• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရဲဘော်တစ်ဦး လက်နက်နှင့်အတူ စစ်ကော်မရှင်ထံ ဘက်ပြောင်းသွားမှုအပေါ် အညာမြေတပ်ပေါင်းစု သတိပေး
  • စစ်ပွဲရပ်ဖို့ ထရမ့်အစိုးရက အပစ်အခတ်ရပ်စဲရေးအစီအစဉ် ၁၅ ချက် အီရန်ကို ကမ်းလှမ်း
  • မိုးဗြဲအနောက်ခြမ်းတွင် ရေတင်ကားခ ကျပ် ၁ သိန်းခွဲအထိ မြင့်တက်၊ စစ်ရှောင်များ ရေဝယ်ယူရန် ခက်ခဲနေ
  • ဖေ့ဘွတ်ခ်၏ မိခင်ကုမ္ပဏီကို ကလေးသူငယ် ဘေးကင်းလုံခြုံရေး ပျက်ကွက်မှုဖြင့် ဒေါ်လာ ၃၇၅ သန်း ဒဏ်ရိုက်
  • ကျောက်ဖြူတွင် စစ်ကော်မရှင်က ရက်ဆက်ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ၄ ဦး ဒဏ်ရာရရှိ
  • ချောင်းဦးတွင် အိမ်မီးရှို့သည့် စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရ၊ ၉ ဦးသေဆုံးပြီး ရဲတပ်သားတစ်ဦး အရှင်ဖမ်းမိ
  • ကိုလံဘီယာတွင် စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် ပျက်ကျ၊ အနည်းဆုံး ၆၆ ဦး သေဆုံး
  • ညောင်လေးပင်ခရိုင်တွင် စစ်ကော်မရှင်တပ်က လေကြောင်းနှင့် ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»Uncategorized»တရုတ်ဖိအားအောက်ကစစ်ကောင်စီ (ဘာသာပြန်ဆောင်းပါး)
Uncategorized

တရုတ်ဖိအားအောက်ကစစ်ကောင်စီ (ဘာသာပြန်ဆောင်းပါး)

thanlwinkhetBy thanlwinkhetSeptember 6, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်

စက်တင်ဘာ ၉၊ ၂၀၂၄။

တရုတ်နိုင်ငံသည် ၎င်း၏နိုင်ငံတွင်း၌ကျင့်သုံးနေသော အာဏာရှင်စနစ်ကို ကမ္ဘာတဝန်းသို့တင်ပို့ဖြန့်ဖြူးနိုင် ရန် တက်တက်ကြွကြွဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့်လည်း နိုင်ငံတကာရှိ ဝေဖန်သူအများအပြား က  တရုတ်၏အဆိုပါလုပ်ရပ်များအပေါ် ကာလရှည်ကြာကတည်းကပင် ဝေဖန်ခဲ့ကြပါသည်။

တရုတ်နိုင်ငံက ယင်းသို့ဆောင်ရွက်လျက်ရှိနေကြောင်း ထင်ရှားသိသာသောသက်သေ အထောက်အထား မှာ တရုတ်ကွန်မြူနစ်ပါတီ- CCP အင်စတီကျူရှင်းများ၏ကေဒါများသည် အာဖရိကရှိ နိုင်ငံရေးပါတီအသီး သီးတို့တွင် ၎င်းတို့၏ “တစ်ဦးတည်းခေါင်းဆောင်မှု” နှင့်ပတ်သက်သောသင်တန်းများ ပို့ချနေခြင်းဖြစ်လေ သည်။

အာဖရိကတွင် တရုတ်၏ဆောင်ရွက်နေပုံများက ပါတီစုံဒီမိုကရေစီစနစ်လိုလားသော အာဖရိကသားများ၏ လိုလားချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသော်လည်း တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရအရာရှိများက တော့ ယင်းကိုဂရုမစိုက်ဘဲ အာဖရိကတွင် ၎င်းတို့၏ပြည်တွင်းဖြစ်စနစ်ထွန်းကားရန်ကိုသာ အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိနေပါသည်။

ထိုသို့သော တရုတ်နိုင်ငံ၏ဆောင်ရွက်ချက်များကိုလေ့လာကြည့်လျှင် “တရုတ်နိုင်ငံသည် ကမ္ဘာ့အင်စတီ ကျူးရှင်းများတွင် လစ်ဘရယ်ဒီမိုကရေစီနှင့်သက်ဆိုင်သောအခြေခံမူများ ပျက်ပြားစေရန်ဆောင်ရွက်နေ သည့် တက်ကြွသောကြိုးပမ်းမှုများဖြစ်ကြောင်း” မြင်တွေ့နိုင်ပါသည်။

မြန်မာနိုင်ငံတွင် တရုတ်အတွက်အဓိကအကျဆုံးကိစ္စက တိုင်းပြည်တည်ငြိမ်ရေးဖြစ်သည်။ အထူးသဖြင့် မြန်မာနှင့်နယ်နိမိတ်ချင်းထိစပ်နေသော နယ်စပ်ဒေသများတည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံ၏မီဂါပရောဂျက် ကြီးဖြစ်သည့် BRI – ပိုးလမ်းမရပ်ဝန်းစီမံကိန်းကြီး၏ ဖွံ့ဖြိုးတိုးတက်မှုများဖြစ်ကြလေသည်။

လက်ရှိအကျဥ်းချခံထားရသော နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အရပ်သားအစိုးရလက်ထက်၌ စီးပွားရေးအကြံပေးအဖြစ် တစ်ချိန်ကတာဝန်ထမ်းဆောင်ခဲ့ဖူးသော မစ္စတာ ရှောင်တာနယ်လ်၏ “Best Laid Plans” တွင်လည်း အဆိုပါစီမံကိန်းများအကြောင်း မကြာခဏထည့်သွင်း ဖော်ပြခဲ့သည်ကို တွေ့ရပါသည်။

တာနယ်၏အအဆိုပါစာအုပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်ခင် မြန်မာနိုင်ငံ၏ကံကြမ္မာဆိုးများ ပြင် ဆင်ပြောင်းလဲရေးခေတ်အတွင်း ၎င်းပါဝင်ဆောင်ရွက်ခဲ့သည်များအား ပြန်လည်မှတ်တမ်းတင်ထားသော စာအုပ်လည်းဖြစ်လေသည်။

တရုတ်နိုင်ငံ၏ အထက်ဖော်ပြပါ မီဂါစီမံကိန်းများတွင် ရခိုင်ပြည်နယ်က ကျောက်ဖြူစီမံကိန်းလည်း ပါဝင် နေပါသည်။ ရေနက်ဆိပ်ကမ်းတစ်ခု၊ ရထားလမ်းများ၊ ဓာတ်ငွေ့ပိုက်လိုင်းများလွှမ်းခြုံထားသော ကျောက် ဖြူမီဂါပရောဂျက်က BRI စီမံကိန်းများ၏ဖိအားနှင့် အန္တရာယ်များအကြောင်း အကောင်းဆုံးရှင်းပြနိုင်သော ဥပမာတစ်ခုလည်းဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင်တည်ရှိပြီး ဘင်္ဂလားပင်လယ် အော်ကို မေးတင်ထားသည်။ အဆိုပါ ကျောက်ဖြူစီမံကိန်းက ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင်ပါဝင် သည့် စက်မှုဇုန်စီမံကိန်း၊ လူနေအိမ်ရာစီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း စသည့်စီမံကိန်း ၃ ခု အနက်က တစ်ခုဖြစ်ပြီး ကနဦးအကောင်အထည်ဖော်မည့် စီမံကိန်းလည်းဖြစ်သည်။

စီမံကိန်းများ၏ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ်ပြည်နယ်တစ်ခုဖြစ်ကာ ဖွံ့ဖြိုးမှုနောက်ကျ နေသော ယူနန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တရုတ်နိုင်ငံသို့ရေနံတင်ပို့ရာတွင် မလေးကျွန်းဆွယ်ရှိ မလက္ကာရေလက်ကြားကို အသုံးမပြုဘဲ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်အသုံးပြုခွင့်ရနိုင်မည့် မဟာဗျူဟာ ကျသောစီမံကိန်းဖြစ်သည်။

တရုတ်- မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို ၂၀၀၉ ခုနှစ်တွင်စတင်ခဲ့ပြီး ယင်းအချိန်ကတည်း ကပင် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံကြား ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်အပြင် ကျောက်ဖြူနှင့်ယူနန်ပြည်နယ်ကိုချိတ်ဆက်ပေးမည့် ရထားလမ်းစီမံကိန်းနှင့်ပတ်သက်သော ဆွေးနွေးချက် များရှိခဲ့သည်ဟုသိရသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာအစိုးရနှင့်လွှတ်တော်တို့၏အတည်ပြုချက်ဖြင့် တရုတ်နိုင်ငံပိုင်ကော်ပို ရေးရှင်း – China International Trust Investment Corporation – CITIC ကဦးဆောင်သည့် ကုမ္ပဏီ အစုအဖွဲ့အား ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ဆောက်လုပ်အကောင်အထည်ဖော်ခွင့် ပေးအပ်ခဲ့ပါသည်။

အစကနဦးသဘောတူညီချက်တွင် ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်ဘက်ကအစုရှယ်ယာ ၈၅ ရာခိုင်နှုန်းပိုင် ဆိုင်မည်ဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းအတွက် မြန်မာဘက်က မြေနေရာထည့်ဝင်ရမည်ဖြစ်သည်။  သို့သော် ၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD အစိုးရသစ်တာဝန်ယူပြီးနောက် ရင်းနှီးမြှုပ်နှံမှုနှင့် ရှယ် ယာခွဲဝေမှုဆိုင်ရာကိစ္စရပ်များအား ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

အချိန် ၂ နှစ်ကျော်ဆွေးနွေးပြီးနောက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ရှယ်ယာနှင့်ရင်းနှီးမြှုပ်နှံမှုများအတွက် မူ ဘောင်သဘောတူညီမှုနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ယခင်က စီမံကိန်း၏ကုန်ကျ စရိတ်အား အမေရိကန်ဒေါ်လာ ၇ ဒဿမ ၃ ဘီလီယံဟု သဘောတူညီထားရာကနေ  ပထမအဆင့်အတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံဖြင့်သာစတင်ရန်နှင့် ပထမအဆင့်လုံးဝပြီးစီးမှသာ လိုအပ်ချက် များအရ ထပ်မံတိုးချဲ့အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြလေသည်။

NLD အစိုးရလက်ထက်တွင် တာနယ်၏အကြံပေးချက်အရ ကနဦးသဘောတူညီထားသော အမေရိကန်ဒေါ် လာ ၁၀ ဘီလီယံကနေ နောက်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံအထိညှိနှိုင်းနိုင်ခဲ့ပြီး အဆို ပါပမာဏက မြန်မာတို့နဂိုမူလရည်ရွယ်ထားသောပမာဏထက် အဆမတန်ကြီးမားလွန်းသောပမာဏလည်း ဖြစ်နေပါသည်။

တရုတ်နိုင်ငံအတွက်မူ မဟာဗျူဟာမြောက်သော ကျောက်ဖြူစီမံကိန်းကနေတဆင့် အကျိုးကျေးဇူးများရရှိ ခဲ့သည်ကတော့ ငြင်းမရသောအမှန်တရားတစ်ခုဖြစ်လေသည်။ တစ်ချိန်က မထင်မရှားတံငါရွာကလေး သည် မလက္ကာရေလက်ကြားကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံသို့ စွမ်းအင်ထောက်ပံ့နိုင်မည့်လမ်းကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသောဒေသတစ်ခုဖြစ်လာခဲ့သလို တရုတ်၏ပထဝီနိုင်ငံရေး ထိန်းချုပ်နိုင်မှုအတွက် အရေးကြီးသောဒေသဖြစ်လာခဲ့သည်။ တရုတ်သည် ပထဝီနိုင်ငံရေးထိန်းချုပ်နိုင်ရန် အတွက် ပဋိပက္ခများနှင့်ရင်ဆိုင်နေရသောနိုင်ငံလည်းဖြစ်သည်။

တာနယ်၏မှတ်ချက်များမှာတော့ ဒေါ်အောင်ဆန်းစုကြည်အား “တရုတ်လိုလားသူ” ဖြစ်သည်ဟု ဖော်ပြထား သလို မည်သည့်အယူအဆကိုမဆို ချုပ်ချယ်လေ့ရှိသည်ဟု ဖော်ပြထားသည်ကိုလည်းတွေ့ရသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ မည်သို့သောမှတ်ချက်မျိုးပင်ရှိနေပါစေ၊ သူမဦးဆောင်ခဲ့ သော အရပ်သားအစိုးရလက်ထက်တွင် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအပေါ် ဦးစားပေးခဲ့သည့် အပြင် နည်းပညာဆိုင်ရာကျွမ်းကျင်မှုများကိုလည်း ဦးစားပေးဆောင်ရွက်ခဲ့သည်တို့ကို တွေ့မြင်နိုင်ပါသည်။

ထို့ကြောင့်လည်း သူမဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD သည် မြန်မာစစ်တပ်ထက် စာရင် တရုတ်နိုင်ငံအတွက် ပိုမိုစိတ်ချယုံကြည်ရသောမိတ်ဘက်ဖြစ်ကြောင်းကိုလည်း တင်ပြခဲ့ပါသည်။

တရုတ်နိုင်ငံသည် ဗမာပြည်ကွန်မြူနစ်ပါတီ – CCP ကိုထောက်ပံ့ခဲ့ဖူးသော သမိုင်းဝင်အစဥ်အလာကြီးရှိခဲ့ သောကြောင့် ပင်ကိုယ်အားဖြင့်ဆိုရလျှင်တော့ မြန်မာစစ်တပ်သည် တရုတ်နိုင်ငံကိုသတိထားဆက်ဆံလေ့ရှိ ခဲ့သည်။ မြန်မာနိုင်ငံ၏လက်ရှိအင်အားအတောင့်တင်းဆုံးသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့ သည် ဗကပပြိုကွဲရာကနေ ပေါ်ပေါက်လာကြသော လက်နက်ကိုင်အဖွဲ့များဖြစ်ကြလေသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို နိုင်ငံတကာက အရေးယူဒဏ်ခတ်ပိတ်ဆို့ခြင်းများပြု လုပ်ထားသဖြင့် အထီးကျန်နေသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့်မြန်မာစစ်တပ်သည် လက်ရှိအချိန်တွင် ကျောက်ဖြူစီမံကိန်းနှင့် BRI တွင်အဓိကကျသည့် အခြားသောစီမံကိန်းများကို အရှိန်မြှင့် တင်ဖို့ကြိုးပမ်းနေပါသည်။

ထို့ကြောင့်လည်း တရုတ်သည် ၎င်း၏လက်အောက်ခံအာဏာရှင်များအား အကူအညီများပေးနိုင်ဖို့အတွက် အာဏာရှင်များ၏လိုအပ်ချက်အတိုင်း စီမံကိန်းများအား အလျင်စလိုလုပ်ဆောင်နေပါသလား. . .? ဟု မေး ခွန်းထုတ်စရာရှိလာသည်။

အမှန်ပြောရမည်ဆိုလျှင်တော့ အာဏာသိမ်းယူထားသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်အား အကာအကွယ်များပေးနိုင်ရန် တရုတ်နိုင်ငံက အမြဲတစေအားထုတ်ခဲ့ပါသည်။ မြန်မာ နိုင်ငံတွင်းရှိ တော်လှန်ရေးအင်အားစုအသီးသီးတို့၏ ခြိမ်းခြောက်ခြင်းခံနေရသောမြန်မာစစ်တပ်ကို တရုတ် က ဘယ်သောအခါမျှ လွယ်လွယ်လက်လွှတ်အဆုံးရှုံးခံမည်မဟုတ်ပါ။

၂၀၂၁ ခုနှစ် မြန်မာစစ်တပ်၏အာဏာသိမ်းမှုအား တရုတ်က “အစိုးရအဖွဲ့အပြောင်းအလဲ” တစ်ခုအဖြစ်သာ ရှုမြင်ခဲ့ပြီး မြန်မာစစ်တပ်ထံသို့ အမေရိကန်ဒေါ်လာသန်း ၂၅၀ တန်ကြေးရှိ စစ်ဘက်သုံးပစ္စည်းများရောင်းချ ခဲ့သည်။

NLD အစိုးရကခန့်ထားသော ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့်လည်း ၎င်း၏တာဝန်ကိုဆက်လက်ထမ်းဆောင်နိုင်ရန် ဘေဂျင်းက အမေရိကန်ပြည်ထောင်စုနှင့် တိတ်တဆိတ်ပူး ပေါင်းဆောင်ရွက်ခဲ့ကြသည်။ တရုတ်နိုင်ငံက မထောက်ခံသောကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် နှစ်ပေါင်း ၇၀ အတွင်း မြန်မာနိုင်ငံအပေါ် ၎င်း၏ပထမဆုံးသောဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ သည်။

ရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချကာ မြန်မာစစ်တပ်ကအာဏာသိမ်းပြီးနောက် တရုတ်နှင့်ပတ် သက်၍မှတ်သားစရာမှာ တရုတ်နိုင်ငံသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အား မြန်မာနိုင်ငံ၏ခေါင်းဆောင်တစ်ယောက်အဖြစ်အသိအမှတ်မပြုခဲ့သလို ဘေဂျင်းသို့ အလည်အပတ် လာရောက်ရန်လည်း ဖိတ်ကြားမှုမရှိခဲ့ပေ။

တရုတ်နိုင်ငံသားထောင်ပေါင်းများစွာအား ဒုက္ခရောက်စေခဲ့သော ဆိုက်ဘာရာဇဝတ်မှုလုပ်ငန်းများ အပါအ ဝင် နယ်စပ်ဒေသများအပေါ် မြန်မာစစ်တပ်၏ကိုင်တွယ်ပုံများနှင့်ပတ်သက်ပြီး တရုတ်ဘက်ကစိတ်ပျက်နေ ခဲ့သည်မှာလည်း ကာလတစ်ခုရှိခဲ့ပြီလည်းဖြစ်သည်။ လက်ရှိအချိန်မှာတော့ နယ်စပ်ဒေသတည်ငြိမ်ရေးကို မြန်မာစစ်တပ်ထက် EAO များကအာမခံချက်ကောင်းကောင်းပေးနိုင်သူများဖြစ်ကြောင်း ဘေဂျင်းအနေ ဖြင့် တွက်ချက်ထားပြီးဖြစ်ပုံပေါ်ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ကြီးမားသောထိုးစစ်များမစတင်မီတွင် ဘေဂျင်းက ယခင်သမ္မတ ဟောင်းဦးသိန်းစိန်ကို လက်ခံတွေ့ဆုံခဲ့ပါသည်။ အဆိုပါအလည်အပတ်ခရီးစဥ်အတွင်း အာဏာသိမ်းစစ် ခေါင်းဆောင်မင်းအောင်လှိုင်အနေဖြင့် ရာထူးကဆင်းပြီးကြားဖြတ်အစိုးရဖွဲ့စည်းနိုင်ရေးကူညီပေးဖို့ တရုတ် က ဦးသိန်းစိန်ကို ထူးထူးခြားခြားတောင်းဆိုခဲ့သည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများပြန်လည်ကျင်းပနိုင်ရန်အတွက် “နည်းပညာအကူအညီများ” ပေးနိုင်ရန် တရုတ်နိုင်ငံခြားရေး ဝမ်ယိသည် ပြီးခဲ့သောဩဂုတ်လလယ်တွင် နေပြည်တော်သို့သွားရောက်ခဲ့သည်။ စစ် ကောင်စီက ကျင်းပမည်ဟု ကတိပြုထားသည့် ရွေးကောက်ပွဲများသည် လွတ်လပ်၍တရားမျှတမှုရှိမည် မ ဟုတ်သည်ကတော့ သေချာပါသည်။

(မည်သည့်နေ့ရက်တွင် ရွေးကောက်ပွဲကျင်းပမည်ဟုလည်း စစ်ကောင်စီက လက်ရှိအချိန်အထိ ရက်သတ် မှတ်နိုင်ခြင်းမရှိသေးပါ)

တရုတ်နိုင်ငံသည် ၎င်း၏အကျိုးစီးပွားကိုမထိခိုက်သရွေ့ကတော့ မည်သည့်နိုင်ငံ၏နိုင်ငံရေးစနစ်ကိုမျှ ဂရု စိုက်ခြင်းမရှိပါ။ ထို့ကြောင့်လည်း မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲများကျင်းပဖို့ တရုတ်၏တောင်းဆိုမှုများက မည်သူ့အတွက်မျှအကျိုးမရှိဆိုသော်လည်း တရုတ်နိုင်ငံအတွက်တော့ အကျိုးရှိသောဖြစ်ထွန်းမှုတစ်ခုပင် ဖြစ်ပါတော့သည်။

Ref: China puts the squeeze on Myanmar’s Tatmadaw

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleခင်ဦးနယ်ထဲက ကျေးရွာ ၂ ရွာကို စစ်တပ်က ထပ်မံမီးရှို့၊ ရွာ ၂၀ ထက်မနည်း ထွက်ပြေးနေရ
Next Article နမ့်ခမ်းတွင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဈေးဆိုင်တစ်ချို့ပိတ်ထား
thanlwinkhet
  • Website

Related Posts

မြဝတီဘက်ခြမ်း ကျားဖြန့်လုပ်ငန်းများမှ ထွက်ပြေးလာသည့် နိုင်ငံခြားသား ၂၃ ဦး မဲဆောက်တွင် ဖမ်းဆီးခံရ

March 13, 2026

စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စုဆောင်းခံရသူ တစ်ဦး လျှပ်စီးတပ်ဖွဲ့ထံ အလင်းဝင်

March 12, 2026

ချင်းမိုင်တွင် ၁၄ နှစ်အရွယ် မိန်းကလေးကို ဓားထောက်အဓမ္မပြုကျင့်မှုဖြင့် မြန်မာအမျိုးသားတစ်ဦး အဖမ်းခံရ

March 10, 2026

Leave A Reply Cancel Reply

Recent Posts

  • ရဲဘော်တစ်ဦး လက်နက်နှင့်အတူ စစ်ကော်မရှင်ထံ ဘက်ပြောင်းသွားမှုအပေါ် အညာမြေတပ်ပေါင်းစု သတိပေး
  • စစ်ပွဲရပ်ဖို့ ထရမ့်အစိုးရက အပစ်အခတ်ရပ်စဲရေးအစီအစဉ် ၁၅ ချက် အီရန်ကို ကမ်းလှမ်း
  • မိုးဗြဲအနောက်ခြမ်းတွင် ရေတင်ကားခ ကျပ် ၁ သိန်းခွဲအထိ မြင့်တက်၊ စစ်ရှောင်များ ရေဝယ်ယူရန် ခက်ခဲနေ
  • ဖေ့ဘွတ်ခ်၏ မိခင်ကုမ္ပဏီကို ကလေးသူငယ် ဘေးကင်းလုံခြုံရေး ပျက်ကွက်မှုဖြင့် ဒေါ်လာ ၃၇၅ သန်း ဒဏ်ရိုက်
  • ကျောက်ဖြူတွင် စစ်ကော်မရှင်က ရက်ဆက်ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ၄ ဦး ဒဏ်ရာရရှိ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရဲဘော်တစ်ဦး လက်နက်နှင့်အတူ စစ်ကော်မရှင်ထံ ဘက်ပြောင်းသွားမှုအပေါ် အညာမြေတပ်ပေါင်းစု သတိပေး

စစ်ပွဲရပ်ဖို့ ထရမ့်အစိုးရက အပစ်အခတ်ရပ်စဲရေးအစီအစဉ် ၁၅ ချက် အီရန်ကို ကမ်းလှမ်း

မိုးဗြဲအနောက်ခြမ်းတွင် ရေတင်ကားခ ကျပ် ၁ သိန်းခွဲအထိ မြင့်တက်၊ စစ်ရှောင်များ ရေဝယ်ယူရန် ခက်ခဲနေ

ဖေ့ဘွတ်ခ်၏ မိခင်ကုမ္ပဏီကို ကလေးသူငယ် ဘေးကင်းလုံခြုံရေး ပျက်ကွက်မှုဖြင့် ဒေါ်လာ ၃၇၅ သန်း ဒဏ်ရိုက်

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရဲဘော်တစ်ဦး လက်နက်နှင့်အတူ စစ်ကော်မရှင်ထံ ဘက်ပြောင်းသွားမှုအပေါ် အညာမြေတပ်ပေါင်းစု သတိပေး

March 25, 2026

စစ်ပွဲရပ်ဖို့ ထရမ့်အစိုးရက အပစ်အခတ်ရပ်စဲရေးအစီအစဉ် ၁၅ ချက် အီရန်ကို ကမ်းလှမ်း

March 25, 2026

မိုးဗြဲအနောက်ခြမ်းတွင် ရေတင်ကားခ ကျပ် ၁ သိန်းခွဲအထိ မြင့်တက်၊ စစ်ရှောင်များ ရေဝယ်ယူရန် ခက်ခဲနေ

March 25, 2026

ဖေ့ဘွတ်ခ်၏ မိခင်ကုမ္ပဏီကို ကလေးသူငယ် ဘေးကင်းလုံခြုံရေး ပျက်ကွက်မှုဖြင့် ဒေါ်လာ ၃၇၅ သန်း ဒဏ်ရိုက်

March 25, 2026

ကျောက်ဖြူတွင် စစ်ကော်မရှင်က ရက်ဆက်ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ၄ ဦး ဒဏ်ရာရရှိ

March 24, 2026

ချောင်းဦးတွင် အိမ်မီးရှို့သည့် စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရ၊ ၉ ဦးသေဆုံးပြီး ရဲတပ်သားတစ်ဦး အရှင်ဖမ်းမိ

March 24, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.