ကောင်းချစ်အောင် စက်တင်ဘာ ၂၁၊ ၂၀၂၄။ လားရှိုးမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်အများစုကို ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ အားနည်းကို ပြန်လည်သုံးသပ်ခဲ့ကြပုံပါပဲ။ အမှားကို ဝန်ခံလေ့မရှိဘဲ သူတစ်ပါးကို အပြစ်ပုံချတတ်တဲ့ စစ်ခေါင်းဆောင်ကိုယ်တိုင်က ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာရှုံးနိမ့်ခဲ့ရတာဟာမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့အလစ်ငိုက်တိုက်ခိုက်မှုကြောင့်နဲ့ ဒရုန်းနည်းပညာသုံးမှုကြောင့်ဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်ကောင်စီဟာ ဒရုန်းနည်းပညာကို သေချာပြင်ဆင်လာခဲ့တာတွေ့ရပါတယ်။…