ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၇၊ ၂၀၂၄။
အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲတွင်အနိုင်ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ဂုဏ်ပြုစကားဆိုလိုက်သည်။
ထရမ့်၏ နောက်တစ်ကြိမ်ပြန်လည်ခေါင်းဆောင်မှုနှင့်အတူ အရေးပါပြီးခိုင်မာသည့်ဆက်ဆံရေးအဖြစ်ဆက်သွားနိုင်ရန် မျှော်လင့်သည်ဟု ယာယီသမ္မတဒူဝါလရှီးလက ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
၄ နှစ်တစ်ကြိမ်ပြုလုပ်သည့် ၄၅ ကြိမ်မြောက် အမေရိကန်ရွေးကောက်ပွဲတွင်လည်း ထရမ့်က အနိုင်ရခဲ့ပြီး ယခု ၄၇ ကြိမ်မြောက်တွင်လည်း ထပ်မံအနိုင်ရကာ ဒုတိယမြောက် သမ္မတတာဝန်ထမ်းဆောင်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်နေ့က ကျင်းပခဲ့သည့် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ပလီကန်ပါတီမှ ဒေါ်နယ်ထရမ့်က မဲအရေအတွက် ၂၉၅ မဲဖြင့် ဒီမိုကရက်တစ်ပါတီမှ ကင်မလာဟဲရစ်ကို အနိုင်ရရှိခဲ့သည်။
ဓာတ်ပုံ-Fox News