သံလွင်ခက်။
မေ ၆၊ ၂၀၂၃။
ချင်းပြည်နယ်၊ မတူပီ – ဟားခါး လမ်းမပေါ်တွင် အခြေစိုက်သည့် စစ်ကောင်စီ စစ်ဗျူဟာဌာနချုပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခံခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယမန်နေ့ ဧပြီ ၅ ရက် ညနေ ၄ နာရီအချိန်တွင် CDF-Matupi တပ်ရင်း (၁) လင်းယုန်တပ်ရင်းမှ အထူးစစ်ဆင်ရေးအဖြစ် ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၅၀ နှင့် ၃၀၀ နီးပါးရှိသည့် စစ်ဗျူဟာ ဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်နိုင်ရန်အချိန်ယူပြင်ဆင်ခဲ့ရသည်ဟု စစ်ရေးဌာနတပ်ရင်း – ၁ ဒုဌာနမှူး ဗိုလ်နွေဦးလင်းက ပြောသည်။
၎င်းက “ဒီစစ်ဆင်ရေးအတွက်ကိုတော့ အချိန် အတိုင်းအတာတစ်ခုအထိ ကြိုတင်ပြင်ဆင်ခဲ့ကြပြီးတော့ တကယ့်စစ်ဆင်ရေးကတော့ ငါးမိနစ်နဲ့ ၁၀ မိနစ်ပဲ ကြာပါတယ်” ဟုဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးကြီးအဆင့် (မတူပီ ယာယီ စစ်ဗျူဟာမှူး) တစ်ဦး၊ဗိုလ်မှူးတစ်ဦးနှင့် စစ်ဗျူဟာမှူး ယာဉ်မောင်းတပ်သားတစ်ဦး စုစုပေါင်း သုံးဦး သေဆုံးခဲ့ပြီး MA 3 သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့သည်ဟု CDF-Matupi တပ်ရင်း(၁) လင်းယုန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များထံမှ သိရသည်။
တိုက်ခိုက်မှုအတွင်း CDF ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/935
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4065
Website ->https://eng.thanlwinkhet.net