• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 
  • မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ
  • မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ
  • NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း
  • ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်
  • ပြည်ပသို့ ထွက်ခွာခွင့် အေအေ ပိတ်ပင်မှုအပေါ် ရခိုင်လူငယ်တွေ ကြိုဆိုသလား
  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»၁၀၂၇ အလွန် ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ရှမ်းပြည်အင်အားချိန်ခွင်လျှာ
ဆောင်းပါး

၁၀၂၇ အလွန် ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ရှမ်းပြည်အင်အားချိန်ခွင်လျှာ

thanlwinkhetBy thanlwinkhetSeptember 16, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောင်းချစ်အောင်

စက်တင်ဘာ ၁၇ ၊ ၂၀၂၄။

ဒီမိုကရေစီအစိုးရတွေလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဖယ်ချန်ထားခံခဲ့ရဖူးတဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီတပ်ရဲ့အင်အားချိနဲ့လာမှုကို မီးမောင်းထိုး ပြလိုက်သလို ဖြစ်ပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ လူမျိုးစုအစွဲပြုတပ်တွေဖြစ်တဲ့ ပလောင်၊ ကိုးကန့်၊ ဝ၊ မိုင်းလား၊ ပအိုဝ်း၊ ဓနုနဲ့ ရှမ်းတပ်တွေဟာလည်း စစ်အင်အားအသီးသီးကိုပိုင်ဆိုင်ထားပြီး မတူညီတဲ့ရည်ရွယ်ချက်တွေနဲ့ နယ်မြေအသီးသီးကို ထိန်းချုပ်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းစတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီအင်အားတွေ ဆုတ်ယုတ်သွားပြီး ဧရိယာကျယ်ဝန်းတဲ့ အာဏာလေဟာနယ်တစ်ခုဟာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

အင်အားချိန်ခွင်လျှာအပြောင်းအလဲနဲ့အတူ ရှမ်းပြည်နယ်အတွင်း စစ်နယ်ဝန်းကျယ်ပြန့်လာနေပြီး ရှမ်းပြည်နယ်အလယ်ပိုင်းနဲ့ တောင်ပိုင်းထိစပ်နယ်မြေတွေမှာပါ စစ်ရိပ်သမ်းလာနေပါတယ်။

ကိုယ်ပိုင်နယ်မြေတွေရအောင် တိုက်ယူနိုင်တဲ့ ညီနောင်နှစ်ဖွဲ့

**************************

၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမလှိုင်းမှာ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ အမှတ်-၁၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တို့ အပါအဝင် မြို့ပေါင်း ၁၇မြို့ကို စစ်ကောင်စီက ဆုံးရှုံးလိုက်ရပါတယ်။ အခုဒုတိယလှိုင်းမှာလည်း ကျောက်မဲမြို့အခြေစိုက် အမှတ်- ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကိုလည်း သိမ်းပိုက်ထားနိုင်နေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းတခုလုံးနီးပါးဟာ စစ်ကောင်စီကင်းစင်နယ်မြေတွေဖြစ်လာပြီး တအာင်းတပ်- TNLA နဲ့ ကိုးကန့်တပ်- MNDAA တို့က ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားတွေကို ဖော်ဆောင်နေပါတယ်။

အဲဒီလို ရှုံးနိမ့်မှုတွေကြောင့်ပဲ စစ်ကောင်စီဟာ အဲဒီတပ်ဖွဲ့နှစ်ခုကို အကြမ်းဖက်အုပ်စုတွေအဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်မှာ ကြေညာလိုက်ပါတယ်။

မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ရဲ့ စစ်ရေးအောင်မြင်မှုတွေကြောင့်ကုန်သွယ်မှုတန်ဖိုးတစ်ရက်ကို ကန်ဒေါ် လာ ၁၀ သန်းကျော်ရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကုန်သွယ်ရေးတစ်ခုလုံးကို စစ်ကောင်စီက စွန့်လွှတ်လိုက်ရပါတယ်။

ကျည်တစ်ချက် မဖောက်ဘဲ အမြတ်ထွက်နေတဲ့ ဝတပ်ဖွဲ့

*********************

‘‘ဝ’’ တပ်ဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် (၇) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ ရဲ့ ဦးဆောင်သူဖြစ်ပါတယ်။

FPNCC မှာ ကချင်လွတ်လပ်ရေးတပ် (KIA)၊ အာရက္ခတပ်တော် (AA)၊ တအာင်းတပ် (TNLA)၊ ရှမ်း ပြည်တိုးတက်ရေးပါတီ (SSPP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) မိုင်းလား၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့ ပါဝင်ပါတယ်။

UWSA ရဲ့ နိုင်ငံရေးမဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ လောက် ကိုင်၊ ချင်းရွှေဟော်အပါအဝင် တရုတ်- မြန်မာနယ်စပ်က မြို့လေးမြို့နဲ့သိန္နီမြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ကိုးကန့်တပ်တွေဟာ သံလွင်မြစ်ကို ကူးဖြတ်လာပြီး ဟိုပန်မြို့နဲ့ ပန်လုံမြို့တို့ကို သိမ်းပိုက်ခဲ့ကာ ဝတပ်ဖွဲ့ ဆီလွှဲအပ်ပေးခဲ့ပါတယ်။ ဝတပ်ဖွဲ့တွေအနေနဲ့ ကျည်တချက်မှမဖောက်လိုက်ရဘဲ သူတို့ရဲ့ထိန်းချုပ်နယ်မြေကို ချဲ့ထွင်နိုင်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီလက်ထက် သတ်မှတ်ပေးခဲ့တဲ့ အထူးဒေသ (၁) ကိုးကန့်နဲ့ အထူးဒေသ (၂) ဝတို့ နယ်မြေချင်းထိစပ်သွားခဲ့တာပဲဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာလည်း ဝတပ်တွေက စစ်ဆင်ရေးမှာ ပါဝင်မှုမျိုးမရှိဘဲ ဝင်ရောက်လာ မှုတွေ ပေါ်ပေါက်လာပြန်ပါတယ်။ ဝထိန်းချုပ်နယ်မြေနဲ့ သံလွင်မြစ်ခြားနေတဲ့ တန့်ယန်းမြို့ပေါ်ကို ဝတပ်တွေ ထောင်နဲ့ချီဝင်ရောက်ကာ ထိန်းချုပ်မှုတွေရှိလာခဲ့တာပါ။

တန့်ယန်းမြို့ဟာ စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းရာ အဓိကနေရာတစ်ခုဖြစ်ပြီး ရမခလက် အောက်ခံစစ်ဗျူဟာတစ်ခုလည်း အခြေစိုက်ထားရာနေရာတစ်ခုဖြစ်ပါတယ်။

ကိုးကန့်တပ်တွေ လားရှိုးမြို့ကို စစ်ဆင်ရေးဆင်နွှဲချိန်မှာ သံလွင်မြစ်ကူးတံတားတာကော်အက်ကို ဖြတ် ကျော်ပြီး ဝင်ရောက်နေတာယူလာတာလည်းဖြစ်ပါတယ်။ ဝတပ်ဖွဲ့တာဝန်ရှိသူတွေကတော့ စစ်ရေးပဋိပက္ခတွေကူးမလာအောင် စစ်ကောင်စီနဲ့ညှိနှိုင်းကာ ဝင်ရောက်ထိန်းချုပ်လာတာဖြစ်တယ်လို့ဆိုပါတယ်။

လားရှိုးမြို့ကို ကိုးကန့်တပ်တွေ ထိုးဖောက်ဝင်ရောက်လာချိန်မှာလည်း ဝတပ်ဖွဲ့တွေ ဝင်ရောက်တပ်စွဲလာပြီး လုံခြုံရေးယူထားတာကိုလည်း တွေ့နေရပါတယ်။ လားရှိုးမြို့မှာရှိတဲ့ ဝတပ်ဖွဲ့ရဲ့ပြင်ပဆက်ဆံရေးရုံး နဲ့ပိုင်ဆိုင်မှုတွေကို လာရောက်ကာကွယ်တာလို့ဆိုပါတယ်။ လားရှိုးအကျဉ်းထောင်မှာ ပိတ်မိနေတဲ့စစ် ကောင်စီဝန်ထမ်းတွေကို ဝတပ်ဖွဲ့က မိုင်းရယ်မြို့အထိ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

လားရှိုးမြို့ကို MNDAA က သိမ်းပိုက်အပြီးမှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဝတပ်ဖွဲ့က ကူညီဆောင်ရွက်ပေးနေတာလည်း တွေ့ရပါတယ်။ တစ်ဘက်မှာလည်း ဝတပ်ဖွဲ့ဟာ စစ်ရေးအင်အားတိုး ချဲ့ဖို့ ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်အတွင်းမှာရှိတဲ့ ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်းစစ်ဒေသ- ၁၇၁ က စစ်မှုထမ်းတပ်သားသစ် ၄,၀၀၀ စုဆောင်းသွားမယ်လို့ ဩဂုတ် ၃၀ ရက်မှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။

မိုင်းဆတ်ခရိုင်အတွင်းနေထိုင်ပြီး လာအိုနိုင်ငံဘက်ခြမ်း အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ ‘ဝ’ အမျိုး သားတွေကို အမြန်ဆုံးနေရပ်ပြန်ပြီး စစ်ရေးကော်မတီတွေဆီစက်တင်ဘာလ (၇) ရက် နောက်ဆုံးစာ ရင်းပေးသွင်းဖို့ အသိပေးထားပါတယ်။

ရှမ်းအလယ်ပိုင်းက အင်အားစုများ

********************

ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော်- DPLA နဲ့ ရှမ်းမြောက်တပ်မတော် (SSPP/SSA) တို့ရဲ့လှုပ် ရှားနယ်မြေတွေဟာ ရှမ်းမြောက်ပိုင်းနဲ့တောင်ပိုင်းအကြား ဆက်သွယ်ထားတဲ့လမ်းကြောင်းတွေ ပေါ်မှာရှိနေပါတယ်။

DPLA ဟာ စစ်အာဏာသိမ်းမှုအလွန် ပထမဆုံးပေါ်ပေါက်လာတဲ့ ဓနုလက်နက်ကိုင်တပ်ဖြစ်ပြီး TNLA ဆီကနေ စစ်ပညာသင်ယူခဲ့တာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း နောင်ချိုမြို့သိမ်း တိုက်ပွဲမှာ DPLA ဟာ ပါဝင်ခဲ့သလို နောင်ချို- ရပ်စောက်ကားလမ်းပေါ်မှာရှိတဲ့ တောင်ခမ်းရွာကို TNLA က ထိုးစစ်ဆင်နေချိန်မှာလည်း ရပ်စောက်ဘက်ကနေ စစ်ကောင်စီတပ်တွေ တက်မလာနိုင်အောင် ကူညီတိုက်ခိုက်ပေးနေပါတယ်။

ဓနုပြည်နယ်ရရှိရေး ဦးတည်ချက်နဲ့ ၂၀၂၂ ဩဂုတ် ၇ရက်မှာ ပေါ်ပေါက်လာတဲ့ DPLA ဟာ ခုလက်ရှိမှာတော့ စစ်ကောင်စီတပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။

SSPP/SSA ဟာလည်း TNLA နဲ့ နယ်မြေပြဿနာ၊ နှစ်ဘက်ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏဖြစ်ခဲ့ပါ တယ်။ FPNCC အဖွဲ့ဝင်အဖွဲ့တွေဖြစ်ပြီး တပ်ဖွဲ့အချင်းချင်းကြား ထိတွေ့တိုက်ပွဲကြီးကြီးမားမားတော့ ဖြစ်ပွားတာမျိုးမရှိသေးပါဘူး။

စစ်တပ်လက်အောက်မှာ ပြည်သူ့စစ်အဖြစ်နဲ့ ၁၄ နှစ်ရပ်တည်ခဲ့တဲ့ စိန်ကျော့ပြည်သူ့စစ်အဖွဲ့က စက်တင်ဘာ ၅ ရက်မှာ SSPP နဲ့ပြန်ပြီး ပူးပေါင်းလိုက်ပါတယ်။

စိန်ကျော့ပြည်သူ့စစ်အဖွဲ့မှာ SSPP မိုင်းခေးတပ်မဟာ ၃ က တပ်သားတွေလည်းပါဝင်ခဲ့ပြီး ကြိုဆိုတဲ့ အခမ်းအနားကို SSPP ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စဝ်ပန်ဖကိုယ်တိုင်တက်‌ရောက်ခဲ့ပါတယ်။

စဝ်လွယ်မောဝ်ဦးဆောင်တဲ့ စိန်ကျော့အဖွဲ့နဲ့ SSPP တပ်မဟာ (၃) ဖြစ်ခဲ့တဲ့ စဝ်လှမြင့် ဦးဆောင်တဲ့ မိုင်းခေးအဖွဲ့တို့ဟာ ၂၀၁၀ ပြည့်နှစ်လောက်က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖြစ်အသွင် ပြောင်းခဲ့တာဖြစ်ပါတယ်။

ခံစစ်ပြင်ထားတဲ့ ရှမ်းတောင်ဒေသ

*****************

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပအိုဝ်းဒေသကို ကာကွယ်ဖို့အတွက် သူတို့ရဲ့ တပ်သား ၁,၀၀၀၀ ခန့်ကို စစ်သင် တန်းပေးခဲ့တယ်လို့ PNA က မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်လာပါတယ်။ ပအိုဝ်းဒေသပတ်ပတ် လည်မှာ ရန်သူတွေ ဝိုင်းနေတဲ့အတွက် တပ်အင်အားကို တိုးချဲ့ပြင်ဆင်ထားရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် PNA အနေနဲ့ အရန်အင်အား ၄ သိန်းအထိ တိုးချဲ့ဖို့လုပ်‌ဆောင်သွားမယ်လို့လည်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မီဒီယာတစ်ခုက ဖော်ပြထားပါတယ်။

တစ်ဖက်မှာ RCSS ကလည်း ရှမ်းပြည်နယ်တောင်ပိုင်းကိုကာကွယ်သွားမယ်ဆိုပြီး ရှမ်းပြည်လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်အတွက် တိုက်ပွဲဝင်သွားမယ်လို့ ပြီးခဲ့တဲ့ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြောခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်းတပ်မတော်လို့ အများခေါ်ကြတဲ့ RCSS/SSA ရဲ့ ဗဟိုဌာနချုပ်ဟာ ထိုင်းနိုင်ငံနယ် စပ်လွယ်တိုင်းလျံရွာမှာ အခြေစိုက်ထားပါတယ်။ မိုင်းဆတ်ခရိုင်ရဲ့ အရှေ့ဘက်နဲ့ တောင်ဘက်မှာရှိတဲ့ ထိုင်းနယ်စပ်တလျှောက်ဒေသတွေဟာ RCSS အင်အားအကောင်းဆုံးနေရာတွေ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ RCSS ဟာ မိုင်းရယ်၊ မိုင်းကိုင်၊ကျိုင်းတုံမြို့နယ်တွေမှာ SSPP နဲ့ UWSA တပ်တွေ စစ်ရေးလှုပ်ရှားလာနေတာကို သတိထားစောင့်ကြည့်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းပြည်နယ် တိုင်းရင်းသားအင်အားစုတွေရဲ့ အင်အားချိန်ခွင်လျှာကို အလှည့်အ ပြောင်းများစွာ ပေါ်ပေါက်စေခဲ့ပြီး နှစ်ဘက်အင်အားစုတွေအကြား တင်းမာမှုတွေလည်း ပိုပြင်းထန်လာ ခဲ့ပါတယ်။

အထူးဒေသ- ၄ မိုင်းလားအဖွဲ့ NDAA တစ်ခုတည်းသာ လက်ရှိပဋိပက္ခအတွင်းမှာ ကြားနေအဖြစ်ရပ် တည်နေပြီး ကျန်အင်အားစုတွေဟာတော့ ထိန်းချုပ်နယ်မြေတွေ ပိုကျယ်ပြန့်ရေး၊ ဆက်လက်ထိန်းချုပ် နိုင်ရေးအတွက် အပြိုင်အဆိုင်ကြိုးပမ်းလာတာတွေ့ရပါတယ်။

စစ်ကောင်စီကလည်း ရှမ်းပြည်နယ်အတွင်း ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို ပြန်လည်အရယူနိုင်ဖို့ ကြိုးပမ်း သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ကြွေးကြော်ထားပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဖားကန့်ဒေသ ၂ သေဆုံးကာ ၅ ဦးထိခိုက်
Next Article စစ်ကောင်စီက ဖားကန့်ကို လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်
thanlwinkhet
  • Website

Related Posts

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

မြန်မာ့အရေး ပိုပြီးရှင်းလင်းတဲ့မူဝါဒလိုအပ်

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 
  • မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ
  • မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ
  • NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း
  • ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 

မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ

မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ

NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 

May 24, 2025

မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ

May 24, 2025

မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ

May 24, 2025

NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း

May 24, 2025

ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်

May 24, 2025

ပြည်ပသို့ ထွက်ခွာခွင့် အေအေ ပိတ်ပင်မှုအပေါ် ရခိုင်လူငယ်တွေ ကြိုဆိုသလား

May 23, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.