မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိတံတားကြီးကင်းစခန်းကို တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သံလွင်ခက်ကိုပြောသည်။ အဆိုပါတံတားကြီးမြို့ထွက်ဂိတ်စခန်းတွင်စစ်ကောင်စီတပ်ဖွဲ့ အင်အား၆၀ဦးခန့်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များယူနီဖောင်းများဖြင့်အလုပ်ရှုပ်နေချိန် ယနေ့မတ်လ ၂၇ရက်၊နံနက်ပိုင်းတွင် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ” ကျွန်တော်တို့ဒရုန်းနဲ့ဝင်တိုက်တယ်။ဒရုန်းဗုံးသီးကျတယ်။ ထိခိုက်မှုလည်းရှိတယ်။ ခွေးတွေ သေဆုံးမှုလည်းရှိနိုင်တယ် “ဟု ရေးဘီလူးအဖွဲ့ခေါင်ဆောင်ကပြောသည်။ အဆိုပါတိုက်ခိုက်မှုတွင် ကာကွယ်ရေးရဲဘော်များထိခိုက်မှုမရှိဆုတ်ခွာနိုင်ခဲ့သော်လည်း ဒရုန်းမှာဂျန်ဘာမိ၍ ပြန်ခေါ်မရခဲ့ဘဲ ဆုံးရှုံးခဲ့ရသည်ဟုသိရသည်။ ထိုတိုက်ခိုက်မှုအပြီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများအပြားသည် တံတားကြီးကင်းစခန်းဘက်သို့…