သံလွင်ခက်
အောက်တိုဘာ ၉ ၊ ၂၀၂၃ ။
မယ်စဲ့မြို့အပါအဝင် ထိုင်း–ကရင်နီနယ်စပ်က တပ်စခန်းတွေကို ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီဟာ အင်အားထောင်ချီအသုံးပြုပြီး ပြန်လည်ထိုးစစ်ဆင်နေပေမယ့် ထိခိုက်ကျဆုံးမှု များစွာနဲ့ ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ဇွန်လတတိယအပတ်အတွင်း မယ်စဲ့မြို့ကို တော်လှန်ရေးအင်အားစုတွေက အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ တာဖြစ်ပြီး စစ်ကောင်စီက ဇွန်လနောက်ဆုံးပတ်ထဲကနေ ပြန်လည်ထိုးစစ်ဆင်နေတာ အခုဆိုရင် သုံးလကျော်နေ ပါပြီ။
စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်နေခဲ့တဲ့ ဇူလိုင်၊ သြဂုတ် နဲ့ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၁၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် တပ်ဖွဲ့ ၂၇၂ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။
ဒါအပြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်သုံ့ပန်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့သလိုလက်နက်ငယ် ၅၉ လက်၊ လက်နက်ကြီး ၅ လက်နဲ့ ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့သုံးလတာထိုးစစ်တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၀၇ ကြိမ်ပြုလုပ်ခဲ့တဲ့အပြင်
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှု၊ မြေမြှုပ်မိုင်းထိမှု၊ ဒရုန်းနဲ့ဗုံးကြဲတွေကြောင့် ပြည်သူ ၁၇ ဦးသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဘာသာရေးအဆောက်အဦး၊ ကျန်းမာရေးအဆောက်အဦး၊ စာသင်ကျောင်းနဲ့ နေအိမ်တွေ ၁၀၀ နီးပါပျက်ဆီးခဲ့ပြီး KNDF ရဲဘော် ၁၅ ဦးကျဆုံးခဲ့ရတယ်လို့ KNDF ကဖော်ပြထားပါတယ်။
ဓာတ်ပုံ–ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2090
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5788