့်လည်း စားနပ်ရိက္ခာအခက်အခက်အခဲများရှိနေသည်ဟု ဒေသခံများနှင့် စစ်ရှောင်ကူညီပေးနေသူများထံက သိရသည်။

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3489

YouTube – > https://youtu.be/eEaLA1Cu5r0

Website – > https://thanlwinkhet.net/?p=7876

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလူထုအခြေပြု အစိုးရပေါ်ပေါက်ရေးအတွက် TNLA အဆင့်ဆင့်ဆောင်ရွက်သွားမည်
Next Article ကလေးမြို့နယ်တွင်ဖြစ်ပွားသည့် တိုက်ပွဲ၌ ချင်းကာ ကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံး
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.