ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းက ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ ဗီယက်နမ်နိုင်ငံသား ၁၃ ဦးကို ယနေ့ နေရပ်ပြန်ပို့ခဲ့သည်ဟု တာဝန်ရှိသူများထံမှ သိရသည်။
နေရပ်ပြန်ပို့သည့် ဗီယမ်နမ်နိုင်ငံသား အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး တစ်ဦး၊ စုစုပေါင်း ၁၃ ဦးကို ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
အဆိုပါ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများအား စတင်နှိမ်နင်းခဲ့သည့် ဇန်နဝါရီ ၃၀ ရက်မှ ယခုလက်ရှိအချိန်အထိ ခုနစ်လနီးပါးအတွင်း နိုင်ငံခြားသား ၈၃၀၀ ထက်မနည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပြီး ဖြစ်သည်။
ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ်တစ်နေရာ၌ ရှိသော ကျားဖြန့်အလုပ်ရုံမှ တရုတ်နိုင်ငံသားဝန်ထမ်း ၁၁ ဦးအား အေအေ (မီးနဂါးစစ်ဒေသ) ရဲဌာနမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရဲဌာနသို့ လွှဲပြောင်းပေးခဲ့သေးသည်။