ဘမောင် အောက်တိုဘာ ၁၂၊ ၂၀၂၃။ ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေအနေနဲ့ ထူးချွန်ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ၊ ပြည်သူတွေကိုဘွဲ့ထူးဂုဏ်ထူးတွေ အပ်နှင်းချီးမြှင့်လေ့ရှိကြပါတယ်။ အဲဒီလိုချီးမြှင့်ရာမှာလည်းသက်ဆိုင်ရာအစိုးရတွေက သူတို့နဲ့ပတ်သက်နေတဲ့ နိုင်ငံရေး၊ ဘာသာရေးနောက်ခံတွေနဲ့ဆက်စပ်ပြီးသူတို့သဘောကျသူတွေကိုသာ ချီးမြှင့်လေ့ရှိကြတယ်ဆိုတာ လည်း တွေ့ကြရမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံကတော့ အခြားနိုင်ငံတွေထက် အများကြီးထူးခြားတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။စစ်အာဏာရှင် တစ်ခေတ်လုံး သူတို့ပေးအပ်တဲ့ ဘွဲ့ထူးဂုဏ်ထူးအများစုဟာ သူတို့အလိုလိုက်အကြိုက်ဆောင်တဲ့ လူတွေကိုချည်း…