ရဲသူ နိုဝင်ဘာ ၉၊ ၂၀၂၄။ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေထဲက တောတွင်းတစ်နေရာမှာ အိန္ဒိယသီချင်းတစ်ပုဒ်ကို အသံမပီမသနဲ့ နောက်ကလိုက်ဆိုရင်း ကွန်ပြူတာစခရင်ကိုကြည့်ရင်း ဒရုန်းအမောင်းသင် လေ့ကျင့်ခန်းဆင်းနေသူကတော့ ရဲဘော် နီနီ ဖြစ်ပါတယ်။ သူမဟာ ငယ်စဥ်ကတည်းက အဆိုနဲ့အကကို ဝါသနာထုံခဲ့သူဖြစ်ခဲ့ပေမယ့် အခုမှာတော့ ဂဠုန်စစ်ကြောင်းက Spring…