• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»လူထုအခြေပြု အစိုးရပေါ်ပေါက်ရေးအတွက် TNLA အဆင့်ဆင့်ဆောင်ရွက်သွားမည်
နေ့စဉ်သတင်း

လူထုအခြေပြု အစိုးရပေါ်ပေါက်ရေးအတွက် TNLA အဆင့်ဆင့်ဆောင်ရွက်သွားမည်

thanlwinkhetBy thanlwinkhetFebruary 23, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

လူထုအခြေပြု အစိုးရပေါ်ပေါက်ရေးအတွက် TNLA အဆင့်ဆင့်ဆောင်ရွက်သွားမည်

***********************************

ယမင်းဖူးပွင့်အောင်

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၄။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်မှု အစိုးရပေါ်ပေါက်လာရန် ရွေးကောက်ပွဲမဟုတ်သည့်တိုင်အောင် အဆင့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု TNLA နှင့် နီးစပ်သူများထံက သိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က သိမ်းပိုက်ထားသည့် မြို့ကြီး ၇ မြို့အပါအဝင် TNLA တပ်မတော်အခြေစိုက်ထားသော နယ်မြေဒေသများတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝဖွံ့ဖြိုးရေးကိစ္စရပ်များ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဦးဆောင်စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်တွင် လူထုဆန္ဒအခြေခံသည့် လူထုအုပ်ချုပ်မှုအစိုးရပေါ်ပေါက်လာရန် ကြိုးစားသွားမည်ဟု TNLA က ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်သည်။

အစိုးရဖွဲ့စည်းရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ ခရိုင်အဆင့်အထိ တဆင့်ချင်းဆောင်ရွက်သွားမည်ဖြစ်ပြီး တအာင်းလူမျိုးအပြင် အခြားလူမျိုးများပါဝင်လာရန်လည်း လုပ်ဆောင်သွားမည်ဟု TNLA နှင့် စစ်ရေးနီးစပ်သူ ၁ ဦးက ဆိုသည်။

၎င်းက “ တချို့နေရာတွေက သမိုင်းအစဉ်အလာအရ အတူယှဉ်တွဲနေထိုင်ခဲ့တဲ့လူမျိုးတွေရှိမယ်။ စစ်အာဏာ ရှင်လက်အောက်ပြန်မသွားရဖို့ လူမျိုး ၁ မျိူးထဲနဲ့အုပ် ချုပ်လို့မရဘူးဆိုတာ တအာင်းနိုင်ငံရေးအသိုင်းအဝိုင်းက နားလည်တယ်” ဟု ဆိုသည်။

တအာင်းနယ်မြေအတွင်း ပဋိပက္ခအခင်းအကျင်းများကို ရှောင်လွှဲနိုင်ရန် လိုအပ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

TNLA နှင့် စစ်ရေးနီးစပ်သူ ၁ ဦးက “လူမျိူးရေး ပဋိပက္ခရှောင်လွှဲဖို့ဆိုရင် မိမိလူမျိုးကိုသာ မိမိတပ်သားသစ်စုဆောင်းရမယ်။ မိမိတို့လှုပ်ရှားရာနယ်မြေအတွင်း သီး သန့်လှုပ်ရှားကြမယ်ဆိုရင် လူမျိူးရေးပဋိပက္ခရော၊ လက်နက်ကိုင်ပဋိပက္ခရော ရှောင်ရှားနိုင်မယ်လို့ ရှုမြင်ပါတယ်” ဟုဆိုသည်။

TNLA ထိပ်ပိုင်းခေါင်းဆောင်များ လူထုတွေ့ဆုံပွဲပြုလုပ်သည့်အချိန်တွင် ရပ်မိရပ်ဖများက TNLA ထိန်းချုပ်နယ်မြေအတွင်း အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်၍ တပ်သားစုဆောင်းခြင်းကို ကာကွယ်ပေးနိုင်ရန် မျှော်လင့်သည်ဟု ပြောဆိုမှုများလည်းရှိသည်။

ရှမ်းလူမျိုး ၁ ဦးအနေဖြင့် TNLA ထိန်းချုပ်နယ်မြေများတွင် တိုင်းရင်းသားတိုင်းကို တန်းတူညီမျှမှုပေးရန် တောင်းဆိုလိုပြီး တိုက်ပွဲများဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်မိသည်ဟု မူဆယ်ဒေသခံ ရှမ်းအမျိုးသား ၁ဦးက ဆိုသည်။

၎င်းက“ ရှမ်းမြောက်မှာက SSPP ရော TNLA ရော KIA ရော တပ်သားသစ်တွေအတင်းစုဆောင်းနေကြပြီ။ အားမရတာထက် ကောင်းရင်တော့ လက်ခံပေးလို့ရတယ်။ ဒီဘက်မှာလည်း SSPP က သူ့ထိန်းချုပ်မှုနယ်မြေလို့ သတ် မှတ်နေတုန်း။ တိုက်ပွဲတွေဖြစ်လာမှာကိုပဲ ကြောက်နေရတာ။ သူတို့ လူထုအုပ်ချုပ်ရေး ဘယ်လိုလာမလဲ။ ဘယ်ပုံစံနဲ့အုပ်ချုပ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့” ဟုဆိုသည်။

တအာင်းဒေသအတွင်း အခြားလူမျိုးအဖွဲ့အစည်းများက အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခြင်း၊ အခွန်ကောက်ခံခြင်း၊ TNLA ၏ လူထုစီမံအုပ်ချုပ်ရေးလုပ်ငန်းများကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်ခြင်းများ မပြုနိုင်အောင် လူမျိုးစုံမိဘပြည်သူများနှင့်အတူတကွ လက်တွဲကာကွယ်သွားမည်ဟုလည်း TNLA၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က ရှမ်းမြောက်ရှိ နမ့်ခမ်းမြို့၊ နမ့်ဆန်မြို့၊ မန်တုံမြို့၊ မိုင်းလုံမြို့၊ နမ္မတူမြို့၊  မိုင်းငေါ့မြို့နှင့် ကွတ်ခိုင်မြို့များကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားများ ဆက်လက်ဖော်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ – PSLF\TNLA

************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3487

YouTube – > https://youtu.be/eEaLA1Cu5r0

Website – >  https://thanlwinkhet.net/?p=7855

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရာဂထောင်ချောက်က ရုန်းထွက်နိုင်ခဲ့တဲ့ မနှင်းနွေ
Next Article ကောလင်းကို စစ်ကောင်စီပြန်ထိန်းချုပ်ပြီးတစ်မြို့လုံးနီးပါး မီးရှို့ဖျက်ဆီး
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.