• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • လွိုင်ကော်အကျဉ်းထောင်သို့ ထောင်ဝင်စာ ပို့ခွင့်ရရန် တောင်းဆို
  • လူငယ်တွေရဲ့ အနာဂတ် ခရီးကြမ်း
  • ဂါဇာတွင် ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံ အီဗီယာတာ ဒေးဗစ်၏ ဗီဒီယို ဟားမတ်စ်အဖွဲ့ ထုတ်ပြန်
  • ညောင်ဦးမြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုး၍ ဒေသခံသောင်းချီ တိမ်းရှောင်နေရ
  • မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ဇာတ်သိမ်းပိုင်း
  • မြင်းခြံတွင် ပြည်သူများထံမှ လုယက်မှုများ ရှိနေ
  • လပတ်ကျေးရွာ ဒေသခံတွေကို တော်လှန်ရေးတပ်မှ တိုက်ခိုက်သည်ဟု စစ်ကောင်စီဝါဒဖြန့်
  • လေကြောင်းတိုက်ခိုက်ခံရ၍ တစ်ပတ်အတွင်း ပြည်သူ ၂၇ ဦး သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»မီးလောင်တိုက်သွင်းခံနေရတဲ့ ဘာသာ‌ရေးအဆောက်အအုံတွေနဲ့ စစ်ကောင်စီချီးမြှင့်တဲ့ဘွဲ့တံဆိပ်တွေ
သတင်းဆောင်းပါး

မီးလောင်တိုက်သွင်းခံနေရတဲ့ ဘာသာ‌ရေးအဆောက်အအုံတွေနဲ့ စစ်ကောင်စီချီးမြှင့်တဲ့ဘွဲ့တံဆိပ်တွေ

thanlwinkhetBy thanlwinkhetOctober 12, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘမောင်
အောက်တိုဘာ ၁၂၊ ၂၀၂၃။

ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေအနေနဲ့ ထူးချွန်ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ၊ ပြည်သူတွေကိုဘွဲ့ထူးဂုဏ်ထူးတွေ အပ်နှင်းချီးမြှင့်လေ့ရှိကြပါတယ်။ အဲဒီလိုချီးမြှင့်ရာမှာလည်းသက်ဆိုင်ရာအစိုးရတွေက သူတို့နဲ့ပတ်သက်နေတဲ့ နိုင်ငံရေး၊ ဘာသာရေးနောက်ခံတွေနဲ့ဆက်စပ်ပြီးသူတို့သဘောကျသူတွေကိုသာ ချီးမြှင့်လေ့ရှိကြတယ်ဆိုတာ လည်း တွေ့ကြရမှာပါ။

ဒါပေမယ့် မြန်မာနိုင်ငံကတော့ အခြားနိုင်ငံတွေထက် အများကြီးထူးခြားတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။စစ်အာဏာရှင် တစ်ခေတ်လုံး သူတို့ပေးအပ်တဲ့ ဘွဲ့ထူးဂုဏ်ထူးအများစုဟာ သူတို့အလိုလိုက်အကြိုက်ဆောင်တဲ့ လူတွေကိုချည်း ဖြစ်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်ရောက်တဲ့အခါတော့ ဒီအချက်ကပိုပြီးထင် ရှားလာတယ်ဆိုတာ ၂၀၂၂ – ၂၃ ခုနှစ်အတွင်းပေးအပ်ခဲ့တဲ့ဘွဲ့ထူးဂုဏ်ထူးတွေကိုကြည့်ရင်သိသာလှပါတယ်။ စစ်ကောင်စီခေါင်းဆောင်ဟာနိုင်ငံရေး အသိုင်းအဝိုင်းနဲ့ ဘာသာရေးအသိုင်းအဝိုင်းကို ဘွဲ့ထူးဂုဏ်ထူးတွေပေးပြီးစည်းရုံးဆွဲဆောင်နေတယ်ဆိုတာလည်း ပေါ်လွင်နေပါတယ်။

၁၉၆၄ ခုနှစ်မှာငြိမ်းချမ်းရေးယူခဲ့ပြီး ကွယ်လွန်သွားရှာပြီဖြစ်တဲ့ကရင့်တော်လှန်ရေးကောင်စီခေါင်းဆောင် စောဟံတာသာမွှေးနဲ့ကွယ်လွန်ပြီဖြစ်တဲ့မွန်ပြည်သစ်ပါတီခေါင်းဆောင် နိုင်ရွှေကျင်တို့ကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးတာဟာကရင်နဲ့မွန်လူမျိုးတွေအပေါ် စည်းရုံးတဲ့သဘောဆောင်ပါတယ်။ စစ်တပ်နဲ့တစ်သက်လုံးလိုလို ပေါင်းစားရိုက်စား လုပ်ခဲ့၊လုပ်နေဆဲဖြစ်တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် – NDAK က စခုံတိန်းယိမ်း၊ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် – PNO က ဦးအောင်ခမ်းထီး၊ ကရင်အမျိုးသားအစည်းအရုံး – KNU က ဖဒိုအောင်ဆန်း၊ ရှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS / SSA က ယွက်ဆစ်၊ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO က ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ -ALP က ခိုင်စိုးနိုင်အောင်နဲ့ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် – DKBA က စောချစ်သူတို့လိုပုဂ္ဂိုလ်တွေအားလုံး ဝဏ္ဏကျော်ထင်ဘွဲ့ရကြပါတယ်။ နောက်ထပ်လည်း စစ်ကောင်စီနဲ့ ပုလဲနံပသင့်တဲ့တိုင်းရင်း သား လက်နက်ကိုင်တွေထဲက ရကြသူတွေလဲအများကြီးပါ။ ဒါက စကစရဲ့နိုင်ငံရေးတည်ဆောက်မှုပေါ့။

စကစရဲ့ ဘာသာရေးနဲ့ရောယှက်နေတဲ့ နိုင်ငံရေးတည်ဆောင်မှုကိုလည်း ကြည့်ကြရအောင်ပါ။

စစ်တပ်ဟာ သူ့သက်တမ်းတလျှောက်လုံး ဗမာလူမျိုးကြီးဝါဒကိုကျင့်သုံးပြီး ဗုဒ္ဓဘာသာမဟုတ်တဲ့အခြားဘာသာ တွေအပေါ် အမြဲလိုချိုးနှိမ်ဖိနှိပ်လေ့ရှိပါတယ်။ အထူးသဖြင့် အစ္စလာမ်ဘာသာကိုပေါ့။စစ်တပ်က နိုင်ငံရေးအကြပ် အတည်းတွေနဲ့ကြုံလာတိုင်း အစ္စလာမ်ဘာသာနဲ့အဓိကရုဏ်းတစ်မျိုးမျိုးဖန်တီးလေ့ရှိတာကို အများသိရှိပြီး ဖြစ်မှာ ပါ။ ခရစ်ယာန်ဘာသာကိုလည်းသိပ်တော့ချမ်းသာမပေးပါဘူး။ စစ်မြေပြင်တွေမှာ ခရစ်ယာန်ဘုရားကျောင်းတွေ ကိုမလိုအပ်ဘဲတမင်တိုက်ခိုက်ဖျက်ဆီးနေတာကြည့်ရင်သိသာပါတယ်။

ဒါပေမဲ့ ထွက်နေတဲ့အစွယ်ကိုဖုံးဖို့ စကစ က မင်းသားခေါင်းဆောင်းလေ့ရှိပါတယ်။ ဗုဒ္ဓဘာသာမဟုတ်တဲ့တခြား ဘာသာတွေကိုလည်း အားပေးချီးမြှင့်ပါတယ်ဆိုတဲ့ သဘောပေါ်လွင်အောင်စစ်ကောင်စီခေါင်းဆောင်က အစ္စလာမ် ခေါင်းဆောင်တွေနဲ့တွေ့၊ ခရစ်ယာန်ဘုရားကျောင်းတွေသွား၊ဟိန္ဒူဘုရားကျောင်းထဲဝင်တာတွေ လုပ်ပြပါတယ်။

မီးလောင်ဖျက်ဆီးခံခဲ့ရတဲ့ ထန်တလန်မြို့ (ယခင်ပုံဟောင်း)။ (ဓာတ်ပုံ - AFP)
မီးလောင်ဖျက်ဆီးခံခဲ့ရတဲ့ ထန်တလန်မြို့ (ယခင်ပုံဟောင်း)။ (ဓာတ်ပုံ – AFP)

အခုလည်း အခြားဘာသာရေးခေါင်းဆောင်တွေကို ဘွဲ့ထူးဂုဏ်ထူးပေးတာတွေလုပ်နေပြန်ပါပြီ။ဟိန္ဒူဘုန်းတော် ကြီးများ ဗဟိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မြင့်၊သီရိသျှီဝဘုရားကျောင်းဦးစီးနာယကဆရာတော် သီရိ ၁၀၀၈ ဆွာမိ၊ ဟိန္ဒူအဖွဲ့ချုပ်သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ် ဦးမောင်မောင်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်နာယက ဦးနန္ဒတို့ကို သီရိပျံချီဘွဲ့ပေးအပ်ခဲ့ပါတယ်။ ဟိန္ဒူဘာသာဝင်တွေရဲ့ခေါင်းဆောင်တွေကိုဒီလိုဘွဲ့ထူး တွေပေးပြီး ဟိန္ဒူဘာသာဝင်အားလုံးကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပုံရပါတယ်။နွေဦးတော်လှန်ရေး အရှိန် တက်နေစဉ်ကာလအတွင်း တောင်ဥက္ကလာ က ဟိန္ဒူဘုရားကျောင်းထဲစစ်ကောင်စီတပ်တွေဝင်လာပြီး ထင်ရာစိုင်း ခဲ့ကြတာ ဟိန္ဒူဘာသာဝင်တွေ မေ့နိုင်ကြလိမ့်ဦးမယ်မထင်ပါဘူး။

ခရစ်ယာန်ဘာသာမှာဆိုရင် မြန်မာနိုင်ငံ၊ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်တာဦးအေးမောင်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် မက်သဒစ်အသင်းတော်ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးမြတ်ဆန်း၊ ရန်ကုန် ကလျာဏယုဝခရစ်ယာန်အသင်း (YMCA)ဥက္ကဋ္ဌဒေါက်တာသာဉာဏ်၊ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် ဥက္ကဋ္ဌသိက္ခာတော်ရစောဆမ်ဆန်၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌစတီဗင်ဦးသန်းမြင့်ဦးနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌကာဒီနယ်ချားလ်ဘိုတို့ကို သီရိပျံချီ ဘွဲ့ ပေးအပ်ခဲ့ပါတယ်။ ကျန်တဲ့ခေါင်းဆောင်တွေနဲ့စစ်ကောင်စီကြားဆက်ဆံရေး ဘယ်လိုရှိတယ်ဆိုတာ သေချာ မသိရပေမဲ့ ကာဒီနယ်ချားလ်ဘိုကတော့စကစနဲ့အလွန်နီးကပ်ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေရဲ့ဘုရားကျောင်းတွေ မီးလောင်တိုက်သွင်းခံနေရချိန်မှာကိုပဲ စစ်ကောင်စီခေါင်းဆောင်နဲ့မိတ်မပျက်လက်ဆွဲနှုတ်ဆက်နိုင်သူဖြစ်ပါတယ်။ ကာဒီနယ်ချားလ်ဘိုရဲ့ဘာသာရေးခေါင်းဆောင်မှုအဆင့်အတန်းဟာ ဗမာပြည်တွင်းသာမကဗာတီကန်အထိပါပေါက်ရောက်ပါတယ်။

အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေဖြစ်ကြတဲ့ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ်(မအဖ)ဥက္ကဋ္ဌ ဟာဂျီ ဦးလှဝင်း၊ မြန်မာမွတ်စလင်လူငယ်များအဖွဲ့ ဘာသာရေးအဖွဲ့ချုပ် (မမလ) ဥက္ကဋ္ဌ ဟာဂျီဦးမြင့်ထွန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိန်လှ၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန်နဲ့ အိုလမာအစ္စလာမ်သာသနပညာရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌဦးစိုးသန်း တို့ကိုပါ စစ်ကောင်စီက သီရိပျံချီဘွဲ့ ချီးမြှင့်တာပါပဲ။

အထက်မှာဆိုခဲ့သလိုပဲ အစ္စလာမ်ဘာသာဟာ ဗုဒ္ဓဘာသာနဲ့အလွန်ရန်တိုက်ပေးလို့ကောင်းတဲ့ဘာသာရေးဖြစ်ပါတယ်။ ဒီအချက်ကို ကိုလိုနီခေတ်ကစပြီး အုပ်စိုးသူတွေ အသုံးပြုခဲ့ကြတာ ယနေ့ထိတိုင်ပါပဲ။မြန်မာပြည်မှာ ဗုဒ္ဓဘာသာ-အစ္စလာမ်အဓိကရုဏ်းတွေဟာ စစ်တပ်ဖန်တီးမှုကြောင့်အများဆုံးဖြစ်ပွားခဲ့ရတာပါ။

ရခိုင်ပြည်နယ် ကျောက်နီမော်က မသီတာထွေး အသတ်ခံရမှုကအစ မိတ္ထီလာအရေးအခင်းအလယ်မူဆလင် (ရိုဟင်ဂျာ) ဂျီနိုဆိုက်အဆုံး စစ်တပ်က မီးဟုန်းဟုန်းတောက်စေခဲ့တာပါ။ ဒါတွေကိုဖုံးကွယ်ပြီးသကာလောင်းအချို သပ်ဖို့ အစ္စလာမ်ခေါင်းဆောင်တွေကို ဘွဲ့ထူးတွေချီးမြှင့်တာပါပဲ။

လတ်တလောကြားရတဲ့ သတင်းတချို့အရ ရခိုင်ပြည်နယ်က ARSA တွေကို စကစကလက်နက်အထောက်အပံ့ပေး တာတွေ၊ ဘယ်ကာလကမှမရခဲ့ဖူးတဲ့ အထူးအခွင့်အရေးတွေအစ္စလာမ်ဝတ်ကျောင်းတွေကို ပေးနေတာတွေ ရှိတယ်လို့သိရပါတယ်။ ဒါတွေကဘာကိုဖော်ပြသလဲဆိုတော့ စစ်အာဏာရှင်ဆိုတာ ဘယ်အရာကိုမဆို သူ့ အကျိုးစီးပွားအထိုင်ပေါ်ကပဲကြည့်မြင်ဆုံးဖြတ်တယ်ဆိုတာပါ။

အခြားဘာသာတွေကို ချီးမြှောက်အပြီးမှာတော့ စစ်ကောင်စီက ဗုဒ္ဓသာသနာတော်ကြီးကိုလည်းချီးမြှောက် တင့်တယ်စေပြန်ပါတယ်။ ပန်းမကိုင်ဘဲဂန်းကိုင်မယ်ဆိုတဲ့ကိုယ်တော် နာမည်ကျော်ဝီရသူကိုသီရိပျံချီဘွဲ့ပေးပါ တယ်။ အာဏာမသိမ်းခင်လေးတင်လာအဖမ်းခံပြီး

အာဏာသိမ်းပြီးမကြာခင်ပြန်လွတ်သွားတဲ့ ဝီရသူဟာ မဘသ အားကောင်းတဲ့နေရာတွေမှာစစ်ကောင်စီထောက်ခံပွဲတွေကို ဦးဆောင်နေပြန်ပါပြီ။ အစ္စလာမ်အမုန်းမီး မွှေးခဲ့သူတွေထဲမှာဝီရသူလည်းပါတာပေါ့။ Smiling ကိုယ်တော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကတော့ သရေစည်သူ ဘွဲ့ရပါတယ်။

မာရဝိဇယ ဘုရားတည်ရာမှာ စွမ်းစွမ်းတမံပါဝင်ခဲ့လို့ ပေးတာလို့စစ်ကောင်စီက ဆိုပါတယ်။အရှင်ဉာဏိဿရရဲ့ အစွမ်းကလည်းမသေးလှပါဘူး။ ရှေ့တန်းစစ်မြေပြင်တွေအထိလိုက်ပြီးစစ်ကောင်စီကို အားပေးတဲ့အပြင် ဘာသာ ခြားတွေကို သတ်ရင် ငရဲမကျဘူးလို့ ရဲရဲကြီးဆိုခဲ့သူပါ။ဂေါတမဗုဒ္ဓကိုယ်တော်ဘယ်ကြွကြွ ရဟန်း ၅၀၀ နဲ့ ကြွတာ က အန္တရာယ်ကိုကာကွယ်ဖို့ ဖြစ်တယ်လို့လည်းသီတဂူဆရာတော်ကြီးကမိန့်တော်မူခဲ့တာပါ။

စစ်ကောင်စီခေါင်းဆောင်နှင့် သီတဂူဆရာတော်။ (ဓာတ်ပုံ - Twitter)
စစ်ကောင်စီခေါင်းဆောင်နှင့် သီတဂူဆရာတော်။ (ဓာတ်ပုံ – Twitter)

ဘဒ္ဒန္တဒေါက်တာဆေကိန္ဒလည်း စည်သူဘွဲ့ရပါတယ်။ သူကလည်းမာရဝီဇယဘုရားကြီးတည်ဆောက်ရေးမှာ ပါဝင် ကူညီလို့ ပေးတာပါပဲတဲ့။ မင်းအလိုလိုက်မင်းအကြိုက်ဆောင်ကိုယ်တော်တစ်ပါးပါပဲ။ မော်လမြိုင်က မဘသခေါင်းဆောင်ဘဒ္ဒန္တဝိမလဗုဒ္ဓိကိုလည်း သရေစည်သူဘွဲ့ပေးပါတယ်။ ဒီကိုယ်တော်ကတော့ မဘသ အဖွဲ့ထဲမှာ headlineလို့ဆိုရမယ့် သဘောထားပြင်းထန်သူဖြစ်ပါတယ်။

သီရိပျံချီဘွဲ့ရတဲ့ ကိုယ်တော် ၂ ပါးကတော့ ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသနဲ့ ဘဒ္ဒန္တကဝိဓဇတို့ဖြစ်ပါတယ်။အရှင် သီလက္ခန္ဓာဘိဝံသ ဟာ မဘသတည်ထောင်သူတစ်ဦးဖြစ်ပြီး စဖွဲ့စဉ်မှာဒု-ဥက္ကဋ္ဌတာဝန်ယူခဲ့သူဖြစ်ပါတယ်။ မော်ကျွန်းဆရာတော်လို့လည်းထင်ရှားပြီးတောင်ဒဂုံကသူ့ကျောင်းတိုက်ဟာ အမျိုးသားရေးအစွန်းရောက်တွေ ပွဲခံရာနေရာဌာနတစ်ခုဖြစ်ပါတယ်။

အရှင်ကဝိဓဇဟာလည်း ကရင်ပြည်နယ်က မဘသခေါင်းဆောင်ပါ။ NLD အစိုးရလက်ထက်မဘသနှိမ်နှင်းရေးတွေ လုပ်တဲ့အခါ သူ့ကျောင်းမှာ မဘသဆိုင်းဘုတ်မဖြုတ်ဘဲအမာခံရပ်တည်ခဲ့သူလည်းဖြစ်ပါတယ်။ KNU ခွဲထွက် DKBA ရဲ့ ကိုးကွယ်ခံကိုယ်တော်ဖြစ်ပြီး
ဇွဲကပင်ဆရာတော်လို့လည်းထင်ရှားပါတယ်။ ဇွဲကပင်ဇီဝိတဒါနနဲ့ပညာဒါန ကျောင်းတည်ထောင်ထားတဲ့သူလည်းဖြစ်ပါတယ်။ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ(ပါမောက္ခချုပ်ဆရာတော်)ကိုလည်းသရေစည်သူဘွဲ့ပေးပါတယ်။စစ်ကောင်စီပေးတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေရတဲ့ကိုယ်တော်တွေကို လေ့လာကြည့်မယ်ဆိုရင်မဘသကိုယ်တော် အများစုနဲ့ စစ်ကောင်စီလုပ်သမျှအကုန်ဟုတ်ဆိုပြီးတဲ့မူနဲ့ထောက်ခံတဲ့ကိုယ်တော်တွေဖြစ်နေတာ တွေ့ရပါလိမ့် မယ်။ ဓမ္မနဲ့အဓမ္မအကြားစည်းခြားပြီးနေမယ်ဆိုတဲ့ကိုယ်တော်မျိုးကိုတော့ ဒီလိုဘွဲ့တံဆိပ်ချီးမြှင့်တဲ့ အခမ်းအနား တွေမှာတွေ့ရမှာမဟုတ်ပါဘူး။

စစ်အာဏာရှင်စနစ်တည်တံ့ခိုင်မြဲရေးနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ချမ်းသာသထက် ချမ်းသာရေးကိုသာဦးထိပ်ပန်ဆင်တဲ့ စစ်ခေါင်းဆောင်တွေရဲ့ သဘောထားဘာလဲဆိုတာ အထက်ကတင်ပြချက်တွေကိုကြည့်ရင် ရှင်းလောက်ပြီ လို့ထင်ပါတယ်။

နိုင်ငံရေးပဲဖြစ်ဖြစ်၊ ဘာသာရေးပဲဖြစ်ဖြစ်၊ အခြားဘာအရေးပဲဖြစ်ဖြစ် စစ်တပ်အကျိုးစီးပွားနဲ့ကိုက်ရင်စစ်ကောင်စီက ချီးမြှင့်မြှောက်စားမှာဖြစ်ပြီး သူတို့စိတ်နဲ့မကိုက်ရင် သူတို့အကျိုးစီးပွားထိခိုက်ရင်တော့ဖိနှိပ်စော် ကားပါလိမ့်မယ်။

နိုင်ငံကို လိုရာဆွဲအသုံးချပြီးဖျက်ဆီးနေတဲ့ စစ်အာဏာရှင်တွေနဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ချေမှုန်းဖျက်ဆီးပစ်ရမှာက ကျွန်တော်တို့အားလုံးရဲ့တာဝန်ပါပဲမဟုတ်လား ခင်ဗျာ. . . . . . .။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအစ္စရေးအပါအဝင် မြန်မာစစ်တပ်ကို လက်နက်ရောင်းချခဲ့တဲ့နိုင်ငံတွေ
Next Article မုန်းဒေသခံများ စစ်ဘေးနှင့်အတူ ရေဘေးဒဏ်ပါကြုံနေရ
thanlwinkhet
  • Website

Related Posts

လူငယ်တွေရဲ့ အနာဂတ် ခရီးကြမ်း

August 5, 2025

မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ၁

July 27, 2025

လားရှိုးမြို့ကိုပြန်ပေးလိုက်ရခြင်းက မြန်မာ့အတိုက်အခံအဖွဲ့တွေအပေါ် ဘယ်လိုသက်ရောက်ခဲ့လဲ. . . . .?

July 17, 2025

Leave A Reply Cancel Reply

Recent Posts

  • လွိုင်ကော်အကျဉ်းထောင်သို့ ထောင်ဝင်စာ ပို့ခွင့်ရရန် တောင်းဆို
  • လူငယ်တွေရဲ့ အနာဂတ် ခရီးကြမ်း
  • ဂါဇာတွင် ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံ အီဗီယာတာ ဒေးဗစ်၏ ဗီဒီယို ဟားမတ်စ်အဖွဲ့ ထုတ်ပြန်
  • ညောင်ဦးမြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုး၍ ဒေသခံသောင်းချီ တိမ်းရှောင်နေရ
  • မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ဇာတ်သိမ်းပိုင်း

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

လွိုင်ကော်အကျဉ်းထောင်သို့ ထောင်ဝင်စာ ပို့ခွင့်ရရန် တောင်းဆို

လူငယ်တွေရဲ့ အနာဂတ် ခရီးကြမ်း

ဂါဇာတွင် ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံ အီဗီယာတာ ဒေးဗစ်၏ ဗီဒီယို ဟားမတ်စ်အဖွဲ့ ထုတ်ပြန်

ညောင်ဦးမြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုး၍ ဒေသခံသောင်းချီ တိမ်းရှောင်နေရ

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

လွိုင်ကော်အကျဉ်းထောင်သို့ ထောင်ဝင်စာ ပို့ခွင့်ရရန် တောင်းဆို

August 5, 2025

လူငယ်တွေရဲ့ အနာဂတ် ခရီးကြမ်း

August 5, 2025

ဂါဇာတွင် ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံ အီဗီယာတာ ဒေးဗစ်၏ ဗီဒီယို ဟားမတ်စ်အဖွဲ့ ထုတ်ပြန်

August 4, 2025

ညောင်ဦးမြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုး၍ ဒေသခံသောင်းချီ တိမ်းရှောင်နေရ

August 4, 2025

မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ဇာတ်သိမ်းပိုင်း

August 3, 2025

မြင်းခြံတွင် ပြည်သူများထံမှ လုယက်မှုများ ရှိနေ

August 3, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.