• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ
  • သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်
  • ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး
  • သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ
  • အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး
  • သေ့ဘောဘိုးစခန်းကို ပူးပေါင်းတပ်များ တိုက်ခိုက်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ရခိုင်ပြည်က ထိလွယ်ရှလွယ် ငြိမ်းချမ်းရေးဖြစ်စဉ်
ဆောင်းပါး

ရခိုင်ပြည်က ထိလွယ်ရှလွယ် ငြိမ်းချမ်းရေးဖြစ်စဉ်

thanlwinkhetBy thanlwinkhetOctober 10, 2023No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

နန်းမိုးဆွေ
အောက်တိုဘာ ၁၀၊ ၂၀၂၃။

၂၀၁၈ ခုနှစ်မတိုင်ခင်က ရသေ့တောင်မြို့နယ်တွင်နေထိုင်ခဲ့သည့် မမီးချေ(အမည်လွှဲ)တို့မိသားစုသည်တည်ငြိမ် အေးချမ်းသော ဘဝလေးတစ်ခုပိုင်ဆိုင်ခဲ့ဖူးသည်။ လယ်ယာမြေလုပ်ကိုင်ရင်းမိသားစုစားဝတ်နေရေးအတွက် မပူမပင်၊ မကြောင့်မကြ နေထိုင်ခဲ့ရသည်။

ထိုအခြေအနေမှာ ၂၀၁၉ ခုနှစ်တွင် ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ ၎င်းတို့နေထိုင်ရာရွာအနီး၌ရက္ခိုင့်တပ်တော် – AAနှင့် မြန်မာစစ်တပ်တို့ ထိတွေ့ပစ်ခတ်ကြရာ မမီးချေတို့လည်း နေအိမ်မှထွက်ပြေးခဲ့ကြရသည်။

”ရသေ့တောင်မြို့ပေါ်ကို ရေလမ်းကနေတဆင့် တိုက်ပွဲရှောင်ရင်း အခုထိ ရွာကိုပြန်လို့ မရသေးဘဲစစ်ရှောင်စခန်း မှာပဲ နေနေရတယ်” ဟု ၎င်းက သက်ပြင်းချရင်း ပြောသည်။(လုံခြုံရေးအခြေအနေကြောင့် ၎င်းနေထိုင်ရာ ကျေးရွာနှင့် စစ်ရှောင်စခန်းကို အမည်မဖော်ပြရန်
မေတ္တာရပ်ခံထားသည်)

၎င်းတို့ လက်ရှိနေထိုင်ရာ စစ်ရှောင်စခန်းတွင် မိသားစုပေါင်းရာနှင့်ချီရှိနေ၍ နေရထိုင်ရအလွန်ကျဉ်းကျပ်သည်ဟု ၎င်းက ညည်းညူသည်။

”အိမ်မှာလိုတော့ နေရတာ ဘယ်အဆင်ပြေမလဲ”ဟု ၎င်းပြောလိုက်သည်က အိမ်လွမ်းနေပုံပေါ်လွင်လျက် ရှိသည်။

ရခိုင်တွင်တိုက်ပွဲများဖြစ်ပွားခဲ့ချိန် ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း စစ်တပ်နှင့် AA တို့အကြား ၂ကြိမ်တိုင် အပစ်အခတ်ရပ်စဲခဲ့သော်လည်း မမီးချေတို့ကား နယ်မြေတည်ငြိမ်မှုအသီးအပွင့်ကိုခူးဆွတ်စားသုံးခွင့်မရရှိသေးပေ။ လက်ရှိအချိန်ထိ မမီးချေ တို့မိသားစုအပါအဝင် ရွာသားများမှာအိမ်မပြန်နိုင်ကြသေးပါ။

၎င်းတို့ နေထိုင်ခဲ့ရာ ကျေးရွာအနီးအနားတဝိုက်တွင် မြန်မာစစ်တပ်သာမက ရက္ခိုင့်တပ်တော်ပါ တပ်ရင်း၊တပ်ဖွဲ့ များဖြင့် အခိုင်အမာ တပ်စွဲထားလျက် ရှိကြသေးသဖြင့် တိုက်ပွဲများအချိန်မရွေးပြန်လည်ဖြစ်ပွားနိုင်ရာ မည်သူမျှ အိမ်မပြန်ရဲကြသေးပေ။ ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ အရပ်ဒေသများတွင်စစ်ပွဲလက်ကျန်ဗုံးအန္တရာယ်ကလည်း ရှိနေသေးသဖြင့် ရခိုင်စစ်ဘေးရှောင်များအဖို့ နေရပ်ပြန်ရေးမှာထင်သလောက်မလွယ်ကူသည့် အခြေအနေဖြစ် သည်။

ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့အကြား ဒုတိယအကြိမ်အပစ်အခတ်ရပ်စဲခဲ့သည်မှာ နောက်လ၊နိုဝင်ဘာတွင် ၁ နှစ်ပြည့်‌တော့မည်ဖြစ်သည်။ သို့တိုင် ရခိုင်ပြည်နယ် (အထူးသဖြင့် လွန်ခဲ့သည့်ပစ်ခတ်တိုက်ခိုက်မှုကာလအတွင်း ပြင်းထန်သောစစ်တလင်းဖြစ်ခဲ့သည့် မြောက်ပိုင်း) တွင်အခြေအနေများက အလုံးစုံတည်ငြိမ်သည်တော့ မဟုတ်သေးပေ။

စိုးရိမ်ဖွယ်ဖြစ်စဉ်များ
*******************

မကြာသေးမီက စစ်ကောင်စီနှင့် AA တို့အကြား ပဋိပက္ခကို ဦးတည်စေနိုင်သောဖြစ်စဉ်များပေါ်ပေါက်လာသည်။ ဥပမာအားဖြင့် အပြန် အလှန်ဖမ်းဆီးခြင်းဖြစ်စဉ် ၁ ခုစက်တင်ဘာလဆန်းပိုင်းက ဖြစ်ပွားခဲ့သည်။ ထို့ပြင် စစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များတွင် AA/ULA အဖွဲ့ဝင်များအကြောင်းကို အပူတပြင်းလိုက်လံစုံစမ်းနေ သည်။

စက်တင်ဘာလ ၂၈ ရက်က စစ်တပ်တာဝေးပစ်လက်နက်ကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ဌာနချုပ်အနီးAA တပ်စခန်းသို့ကျရောက်ခဲ့ရာ ရခိုင်အရာရှိ ၁ ဦး ကျဆုံးမှု ဖြစ်စဉ်က AAနှင့် စစ်တပ်အကြားသွေးတိုးစမ်းသည့်သဖွယ် ဖြစ်နေသည်။ ထိုဖြစ်စဉ်မှာ ကချင်ပြည်နယ်တွင်ဖြစ်လင့်ကစားစစ်ရေးတင်းမာမှုက ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ သို့ဦးတည်စေနိုင်သဖြင့် ဒေသခံများကစိုးရိမ်လျက်ရှိသည်။

”ခုရက်ပိုင်း သူ့ဘက်ကိုယ့်ဘက် ဖမ်းဆီးနေတာမျိုးတွေစိပ်လာတော့ အပြစ်မရှိတဲ့သူတွေလည်းအဖမ်းခံရမှာ စိုးရိမ် နေရတယ်” ဟု စစ်တွေဒေသခံ ကိုမောင်မောင်က ပြောသည်။မင်းပြားဒေသခံ ဦးလှထွန်း (အမည်လွှဲ)ကလည်း ယခုရက်ပိုင်း၌ ၎င်းတို့မြို့နယ်အတွင်း အပြစ်မည်မည်ရရမရှိဘဲ စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးနေကြောင်းပြောသည်။

”အဲဒီလိုအဖြစ်မျိုးတွေများလာရင် တစ်ဘက်နဲ့တစ်ဘက် တင်းမာမှုတွေ ဖြစ်လာနိုင်တယ်”ဟု ၎င်းကဆက်လက် ပြောသည်။

စက်တင်ဘာလ ၁၄ ရက်ကလည်း AA အဖွဲ့က ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာတွင်တစ်ပတ်အတွင်း ဗုံးခိုကျင်းများ အပြီးအစီး တူးထားရန် ဒေသခံများအား ညွှန်ကြားခဲ့ကြောင်း ဒေသတွင်းအခြေစိုက် နိရဉ္ဇရာသတင်းဌာနက ဆိုသည်။

ဒေသခံ ၁ ဦးကမူ ကျောက်တော်အခြေစိုက် အမှတ် ၅၃၉ တပ်က လက်နက်ကြီးများပစ်ခတ်လေ့ရှိရာ၎င်းတို့ ရွာအနီးသို့ကျရောက်ခဲ့ဖူးသည့် သမိုင်းကြောင်းရှိကြောင်း၊ ယင်းကြောင့်ပင်ဗုံးခိုကျင်းတူးခိုင်းခြင်းဖြစ်ကြောင်း ပြောသည်။

”လက်နက်ကြီးတွေပစ်တာနဲ့ ရွာထဲကအချက်ပြသံချောင်းခေါက်တာနဲ့ ဗုံးခိုကျင်းထဲ ဝင်နေရမယ်လို့ပြောပါတယ်”ဟု အဆိုပါဒေသခံက နိရဉ္ဇရာသတင်းဌာနသို့ ပြောခဲ့သည်။

လက်ရှိအချိန်အထိ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းမရှိသေးသော်လည်း အရပ်သားများအားဗုံးခိုကျင်းများ တူးခိုင်းထားသည်မှာ ဖြစ်လာနိုင်သော အခြေအနေအရပ်ရပ်အတွက် AA အဖွဲ့ကပြင်ဆင်ထားကြောင်း သိသာထင် ရှားနေသည်။

၂၀၁၉ ခုနှစ် နှစ်ဘက်တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုသို့ထွက်ပြေးလာကြသော ရခိုင်ပြည်သူများ။ (ဓာတ်ပုံ - AFP)
၂၀၁၉ ခုနှစ် နှစ်ဘက်တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုသို့
ထွက်ပြေးလာကြသော ရခိုင်ပြည်သူများ။ (ဓာတ်ပုံ – AFP)

တိုက်ပွဲများနှင့် ဒုတိယအကြိမ် အပစ်ရပ်မှု
*************************************

အေအေနှင့် စစ်တပ်အကြား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ပထမအကြိမ် အပစ်အခတ်ရပ်စဲခဲ့ကြသဖြင့်၂၀၁၈ ခုနှစ်ကစတင်သည့် ၂ နှစ်ကျော်ကြာတိုက်ပွဲများ အဆုံးသတ်သွားခဲ့သည်။ ပထမအကြိမ်အပစ်ရပ်မှုသည် ၁ နှစ်နှင့် ၇ လတာ ကြာမြင့်ခဲ့သည်။ ၂၀၂၂ ခုနှစ်ဇူလိုင်လ ၄ ရက်တွင် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ (၅)နယ်မြေရှိ AA စခန်းတစ်ခုကို ထိမှန်ခဲ့ရာ AA အဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့သည်။

၂ ပတ်အကြာ ဇူလိုင် ၁၈ ရက်တွင် AA တပ်ဖွဲ့က စစ်ကောင်စီယာဉ်တန်းတစ်ခုကို မောင်တောမြို့နယ်တွင်ခြုံခို တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ သေဆုံးပြီး ၁၄ ဦးကို လက်နက်၊ခဲယမ်းများနှင့်တကွ ဖမ်းဆီးရမိခဲ့သည်။ ထိုအချိန်ကစ၍ရခိုင်ပြည်နယ်သည် ပဋိပက္ခနွံအတွင်းသို့ထပ်မံဆင်းသက်ခဲ့ရပြန်သည်။

ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်မှုမစတင်မီကပင် စစ်ကောင်စီနှင့် AA တပ်ဖွဲ့တို့ ရခိုင်ပြည်နယ်အတွင်းတစ် ဘက်နှင့် တစ်ဘက် လူဖမ်းပွဲ ဆင်နွှဲနေကြပြီး ဖြစ်သည်။ စစ်ကောင်စီဘက်ကလည်း AAတပ်ဖွဲ့ဝင်များ၊ ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် (ULA) အဖွဲ့ဝင်များနှင့် AA ကခန့်ထားသည့်နယ်မြေမှူးများကို အပူတပြင်း ရှာဖွေဖမ်းဆီးခဲ့ သည်။ အလားတူ AA တပ်ဖွဲ့ဝင်များကလည်းစစ်ကောင်စီတပ်သားများကို ၎င်းတို့ ထိန်းချုပ်ရာ မြို့တွင်းနေရာများ အထိလိုက်လံဖမ်းဆီးခဲ့သည်။

ချင်းနှင့် ရခိုင်နယ်စပ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာအနီးနှင့် ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်တဝိုက် တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ ပုဏ္ဏားကျွန်းမြို့နယ်၊ဆင်အင်းကြီးရွာအနီး စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရသည်ကို မကျေနပ်၍ မြန်မာစစ်တပ်ကအဆိုပါကျေးရွာရှိ ဒေသခံ ၁၀ ဦးကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့သည်။

”ဒီလောက် ရက်စက်တဲ့ လုပ်ရပ်တွေ ရှိတဲ့ နေရာမှာ ကျနော်တို့ ဆက်မနေရဲတော့ဘူး”ဟု အဆိုပါ ရွာခံ ၁ဦးက Western News သတင်းဌာနကို ထိုစဉ်က ပြောဆိုသည်။ အဆိုပါဖြစ်စဉ်က ဒေသခံများကိုခြောက်လှန့်နေခဲ့ပြီး ရွာခံအချို့ဆိုလျှင် ယခုထိတိုင် နေရပ်မပြန်ရဲဖြစ်နေကြရသည်။သို့သော် အခြေအနေက တစ်မျိုးပြောင်းလာသည်။ ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးကိုယ်စားလှယ် မစ္စတာ ယိုဟေးဆာဆာကာဝါ ၏ တဖန် ကြားဝင်စေ့စပ်မှုဖြင့်ပင် ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလ ၂၄ ရက်တွင် စစ်တပ်နှင့် AA တို့အကြား ဒုတိယအကြိမ် အပစ်ရပ်လိုက်ကြသည်။

ရခိုင်ပြည်တွင် AA တပ်ဖွဲ့ အင်အားကြီးမားလာခြင်း
********************************************

ပထမအကြိမ်အပစ်ရပ်ကာလအတွင်း နယ်မြေတည်ငြိမ်နေချိန်တွင် AA အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်းအင်အား အခိုင်အမာ တည်ဆောက်ခဲ့သည်။ အာရက္ခပြည်သူ့အစိုးရအဖြစ်ကိုခံယူ၍ အစိုးရတစ်ရပ်၏အင်္ဂါရပ်များဖြစ်သော အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးယန္တရားများထူထောင်ပြီး ရပ်ရွာများကိုအုပ်ချုပ်လာသည်၊ အမှုကိစ္စရပ်များကို စစ်ဆေးစီရင်လာသည်။ ဒုတိယအကြိမ်အပစ်အခတ်ရပ်စဲမှုစတင်သောအခါ ၎င်း၏ အာရက္ခပြည်သူ့ အစိုးရယန္တရား များကားအရှိန်အဟုန်ဖြင့်လည်ပတ်နေပြီဖြစ်သည်။

သေချာသည်မှာ အပစ်ရပ်ကာလ ၁ကြိမ်စလုံးအတွင်း AA အဖွဲ့သည် ရခိုင်တွင် သိသိသာသာအင်အားတောင့်တင်း လာသည်။ လက်ရှိစစ်သည်အင်အား ၃၀,၀၀၀ ခန့်ရှိကြောင်း AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာရှတိုင်းမ် သတင်းဌာနနှင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လကပြုလုပ်ခဲ့သည့်အင်တာဗျူးတွင် ပြောသည်။ ၎င်းတို့အနက် ၇၀ ရာခိုင်နှုန်းမှာ တိုက်ပွဲအတွေ့အကြုံရှိကြောင်းနှင့်ရခိုင်တွင် စစ်သည်အင်အား ၂၅,၀၀၀ ခန့်ရှိကာ ကျန်အင်အားကို မဟာမိတ်နယ်မြေများတွင်တပ်ချထားကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ရခိုင်ပြည်နယ်‌မြောက်ပိုင်း၏ ၆၀ ရာခိုင်နှုန်းခန့်ကို AA အဖွဲ့က ထိန်းချုပ်ထားကြောင်းလည်း၎င်းက ဆိုသည်။ အထူးသဖြင့် မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့်ပုဏ္ဏားကျွန်းမြို့နယ်များ၏ ကျေးလက်ဒေသများသည် AA အဖွဲ့၏ ထိန်းချုပ်မှုအောက် လုံးဝရောက်ရှိနေပါသည်။

၂၀၁၈ ခုနှစ်နောက်ပိုင်း၌ ရခိုင်ပြည်နယ်တွင် ခြေကုပ်ရယူပြီးနောက်ပိုင်း AA အဖွဲ့သည် စစ်ဒေသ ၃ခုဖွဲ့စည်း ထားကြောင်း သတင်းရင်းမြစ်များ၏ အဆိုအရသိရသည်။ ၎င်းတို့မှာ အယ်လ်ဖာ ၊ ဗစ်တာနှင့်နိုဗာတို့ဖြစ်သည်။ စစ် ဒေသ ၁ ခုကို တပ်မဟာ ၃ ခုဆီကျ အင်အားဖြည့်တင်းပြီး ဗိုလ်မှူးကြီးအဆင့်ရှိအရာရှိ ၁ ဦးက ကွပ်ကဲသည်။ ထို့ပြင် စစ်ဒေသ ၁ ခုလျှင် မြို့နယ် ၃ ခုဆီကျ နယ်မြေခွဲဝေပြီး ULA ကအုပ်ချုပ်ရေးအပိုင်းကို တာဝန်ယူသည်။ ဥပမာ အားဖြင့် အယ်လ်ဖာ – ၁၊ အယ်လ်ဖာ – ၂ နှင့် အယ်လ်ဖာ- ၃ တို့ဟူ၍ မြို့နယ် ၃ ခု ဖွဲ့စည်းထားသည်။

အယ်လ်ဖာစစ်ဒေသတွင် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့တို့ပါဝင်ပြီး ဗစ်တာစစ်ဒေသတွင် မြေပုံမြို့နယ်နှင့်နိုဗာ စစ်ဒေသတွင်မူ သံတွဲ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်တို့၏ အစိတ်အပိုင်းများ ပါဝင်သည်ဟုသတင်းရင်းမြစ်များက ဆိုသည်။ ထို့ပြင် ကျောက်တော်၊ မောင်တော၊ ပလက်ဝ၊ မြောက်ဦးစသည့်မြို့နယ်များမှာလည်း အဆိုပါ စစ်ဒေသ များတွင် ပါဝင်သည်ဟုဆိုသည်။

ထို့ပြင် ULA တရားရေးရာဌာနက ခိုးမှု၊ လုယက်မှု အစရှိသည့် ရာဇဝတ်မှုများကို စီရင်ပေးနေသည်။အထူးသဖြင့် လတ်တလော ရခိုင်ပြည်သူများအကြား စိတ်ဝင်စားမှုမြင့်တက်နေသည့် ရသေ့တောင်ကကျောင်းဆရာမ ၁ ဦး သတ်ဖြတ်ခံရမှုဖြစ်သည်။ ULA တရားရုံးက မည်သို့စီရင်မည်ကိုလူအများကစိတ်ဝင်စားလျက်ရှိပြီး တရားခံကို ဖမ်းဆီးအပြစ်ပေး အရေးယူနိုင်ပါက AA အဖွဲ့အပေါ်အများယုံကြည်မှု မြင့်တက်လာဖွယ်ရှိသည်။

ဘူးသီးတောင်မြို့နယ် ၊ ကန္ဒကျေးရွာတွင်ဖြစ်ပွားခဲ့သော စပါးကောက်လှိုင်းပုံများမီးရှို့ခံရမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် - AA က စစ်ဆေးနေမှု။ ( ဓာတ်ပုံ – AA Info )
ဘူးသီးတောင်မြို့နယ် ၊ ကန္ဒကျေးရွာတွင်ဖြစ်ပွားခဲ့သော စပါးကောက်လှိုင်းပုံများ
မီးရှို့ခံရမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် – AA က စစ်ဆေးနေမှု။ ( ဓာတ်ပုံ – AA Info )

တိုက်ပွဲများ ပြန်ဖြစ်လာနိုင်ခြေ
****************************

ပထမအကြိမ် အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်သွားသည်မှာ ကရင်ပြည်နယ်အတွင်း AA တပ်ဖွဲ့ဝင် ၆ဦး စစ် ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ဖြစ်စဉ်က အစပြုသည်။ဒုတိယအကြိမ် အပစ်ရပ် ထားစဉ် စက်တင်ဘာလ ၂၈ ရက်တွင် စစ်တပ်၏ လက်နက်ကြီးကြောင့်ကေအိုင်အေဌာနချုပ် လိုင်ဇာတွင် AA တပ် ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး အဖွဲ့ဝင်အချို့အပြင်းအထန်ဒဏ်ရာရခဲ့သည်။

”အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ရက္ခိုင့်တပ်တော် စစ်ရုံးချုပ်အနေနဲ့ လိုအပ်သလိုလုပ်ဆောင်သွားဖို့ရှိတယ်။ ဘယ် လိုလုပ်ဆောင်မယ်ဆိုတာကိုတော့ ကျနော့်ဆီကို တစုံတရာ ရုံးချုပ်ကပြောဆိုလာတာတော့ မရှိသေးပါဘူး”ဟု ခိုင်သုခက DMG သတင်းဌာနကိုပြော သည်။

လက်ရှိနောက်ဆုံးအခြေအနေများကို သိရရန် ခိုင်သုခထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်းပြန်လည်ဖြေကြား ခဲ့ခြင်း မရှိပေ။

AA က ယခင်ပထမအကြိမ် အပစ်ရပ်စဲမှု ကျိုးပေါက်စဉ်ကလို စစ်ရေးအရ ပြန်လည်တုံ့ပြန်မည်လော၊သို့တည်း မဟုတ် စစ်တပ်နှင့် ညှိနှိုင်းဖြေရှင်းမည်လောဆိုသည်ကိုတော့ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ဒုတိယအကြိမ် အပစ်ရပ်မှုအတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးယန္တရားများ စနစ်တကျချဲ့ထွင်ကာအများ ပြည်သူအကျိုးဆောင်ရွက်ရန် ကြိုးပမ်းလာခြင်းဖြင့် AA က ရခိုင်ပြည်နယ်တွင် ၎င်း၏တရားဝင်မှုကို ခိုင်မာအောင် တည်ဆောက်နေခြင်းဖြစ်သည်။

သို့သော် စစ်တပ်ဘက်ကလည်း ၎င်း၏မျက်မှောက်တွင် AA အဖွဲ့ အင်အားကြီးထွားလာသည်ကိုစိတ်မသက်မသာဖြင့် စောင့်ကြည့်နေသည်။ သို့တိုင် နိုင်ငံတဝန်း အာဏာသိမ်းမှုဆန့်ကျင်သည့်တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်နေချိန်တွင် လူသူ၊ လက်နက်အင်အား တောင့်တင်းနေပြီဖြစ်သည့် AAအဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်လိုခြင်း ရှိမည် မဟုတ်ပေ။

AA အဖွဲ့အနေဖြင့်လည်း ၎င်းလှုပ်ရှားထိန်းချုပ်ရာနယ်မြေများ အတိုင်းအတာတစ်ခုအထိတည်ငြိမ်မှုရှိမှသာ အုပ်ချုပ်ရေးယန္တရားများကို အရှိန်အဟုန်ဖြင့် ဖော်ဆောင်နိုင်မည်ဖြစ်သည်။ရခိုင်ဒေသနေ ပြည်သူအများကလည်း ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ် အကြားကြုံခဲ့ရသည့်စစ်ဘေးဒုက္ခဒဏ်များ၊ ၂၀၂၂ ခုနှစ်ကကြုံခဲ့သည့် တကျော့ပြန် တိုက်ပွဲများအတွင်းက ကြုံတွေ့ခဲ့ရသည့်ခါးသီးသောအတွေ့အကြုံများကြောင့် သေနတ်သံများ ပြန်ဆူညံ လာမည် ကို မလိုလားကြပေ။ သို့ဖြစ်ရာAA ကလည်း အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုကို ထိန်းသိမ်းသွားဖွယ်ရှိသည်ဟု ယူဆရသည်။

”ကလေးတွေက ငယ်သေးတော့ အလုပ်လည်း လုပ်ဖို့ အဆင်မပြေသေးဘူး။ နှစ်ဘက်လက်နက်ကိုင်အဖွဲ့အစည်းက ညှိနှိုင်းပြီးတော့ နယ်မြေ ငြိမ်းချမ်းတာကိုပဲ မြင်ချင်တယ်”ဟု မမီးချေက သူ့မျှော်လင့်ချက်ကို ပြောပြသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticleNCA နှစ်ပတ်လည် ဖိတ်ကြားထားသည့် စစ်ကောင်စီက KIO ဌာနချုပ်ရှိရာ လိုင်ဇာကို ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်များအပါအဝင် ၃၀ နီးပါးသေဆုံး
Next Article ရခိုင်တွင် ညမထွက်ရအမိန့် ဆက်ထုတ်၍ ​ဒေသခံများ အခက်အခဲဖြစ်
thanlwinkhet
  • Website

Related Posts

တရုတ်အမြတ်ထွက်တဲ့ စစ်ကောင်စီရွေးကောက်ပွဲ

May 25, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ
  • သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်
  • ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

June 4, 2025

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

June 4, 2025

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

June 4, 2025

သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်

June 3, 2025

ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး

June 3, 2025

သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ

June 3, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.