သံလွင်ခက်။
မေ ၃၊ ၂၀၂၃။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့်ပူးပေါင်းတပ်ဖွဲ့များက ကျောက်ပတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို ဝင်ရောက်တိုက်ခဲ့သည်ဟု
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနကယနေ့တွင်ထုတ်ပြန်သည်။
ယမန်နေ့ မေလ ၂ ရက် နေ့လည်(၂)နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း အမှတ်(၃)၊ ညောင်ဦး PDF၊ ကျောက်ပန်းတောင်း PDF၊ ဒီပဲရင်း PDFနှင့် Burmese Guerrilla Force တို့က ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ပွေးကျစ်ရဲစခန်းတွင် ရန်သူ့ အင်အား (၁၃) ဦးခန့်သာရှိပြီး (၈) ဦး တရားရုံးသွားနေချိန်တွင် လျှပ်တပြက် ဝင်တိုက်ခဲ့ခြင်းဖြစ်သည် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲ (၂) ဦး သေဆုံးကာ ရဲတပ်ကြပ်ကြီး (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
တိုက်ပွဲ ပြီးဆုံးချိန်တွင် ပွေးကျစ်ရဲစခန်းကို မီးရှို့ ဖျက်ဆီးခဲ့ပြီး G-4 (၁) လက်၊ G-3 (၂) လက်၊ အူစီ (၁) လက်၊ခြောက်လုံးပူး (၄) လက်၊ လက်ပစ်ဗုံး (၈) လုံး၊ ရုံးသုံး Laptop (၁) လုံး၊ ကျင်စက် (၂) ခု၊ လက်ထိတ် (၁) ခုနှင့်ကျည် (၉၃၅) တောင့် ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/907
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=4001
Website ->https://eng.thanlwinkhet.net