• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»အစ္စရေးအပါအဝင် မြန်မာစစ်တပ်ကို လက်နက်ရောင်းချခဲ့တဲ့နိုင်ငံတွေ
သတင်းဆောင်းပါး

အစ္စရေးအပါအဝင် မြန်မာစစ်တပ်ကို လက်နက်ရောင်းချခဲ့တဲ့နိုင်ငံတွေ

thanlwinkhetBy thanlwinkhetOctober 11, 2023No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
အောက်တိုဘာ ၁၁၊ ၂၀၂၃။

၁၉၄၈ ခုနှစ် ဗြိတိသျှတွေရဲ့အုပ်ချုပ်ရေး မြန်မာနိုင်ငံမှာအဆုံးသတ်သွားချိန်ကစပြီးနိုင်ငံတစ်ဝန်းပြည်တွင်းစစ်ဖြစ်ခဲ့တဲ့ အတွက် တိုင်းပြည်အေးချမ်းငြိမ်သက်မှုမရှိခဲ့ပါဘူး။မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပြင်းထန်တဲ့လူ့အခွင့်အရေးချိုး ဖောက်မှုတွေမှာပါဝင်ပတ်သက်နေတဲ့အတွက် ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းကာလကစပြီး အမေရိကန် နဲ့ ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချခွင့်တားမြစ်ခဲ့ပါတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေနဲ့လူနည်းစု တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်စစ်တပ်ကနိုင်ငံတကာဥပဒေတွေကိုချိုးဖောက်ပြီးဖိနှိပ်မှုတွေဆောင်ရွက်နေတဲ့အတွက် အာဏာသိမ်းစစ်တပ်ကို လက်နက်ရောင်းတာမျိုးမလုပ်ဖို့ ဒီကနေ့အထိတားမြစ်ထားပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်ခင် ၂ လအလို စက်တင်ဘာလမှာတော့မြန်မာစစ်တပ်ရဲ့အကြီးတန်းစစ်ရာဇဝတ် ကောင်တွေပါဝင်တဲ့ စစ်ကိုယ်စားလှယ်အဖွဲ့အစ္စရေးနိုင်ငံကိုရောက်ရှိခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အစ္စရေးနိုင်ငံရဲ့ ကာကွယ်ရေးစက်ရုံတွေ ၊လေကြောင်း နဲ့ ရေကြောင်းအခြေစိုက်စခန်းတွေကို လေ့လာဖို့အတွက်ပါ။ အစပိုင်းမှာတော့အစ္စရေးစစ်တပ်ရဲ့သတင်းထောက်တွေက ဒီခရီးစဥ်အကြောင်းလျှို့ဝှက်ထားခဲ့ပေမယ့်မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူသိရှင်ကြားဖြစ်စေဖို့ရည်ရွယ်ချက်နဲ့ အစ္စရေးခရီးစဥ်မှတ်တမ်းဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်တင်စေခဲ့ပါတယ်။

ဒီခရီးစဥ်အတွင်း နည်းပညာရောင်းချတာတွေအပြင် စစ်ရေးလေ့ကျင့်ပေးဖို့နဲ့ထောက်လှမ်းရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ဖို့ နှစ်နိုင်ငံအကြားနားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့ကြသည်။ အဲဒီနားလည်မှုစာချွန်လွှာအခြေခံအရ အစ္စရေးကုမ္ပဏီတွေကစစ်ရေးလေ့ကျင့်မှု ၊ လေ့လာစောင့်ကြည့်ရေးနဲ့ ထောက်လှမ်းရေး UAVs တွေ မိုဘိုင်းလ်ဖုန်းဟက်ကာနည်းစနစ်တွေကို ရောင်းချခဲ့ပါတယ်။

နှစ်နိုင်ငံအကြားနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးပြီးသိပ်မကြာခင်၂၀၁၆ ခုနှစ်အောက်တိုဘာလမှာတော့ ဘင်္ဂ လားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ခွဲထွက်အာဆာနဲ့ မူဆလင်(ရိုဟင်ဂျာ)လူနည်းစုပါဝင်တဲ့အဖွဲ့ငယ်လေးတွေကို မြန်မာစစ်တပ် က ကြီးမားတဲ့စစ်ဆင်ရေးတွေဆင်နွှဲခဲ့ပါတယ်။ရွာလုံးကျွတ်မီးရှို့ပြီး အရပ်သားတွေကို ညှဥ်းပမ်းနှိပ်စက်သတ်ဖြတ်တာတွေနဲ့အမျိုးသမီးတွေအပေါ်အဓမ္မပြုကျင့်တာတွေကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့ပါတယ်။ဒီဇင်ဘာလမတိုင်ခင်မှာပဲ မူဆလင် (ရိုဟင်ဂျာ) အနည်းဆုံး ၃ သောင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ပြည်သူလူထု နဲ့ မီဒီယာတွေရဲ့ဖိအားပြင်းထန်လာတဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့အစ္စရေးလုံခြုံရေးကုမ္ပဏီတွေအားလုံး ၂၀၁၈ အစောပိုင်းမှာပဲ လုပ်ငန်းအားလုံးရပ်စဲသွားပါတယ်။ဒါပေမယ့်လည်း အစ္စရေးစစ်လက်နက်ပစ္စည်းတွေကတော့ မြန်မာနိုင်ငံမှာရှိနေတုန်းပါ။ကာကွယ်ရေးဆိုင်ရာတင်ပို့မှုမူဝါဒတွေပြောင်းလဲခဲ့ပေမယ် မြန်မာနိုင်ငံအပေါ် အစ္စရေးရဲ့ နိုင်ငံရေးထောက်ပံ့မှုကတော့ ခိုင်မြဲနေဆဲပါပဲ။

မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတင်ပို့ရောင်းချတာမျိုးမလုပ်ဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေကတားမြစ်ခဲ့ ပေမယ့် ၂၀၁၉ ခုနှစ်မှာပဲ အစ္စရေးလက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ CCA Industriesက လက်နက်ထုတ်လုပ် နိုင်မယ့်စက်ပစ္စည်းတွေမြန်မာနိုင်ငံကိုရောင်းချခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်ကJustice for Myanmar ကထုတ်ပြန်ခဲ့ပါတယ်။

JFM ရဲ့အစီရင်ခံစာအရဆိုရင်တော့ ၂၀၁၉ ခုနှစ် ဇူလိုင်လက အစ္စရေးလက်နက်ထုတ်လုပ်ရေးကုမ္ပဏီ CC AIndustries က မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူပေးနေတဲ့ ကြားခံကုမ္ပဏီတစ်ခုကိုပလတ်စတစ်ပိုလီမာတွေ ပုံသွန်း လောင်းနိုင်တဲ့ စက်ပစ္စည်းတွေအပါအဝင် စက်ပစ္စည်း ၂ တန်ပေးပို့ခဲ့တယ်လို့သိရပါတယ်။ ပေးပို့ခဲ့တဲ့စက်ပစ္စည်းတွေကို ရိုင်ဖယ်သေနတ်တွေရဲ့လက်ကိုင်တွေလို
အစိတ်အပိုင်းတွေထုတ်လုပ်ဖို့ အသုံးပြုနိုင်ပါတယ်။

လက်နက်ကျွမ်းကျင်သူတွေရဲ့ လေ့လာသုံးသပ်ချက်တွေအရ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမြန်မာစစ်တပ်အနေနဲ့ ပိုလီမာပလတ်စတစ်နဲ့ပြုလုပ်တဲ့ ပြည်တွင်းဖြစ် အသေးစားသေနတ်အသုံးပြုမှုတိုးလာတယ်လို့ သိရပါတယ်။ ကပစ လက် နက်ထုတ်လုပ်ရေးစက်ရုံတွေကထုတ်လုပ်တဲ့တိုက်ခိုက်ရေးရိုင်ဖယ်တွေနဲ့ အပေါ့စားစက်သေနတ်တွေရဲ့လက်ကိုင်တွေ က CCA Industriesကထုတ်လုပ်နေတဲ့သေနတ်တွေရဲ့ လက်ကိုင်ဒီဇိုင်းတွေနဲ့ တထပ်တည်းတူညီနေတယ်လို့ JFM မှာဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ်ကကျင်းပခဲ့သည့် အစ္စရေးလက်နက်ပြပွဲတစ်ပွဲတွင် မြန်မာစစ်ဗိုလ်ချုပ်တစ်ဦးကိုတွေ့မြင်ရစဥ်။ (ဓာတ်ပုံ - Haaretz)
၂၀၁၉ ခုနှစ်ကကျင်းပခဲ့သည့် အစ္စရေးလက်နက်ပြပွဲတစ်ပွဲတွင် မြန်မာစစ်ဗိုလ်ချုပ်တစ်ဦးကို
တွေ့မြင်ရစဥ်။ (ဓာတ်ပုံ – Haaretz)

အလားတူ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီ ၉ ရက် ညသန်းခေါင်ယံအချိန်မှာ ဆားဘီးယားနိုင်ငံထုတ် ရာနဲ့ချီတဲ့ ၈၀မမ ဒုံး ကျည်တွေသယ်ဆောင်ထားတဲ့လေယာဥ် ၁ စီး ဘဲလ်ဂရိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကထွက်ခွာလာခဲ့ပါတယ်။ အဲဒီ လေယာဥ်ဟာ အီဂျစ်မှာရပ်နားခဲ့ပြီးမြန်မာနိုင်ငံကိုပျံသန်းခဲ့တယ်လို့ Balkan Insight မှာ ဖော်ပြထားပါတယ်။

ဆားဘီးယားနဲ့မြန်မာစစ်တပ်တို့ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကတည်းကနွေးထွေးတဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ မြန်မာစစ်တပ် နဲ့ ဆားဘီးယားနိုင်ငံကကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို လက်မှတ်ရေးထိုး ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိလက်နက်နဲ့ကာကွယ်ရေးဆိုင်ရာတွေမှာတိုးမြှင့်သွားမယ်လို့ လူသိရှင်ကြားပြောဆိုခဲ့ပါတယ်။ဆားဘီးယားအစိုးရဝဘ်ဆိုက်မှာဖော်ပြထားချက်အရ – နှစ်နိုင်ငံဆက်ဆံရေးဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာပထမဆုံး ချိတ်ဆက်ခဲ့မိချိန်ကတည်းကစပြီး စစ်ရေးနဲ့ပတ်သက်တဲ့အလွန်ရင်းနှီးတဲ့ဆက်ဆံရေးအပြင်စီးပွားရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံဟာ ယူဂိုဆလားဗီးယားနိုင်ငံရဲ့ ပထမဆုံးနိုင်ငံတကာလက်နက်ဝယ်ယူသူဖြစ်ခဲ့ပါတယ်။ယူဂိုဆလားဗီးယား က ဦးနေဝင်းရဲ့အာဏာရှင်စနစ်ကိုသဘောကျခဲ့ပြီး အာဏာရှင်နှစ်နိုင်ငံအကြားရင်းနှီးတဲ့မဟာမိတ်ဖြစ်ခဲ့ပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေကစပြီး ဂျက်တိုက်လေယာဥ်နဲ့ အကြီးစားအမြောက်တွေကို ဦးနေဝင်းအတွက် ယူဂိုဆလားဗီး ယား က အဓိကထောက်ပံ့ပေးခဲ့ပါတယ်။

၁၉၉၀ မှာ ယူဂိုဆလားဗီးယားပြိုကွဲသွားခဲ့ပေမယ့် ဆားဘီးယား နဲ့ မြန်မာစစ်တပ်ရဲ့ ဆက်ဆံရေးကတော့ဆက်ပြီး တည်တံ့နေခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှတ်တမ်းအရ ဆားဘီးယားကမြန်မာစစ်တပ်ကိုဟောင်ဝစ်ဇာအမြောက် ၅၄ လက် ရောင်းချခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ၃၆ လက်ထပ်မံရောင်းချခဲ့ပါတယ်။ ၂၀၀၃ခုနှစ်မှာလည်း ၁၉၉၀ ပြည့်လွန်နှစ်တွေက ရောင်းချခဲ့တဲ့ 12 4 G4 ဂျက်လေယာဥ်တွေကိုပြန်ပြီးမွမ်းမံဖို့ဆားဘီးယားအင်ဂျင်နီယာတွေကို မြန်မာနိုင်ငံဆီစေလွှတ်ခဲ့ ပါသေးတယ်။ အဲဒါတွေအထဲက ၃စီးကိုလက်ရှိအချိန်အထိအသုံးပြုနေပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ဆားဘီးယားကာကွယ်ရေးဝန်ကြီးတို့ ၂၀၁၉ ခုနှစ် စက်တင်လာတွင်တွေ့ဆုံခဲ့ကြ စဥ်။ (ဓာတ်ပုံ - Twitter)
ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ဆားဘီးယားကာကွယ်ရေးဝန်ကြီးတို့ ၂၀၁၉ ခုနှစ် စက်တင်လာတွင်
တွေ့ဆုံခဲ့ကြ စဥ်။ (ဓာတ်ပုံ – Twitter)

မြန်မာနိုင်ငံကို အီရန်လေယာဥ်တွေဆင်းသက်ခဲ့ပြီးနောက်ပိုင်း အီရန်နဲ့အာဏာသိမ်းစစ်တပ်အကြားမှာစစ်ဘက်ဆိုင်ရာ လျှို့ဝှက်လှုပ်ရှားမှုတွေရှိနေတယ်လို့ ထင်ကြေးတွေထွက်ပေါ်လာခဲ့ပါတယ်။အမည်မဖော်လိုတဲ့အရှေ့တောင်အာရှ အခြေစိုက်သံတမန်ရင်းမြစ်အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်ကမြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ အီရန်ကိုယ်စား လှယ်အဖွဲ့ဟာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံကို ဒုတိယ သို့မဟုတ် တတိယအကြိမ် လာ ရောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အာဏာသိမ်းပြီးချိန်ကတည်းကစပြီး အီရန်ကိုယ်စားလှယ်အဖွဲ့တွေ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ခဲ့ပေမယ့် အီရန်မီဒီယာတွေမှာဖော်ပြတာမျိုးမရှိပါဘူး။

Asia Times ကရရှိထားတဲ့အချက်အလက်တွေအရလာရောက်ခဲ့တဲ့အီရန်ကိုယ်စားလှယ်အဖွဲ့နာမည်စာရင်းတွေမှာ ကွဲလွဲမှုတွေရှိနေတယ်လို့သိရပါတယ်။အမည်မဖော်လိုတဲ့ အီရန်အရေးလေ့လာသုံးသပ်သူတစ်ယောက်ကလည်း နာမည်တချို့ဟာအစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်အပါအဝင် စစ်တပ်နဲ့ဆက်နွယ်နေသူတွေနဲ့တူတူပဲလို့ဆိုပါတယ်။၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်ကလည်း အီရန်လေယာဥ်တစ်စီး နေပြည်တော်လေဆိပ်ကိုဆင်းခဲ့တယ်လို့သိရပါတယ်။ ဖြစ်နိုင်စရာအရှိဆုံးအချက်ကတော့ အာဏာသိမ်းစစ်တပ်ကိုအီရန်ကပဲ့ထိန်းဒုံးကျည်တွေထောက်ပံ့ဖို့ဖြစ်နိုင်တယ်လို့ Asia Times ကကောက်ချက်ချထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်းထွက်ပေါ်လာတဲ့အချက်အလက်အရ မြန်မာစစ်တပ်ပိုင် ဒရုန်းတွေပြုပြင်ဖို့လိုအပ်တဲ့အပိုပစ္စည်းတွေ၊ အထူးသဖြင့် ဒရုန်းအင်ဂျင်တွေကို အီရန်နိုင်ငံဆီကဝယ်ယူထားတယ်လို့ အီရန်အင်တာနေရှင်နယ်မှာဖော်ပြထားပါ တယ်။

“The Economic Times” ရဲ့ဖော်ပြချက်အရဆိုရင်လည်း အာဏာသိမ်းစစ်တပ်နဲ့ပါကစ္စတန်နိုင်ငံတို့အကြားစစ်ရေးပူး ပေါင်းဆောင်ရွက်မှုက အရှိန်မြှင့်လာနေပါတယ်။ ဒီနှစ်နိုင်ငံကြားကစစ်ဘက်ဆက်ဆံရေးကိုအဓိကတွန်းအားပေးနေသူ တွေထဲမှာ အရင်ကအာဏာရှင်ဟောင်းဖြစ်ခဲ့တဲ့ ဦးနေဝင်းရဲ့မြေးအေးနေဝင်းလည်းပါဝင်ပါတယ်။ အေးနေဝင်းဟာ ပြီးခဲ့ တဲ့ဆယ်စုနှစ်တွေအတွင်းက
စစ်အာဏာရှင်တွေလက်ထက်မှာ မြန်မာ့ကာကွယ်ရေးကဏ္ဍအတွက် အဓိကကျခဲ့သူတစ် ယောက်ဖြစ်ခဲ့ပြီးအာဏာသိမ်းပြီးနောက်ပိုင်း ပါကစ္စတန်သံတမန်တွေနဲ့ အဆက်အသွယ်ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ပါကစ္စတန်ဝန်ကြီးဌာနကအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံကိုလာရောက်ခဲ့ပေမယ့် နှစ်ဘက်စလုံးကထုတ်ဖော်ပြောကြားတာမျိုးမရှိခဲ့ပါဘူး။အာဏာသိမ်းစစ်တပ်အနေနဲ့ ပါကစ္စတန်ကနေ ၆၀ နဲ့ ၈၀ မမ မော်တာတွေ ၊ M-79 လောင်ချာတွေအပြင် JF-17 တိုက်လေယာဥ်အတွက် ဝေဟင်ကနေမြေပြင်ပစ်ဒုံးကျည်တွေဝယ်ယူ ဖို့ရှိနေပါတယ်။

Stockholm International Peace Research Institute (SIPRI) ရဲ့အစီရင်ခံစာအရ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်ငါးနှစ် တာကာလအတွင်း အိန္ဒိယနိုင်ငံကမြန်မာနိုင်ငံကိုလက်နက်တင်ပို့တဲ့တတိယအကြီးဆုံးနိုင်ငံဖြစ်လာခဲ့ပြီး တရုတ် နဲ့ ရုရှားရဲ့နောက်မှာရပ်တည်နေပါတယ်။ဖေဖော်ဝါရီလနှောင်းပိုင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့သီးခြားအစီရင် ခံစာမှာတော့အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံကမြန်မာနိုင်ငံကိုလက်နက်တင်ပို့တဲ့ထိပ်တန်းနိုင်ငံဖြစ်လာခဲ့တယ် လို့သိရပါတယ်။

တီဟီရန်ပြပွဲတစ်ခုတွင်တွေ့ရသော MD550 အမျိုးအစား ဒရုန်းအင်ဂျင်။ (ဓာတ်ပုံ - Reuters)
တီဟီရန်ပြပွဲတစ်ခုတွင်တွေ့ရသော MD550 အမျိုးအစား ဒရုန်းအင်ဂျင်။ (ဓာတ်ပုံ – Reuters)

တရုတ် ၊ ရုရှား ၊ အိန္ဒိယ ၊ အစ္စရေး ၊ ဆားဘီးယား ၊ အီရန် ၊ ပါကစ္စတန်ပြီးရင်ကုလသမဂ္ဂစုံစမ်းစစ်ဆေးမှုတွေအရ အာဏာ သိမ်းစစ်တပ်ကိုလက်နက်ရောင်းချခဲ့တဲ့နောက်ထပ်နိုင်ငံတွေကတော့ ယူကရိန်း ၊ ဘရပ်စ်ဆဲလ် ၊ မြောက်ကိုရီးယား တို့ဖြစ်တယ်လို့သိရပြီး Justice For Myanmar ရဲ့အစီရင်ခံစာအရ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကလည်း အာဏာသိမ်းစစ်တပ်ကိုလက်နက်ရောင်းချခဲ့တယ်လို့သိရပါတယ်။

ဖော်ပြခဲ့တဲ့အချက်အလက်အရဆိုရင်တော့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ်လက်နက်မရောင်း ချရေးပိတ်ဆို့မှုတွေက အလုပ်မဖြစ်ဘူးဆိုတာ တွေ့ရပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleပဲခူးရေဘေးသင့်ပြည်သူများ သောက်သုံးရေလိုအပ်နေ
Next Article မီးလောင်တိုက်သွင်းခံနေရတဲ့ ဘာသာ‌ရေးအဆောက်အအုံတွေနဲ့ စစ်ကောင်စီချီးမြှင့်တဲ့ဘွဲ့တံဆိပ်တွေ
thanlwinkhet
  • Website

Related Posts

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

နယ်စည်းမခြား မုန်တိုင်းဒဏ်နှင့် စည်းခြားသွားသော မျှော်လင့်ချက်များ (သတင်းဆောင်းပါး)

December 7, 2025

AA လက်ထက် ပထမဆုံး မူဆလင်အုပ်ချုပ်ရေးမှူး (သတင်းဆောင်းပါး)

December 6, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.