• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်
  • သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး
  • ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ
  • အပစ်ရပ်ဆိုပြီး တစ်လအတွင်း TNLA ထိန်းချုပ် နေရာ ၁၃ ခုထက်မနည်းကို စစ်ကောင်စီ တိုက်ခိုက်
  • မြန်မာအပါ ၁၂ နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့်တားမြစ်
  • သေ့ဘောဘိုးစခန်းသိမ်း အောင်ပွဲရ ရဲဘော်များကို ဒေသခံများကြိုဆို
  • စစ်တွေ စစ်ဘေးရှောင်များ စားဝတ်နေရေး ကြပ်တည်းနေ
  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ရခိုင်တွင် ညမထွက်ရအမိန့် ဆက်ထုတ်၍ ​ဒေသခံများ အခက်အခဲဖြစ်
နေ့စဉ်သတင်း

ရခိုင်တွင် ညမထွက်ရအမိန့် ဆက်ထုတ်၍ ​ဒေသခံများ အခက်အခဲဖြစ်

thanlwinkhetBy thanlwinkhetOctober 10, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ရခိုင်တွင် ညမထွက်ရအမိန့် ဆက်ထုတ်၍ ​ဒေသခံများ အခက်အခဲဖြစ်

*************

မိခိုင်၊ သံလွင်ခက်

​အောက်တိုဘာ ၁၀၊ ၂၀၂၃။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် စစ်​ကောင်စီက ညမထွက်ရအမိန့် ၁၄၄ အား ဆက်လက် ထုတ်ပြန်ကြောင်း  ​အောက်တိုဘာလ ၈ ရက်​က ​ထပ်မံ ကြေညာလိုက်သည့်အတွက် ​ဒေသခံများအနေဖြင့် အခက်အခဲများ ရှိ​နေသည်ဟု သိရသည်။

မင်းပြားမြို့တွင် ည​နေ ၉ နာရီမှ နံနက် ၅ နာရီထိ  ညမထွက်ရ အမိန့်အား ​ယခု အောက်တိုဘာလ ၂ ရက်မှဒီဇင်ဘာလ ၂ ရက်​အထိ ဆက်လက် အကျုံးဝင်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းအတွက် ​ဒေသခံများအ​နေဖြင့် ကျန်းမာ​ရေး၊ နာ​ရေးကိစ္စရပ်များတွင် အခက်အခဲများ ရှိ​နေ​သည်ဟု ဆိုကြသည်။

မင်းပြား​ဒေသခံ အမျိုးသမီးတစ်ဦးက “ည​ရေးညတာ သွားလာဖို့ အဆင်မ​ပြေတာ​တွေ ရှိ​နေတယ်။ ကျန်းမာ​ရေးကိစ္စက အစ အ​ရေး​ပေါ် အ​ခြေ​အ​နေ​တွေ ရှိလာရင် ပိုဆိုးမှာ​ပေါ့။ တိုက်ပွဲရှိ​နေတာလည်း မဟုတ်ဘူး။ ပြန်ရုတ်သိမ်း​ပေးဖို့ ​​ပြောချင်ပါတယ်“ဟု ပြောသည်​။

လက်ရှိတွင် ​ဒေသခံများအ​နေဖြင့် အ​ရေး​ပေါ် အ​​ခြေအ​​နေ ဖြစ်​ပေါ်လာလျှင် ​ရေလမ်း၊ ကုန်လမ်းများအား ညအချိန်ဖြတ်သန်းသွားလာခွင့် မရ​​တော့သည့်အတွက် စိုးရိမ်းမှုများ ရှိ​နေကြခြင်းဖြစ်သည်။

“​သေ​ရေးရှင်း​ရေဆိုရင်လည်း အခုက မသွားရဲ​တော့ဘူး။ သူတို့ ပစ်ရင် ကျ​​နော်တို့ပဲ ​သေရမှာ။ ဒီအခြေအ​နေမှာအသက်စွန့်ပြီး မသွားလာ​ရဲ​တော့ဘူး​ပေါဗျ” ဟု အမည်မ​ဖော်လိုသည့် ​ဒေသခံ တစ်ဦးက ပြောသည်။

စစ်​ကောင်စီအ​နေဖြင့် ရခိုင်တွင် ညမထွက်ရအမိန့်အား ရုတ်သိမ်းထားခြင်း မရှိသည့်အတွက် ​ထွေအုပ် (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) အနေဖြင့် ​ဆော်သြ​ပေးခြင်းဖြစ်​ကြောင်း လွှတ်​တော်ကိုယ်စားလှယ်ဟောင်း ဦး​ဖေသန်းကဆိုသည်။

“ဒါက​တော့ သူတို့ နှစ်လ တစ်ခါ သက်တမ်းတိုးရတယ်။ ဒါက​တော့ ​ထွေအုပ် ပုံမှန် လုပ်​နေရတဲ့ အလုပ်ပေါ့။ ပြန်ရုတ်တာ​တော့ မရှိ​သေးဘူး။ အသစ်အဆန်း​တော့ မဟုတ်ဘူး​​​ပေါ့” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ညမထွက်ရအမိန့်အား တိုက်ပွဲများစတင်ဖြစ်ပွားသည့် ၂၀၁၈ မှစတင်ပြီး မြို့နယ် အများအပြားတွင် နှစ်လတစ်ကြိမ် သက်တမ်းတိုး ထုတ်ခဲ့သည်။ သို့​သော် တိုက်ပွဲ ပြန်လည် ရပ်ထားသည့် အချိန် ၂၀၂၂ ခုနှစ်နို၀င်ဘာလမှ စတင်ကာ ညမထွက်ရအမိန့်အား ရပ်ထားခြင်းဖြစ်ပြီး ​ဒေသခံများအ​နေဖြင့် ပုံမှန်သွားလာ၍ ရခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တဖန် ပြန်လည်ကာ ညမထွက်ရ အမိန့် ၁၄၄ အား ပြန်လည် အသက်သွင်းလာခြင်းဖြစ်သည်။

**************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/2129

YouTube- > https://youtu.be/SpxIBpTYop8

Website -> https://thanlwinkhet.net/?p=5836

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရခိုင်ပြည်က ထိလွယ်ရှလွယ် ငြိမ်းချမ်းရေးဖြစ်စဉ်
Next Article ပဲခူးရေဘေးသင့်ပြည်သူများ သောက်သုံးရေလိုအပ်နေ
thanlwinkhet
  • Website

Related Posts

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

June 4, 2025

ဆန်ဝယ်ယူမယ့် မလေးရှားတောင်းဆိုချက် အင်ဒိုနီးရှားပယ်ချ

May 2, 2025

မြန်မာနိုင်ငံမှာ တရုတ်လုံခြုံရေးကုမ္ပဏီများ စတင်အခြေစိုက်

March 22, 2025

Leave A Reply Cancel Reply

Recent Posts

  • ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်
  • သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး
  • ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ
  • အပစ်ရပ်ဆိုပြီး တစ်လအတွင်း TNLA ထိန်းချုပ် နေရာ ၁၃ ခုထက်မနည်းကို စစ်ကောင်စီ တိုက်ခိုက်
  • မြန်မာအပါ ၁၂ နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့်တားမြစ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်

သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး

ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ

အပစ်ရပ်ဆိုပြီး တစ်လအတွင်း TNLA ထိန်းချုပ် နေရာ ၁၃ ခုထက်မနည်းကို စစ်ကောင်စီ တိုက်ခိုက်

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်

June 6, 2025

သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး

June 5, 2025

ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ

June 5, 2025

အပစ်ရပ်ဆိုပြီး တစ်လအတွင်း TNLA ထိန်းချုပ် နေရာ ၁၃ ခုထက်မနည်းကို စစ်ကောင်စီ တိုက်ခိုက်

June 5, 2025

မြန်မာအပါ ၁၂ နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့်တားမြစ်

June 5, 2025

သေ့ဘောဘိုးစခန်းသိမ်း အောင်ပွဲရ ရဲဘော်များကို ဒေသခံများကြိုဆို

June 5, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.