မတ်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိတ်ရှိန်ရွှေဆိုင်အား သေနတ်ပြကာ ဓါးပြတိုက်ခဲ့သော လူငယ်လေးဦးအား မွန်းလွဲပိုင်းအချိန်၌ ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ တိတ်ရှိန်ရွှေဆိုင်၏ ပိုင်ရှင်ဖြစ်သူ မမြတ်သဥ္ဇာမိုးနှင့် ဝန်ထမ်းအမျိုးသမီး ၇ ဦးမှာ ဆိုင်ဖွင့်လှစ်ရန်ပြင်ဆင်နေစဉ် နံနက်…