• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ထိုင်းမြန်မာနယ်စပ် ကနဲလေးစစ်စခန်းကို ပူးပေါင်းတပ် ထပ်မံ သိမ်းပိုက်
  • မြေပုံ တောင်ပေါ်မူဆလင်ဒုက္ခသည်စခန်းတွင် မိုးရာသီအတွက် နေအိမ်များ ပြုပြင်ရန် အကူအညီလို
  • ထိုင်းတွင် ဆိုင်ကယ်ဦးထုပ်မဆောင်းပါက ဒဏ်ငွေ နှစ်ဆ ပေးဆောင်ရမည်
  • လူငယ်ဒလန်တွေစေလွှတ်ပြီး တော်လှန်ရေးတပ်တွေရဲ့ သတင်းအချက်အလက်ကို စစ်ကောင်စီ ရယူနေ
  • DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကို စစ်ကောင်စီ ဗုံးကြဲ
  • သေ့ဘောဘိုးသို့ စစ်ကူလာသော စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များ ချေမှုန်း
  • မြန်မာဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်း ကလေးငယ်များ ကျောင်းမပို့
  • ဘလက်ဒိုစခန်းကျပြီး ၅ ရက်မြောက်နေ့ သေ့ဘောဘိုးတိုက်ပွဲပြင်းထန်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?
ဆောင်းပါး

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?

thanlwinkhetBy thanlwinkhetSeptember 27, 2023No Comments3 Mins Read
Facebook Twitter WhatsApp
ပုံစာ - ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းနှင့် ရဲဘော်များ။
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
စက်တင်ဘာ ၂၇၊ ၂၀၂၃။
ပအိုဝ်းပြည်နယ်ဖွဲ့စည်းရန်အတွက် ပအိုဝ်းအမျိုးသားအခြေခံဥပဒေကိုရေးဆွဲသွားမည်ဖြစ်ကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်တွင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ပအိုဝ်းပြည်နယ်ဖွဲ့စည်းရာတွင် ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် တစ်ဆက်တစ်စပ် တည်းသောနယ်မြေများပေါ်အခြေခံပြီးဖော်ထုတ်သွားမည်ဟု သိရသည်။ အဆိုပါ ပအိုဝ်းပြည်နယ်နှင့် ပအိုဝ်း ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဥ်နှင့်ပတ်သက်ပြီး ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်း က –
“ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကိုဖော်ပြတဲ့အခါမှာ ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပအိုဝ်းအမျိုးသား များဒေသများဆိုင်ရာ ပြုစုရေးဆွဲရေးလုပ်ငန်းစဥ်ကို အကောင်အထည်ဖော်မယ်လို့ ဖော်ပြထားပါတယ်။ အဲ့တော့ အဲဒီမှာကျွန်တော်တို့အဓိကပြောချင်တာကတော့ ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးတယ်ဆိုတာက ပအိုဝ်းပြည်နယ်ဖွဲ့စည်းဖို့ပဲဖြစ်ပါတယ်။ အဲတော့ ပအိုဝ်းပြည်နယ်ဖွဲ့စည်းမယ်ဆိုတာ ဘယ်မှာအခြေခံပြီး ဖွဲ့စည်း မှာလည်းဆိုလို့ရှိရင် လက်ရှိ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ တစ်ဆက်တစ်စပ် တည်းရှိတဲ့နယ်မြေတွေကိုအခြေခံပြီးတော့ ပအိုဝ်းပြည်နယ်ကို ဖွဲ့စည်းဖော်ထုတ်မှာဖြစ်ပါတယ်။ ဒါကတစ်ခုဖြစ်ပါ တယ်။
နောက်တစ်ခုကတော့ ကျွန်တော်တို့ ပအိုဝ်းအမျိုးသားတွေပျံ့နှံ့နေထိုင်တဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန် ပြည်နယ်၊ ပဲခူးတိုင်း ဒီလိုဒေသတွေမှာကတော့ ကျွန်တော်တို့က ပအိုဝ်းပြည်နယ်လိုမျိုးအဆင့်အတန်းမျိုး ဖော် ဆောင်လို့မရပါဘူး။ သို့သော်လည်းပဲ မိမိတို့ရဲ့ အမျိုးသားရေးလက္ခဏာတွေဖော်ဆောင်ခွင့်ရတဲ့ ပအိုဝ်းအမျိုးသား ဒေသအဆင့်အတန်းနဲ့ ပအိုဝ်းအမျိုးသားနယ်မြေတွေ ဖော်ထုတ်နိုင်ရေးကိုလည်း ကျွန်တော်တို့ရည်စူးတာဖြစ်ပါ တယ်။
နောက်တစ်ခုကတော့ ဘာလဲဆိုရင် လုပ်ငန်းတွေအကောင်အထည်ဖော်တဲ့နေရာမှာ ကျွန်တော်တို့ ပထမအဆင့်က တော့ ကျွန်တော်တို့ ဒီလို ဖော်ထုတ်နိုင်ရေးအတွက်ကို ပြုစုရေးအဆင့်က အချက်အလက်တွေပြုစု စုဆောင်းတာက အဆင့်တစ်ဆင့်ဖြစ်ပြီးတော့ ရေးဆွဲအကောင်အထည်ဖော်တာကတော့ နောက်တစ်ဆင့်ဖြစ်ပါတယ်။ အဲဒါကြောင့် မို့ ကျွန်တော်တို့က နာမည်ကိုတပ်တဲ့အခါမှာ ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပအိုဝ်းအမျိုးသားများ ဒေသများဆိုင်ရာ ပြုစုရေးဆွဲရေးလုပ်ငန်းစဥ်လို့ အမည်တပ်ထားတာဖြစ်ပါတယ် ” ဟု သံလွင်ခက်ကိုပြောသည်။
ပအိုဝ်းပြည်နယ်ဖွဲ့စည်းမည့် ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအများစုကို ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် PNO / PNA က ထိန်းချုပ်ထားခြင်းဖြစ်သည်။ PNO သည် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) တွင် ပါဝင်ထားခြင်းမရှိပေ။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်း က –
“အခုက ကျွန်တော်တို့ ဒီ ပအိုဝ်းပြည်နယ်ကိုဖော်ဆောင်ဖို့ဆိုပြီး ဆောင်ရွက်ခဲ့ကြတာက ၂၀၁၇ ခုနှစ်မှာ ပအိုဝ်း လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုတာကို ကျွန်တော်တို့ကျင်းပခဲ့ကြပါတယ်။ အဲဒီ ပအိုဝ်း လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပတဲ့အခါမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နိုင်ငံရေးပါတီ ကော၊ နောက်တစ်ခါကျတော့ အဲဒီတုန်းက NCA လက်မှတ်ရေးထိုးခဲ့တဲ့ ကျွန်တော်တို့ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်ကော၊ ပအိုဝ်းအရပ်ဘက်အဖွဲ့အစည်းကော၊ စာပေ၊ ယဥ်ကျေးမှုအဖွဲ့အစည်းကော၊ နောက်ခါ အဲဒီပြည်သူ့စစ်အပါအဝင်ပေါ့နော်၊ ဒီလို ကျွန်တော်တို့ပအိုဝ်းအမျိုးသားနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေအကုန်လုံး ပူးပေါင်းပြီး ကျင်းပတာဖြစ်ပါတယ်။ နောက်ပြီး ဒေသဆိုတဲ့နေရာမှာ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ကိုယ်စားလှယ် တွေချည်းပဲမဟုတ်ပါဘူး။ ကျန်တဲ့ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တ လေးတိုင်း အစရှိတဲ့ ပြည်ထောင်စုတစ်ခုလုံးမှာရှိတဲ့ ပအိုဝ်းဒေသအသီးသီးကိုယ်စားလှယ်တွေ စုပေါင်းပြီးတော့မှ ပအိုဝ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။
ပအိုဝ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကရတဲ့ စုစည်းထားတဲ့သဘောထားတွေကိုလည်းပဲ ၂၁ ရာစုပင်လုံမှာတင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ ပအိုဝ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ ဒီလို ပအိုဝ်း ပြည်နယ်ဖွဲ့စည်းနိုင်ရေးအပါအဝင်ပေါ့နော်၊ ကျွန်တော်တို့ ပြည်နယ်သစ်တွေပေါ်ထွန်းခွင့်နဲ့ပတ်သက်တဲ့မူတွေကို လည်း ခိုင်ခိုင်မာမာချမှတ်ထားပြီးဖြစ်ပါတယ်။ အဲဒီမူတွေအရ ကျွန်တော်တို့အကောင်အထည်ဖော်နေခြင်းဖြစ်ပါ တယ်။
အဲတော့ ခုနကပြောတဲ့ PNO နဲ့ ကျွန်တော်တို့ PNFC ဆိုတာက ဒီပအိုဝ်းပြည်နယ်ဖော်ထုတ်ရေးကိစ္စက နိုင်ငံရေး ကိစ္စသာဖြစ်ပါတယ်။ PNO က ပအိုဝ်းပြည်သူ့စစ်ဖြစ်တဲ့အတွက် စစ်ကောင်စီအောက်ကနေ စစ်ကောင်စီရဲ့လက် အောက်ခံအဖွဲ့အစည်းတစ်ရပ်အနေနဲ့ ဒီနေ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်တာတွေ၊ ထိပ်တိုက်တွေ့ တာတွေက ဒါကတစ်ပိုင်းဖြစ်ပါတယ်။ မတူပါဘူး” ဟု သံလွင်ခက်ကိုပြောသည်။
ဆက်လက်ပြီး လက်ရှိအကောင်အထည်ဖော်မည့် ပအိုဝ်းပြည်နယ်ရဲ့ နိုင်ငံရေးအဆင့်အတန်းက မည်ကဲ့သို့သော အဆင့်အတန်းဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်ထဲက ပအိုဝ်းပြည်နယ်လား၊ ပြည်ထောင်စုထဲကလားဆိုသည် ပတ် သက်ပြီး ၎င်းက –
“အခုကျွန်တော်တို့ပြောတဲ့ ပအိုဝ်းပြည်နယ်ဆိုတာကတော့ ရှမ်းပြည်နယ်ထဲက ပအိုဝ်းပြည်နယ်ကိုပြောတာမဟုတ် ပါဘူး။ ကျွန်တော်တို့ပအိုဝ်းအမျိုးသားများ ပအိုဝ်းလူမျိုးဆိုတာဟာ ဗမာများ ရှမ်းများနဲ့ တန်းတူညီတူရှိသော လူမျိုးလို့ မိမိတို့ကိုယ်မိမိတို့ သတ်မှတ်တာဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့တိုင်းရင်းသားများရဲ့ တန်းတူရေးနဲ့ အခုကျွန်တော်တို့ဖွဲ့စည်းမယ့် ပအိုဝ်းပြည်နယ်ဆိုတာဟာ ရှမ်းပြည်နယ်၊ ဗမာပြည်နယ်လိုပဲ အခြားသောပြည် ထောင်စုအဖွဲ့ဝင်ပြည်နယ်များနဲ့ အဆင့်တူ၊ တန်းတူတဲ့ နိုင်ငံရေးအဆင့်အတန်းတူတဲ့ ပအိုဝ်းပြည်နယ်ပေါ်ထွန်းရေး ကို ဖော်ဆောင်မှာဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ကျွန်တော်တို့က ဒီလို ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနဲ့ ပအိုဝ်းအမျိုး သားဒေသများဆိုင်ရာ ပြုစုရေးဆွဲရေးလုပ်ငန်းစဥ်ကို ကျွန်တော်တို့အကောင်အထည်ဖော်တယ်ဆိုတာဟာ အနာ ဂတ်ကာလမှာ ကျွန်တော်တို့ ဖက်ဒရယ်ပြည်ထောင်စုကိုထူထောင်ကြမှာဖြစ်ပါတယ်။ ဒီနွေဦးတော်လှန်ရေးရဲ့ ရည် မှန်းချက်ကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖော်ဆောင်မယ်။ အဲ့တော့ စစ်အာဏာရှင်စနစ်ကို တစ မကျန်ဖျက်သိမ်းပြီးတဲ့အခါမှာ ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မယ်။ အဲ့လို တည်ဆောက်တဲ့အခါမှာ အနာဂတ်မှာပေါ်ပေါက်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အနာဂတ်မှာပေါ်ထွန်းလာမယ့် ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေက သဟဇာတဖြစ်နေဖို့လိုပါ တယ်။ လိုက်လျောညီထွေရှိဖို့လိုပါတယ်။ အဲဒီအတွက်ကိုကျွန်တော်တို့က ကြိုတင်ပြီးတော့ပြင်ဆင်ထားတာဖြစ်ပါ တယ်။
တနည်းအားဖြင့်ပြောရရင် ဗမာပြည်လွတ်လပ်ရေးမရယူခင်မှာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတယ်။ အဲလို ကြိုတင်ရေးဆွဲထားပြီးတော့မှ ၁၉၄၈ ကျမှ လွတ်လပ်ရေးကိုရယူခဲ့သလိုပဲ၊ အဲဒီအချိန်ကာလမျိုး ပြင်ဆင်မှုမျိုးကို ကျွန်တော်တို့ဆောင်ရွက်တာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ဒီလို ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအပါအဝင် လုပ်ငန်းစဥ်တွေဖော် ဆောင်တဲ့အခါမှာ ကျွန်တော်တို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)က ကမကထပြုပေးတာဖြစ်ပါ တယ်။ ဒါက ပအိုဝ်းတစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ ပအိုဝ်းတော်လှန်ရေးအင် အားစုတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ စာပေ၊ ယဥ်ကျေးမှုအပါအဝင် အသင်းအဖွဲ့တွေအားလုံး၊ ပအိုဝ်းပြည် သူတစ်ရပ်လုံးရဲ့ပူးပေါင်းပါဝင်မှုကို ကျွန်တော်တို့ရယူပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ပေး ဖို့ကိုလည်း ပအိုဝ်းပြည်သူတစ်ရပ်လုံးကို ပန်ကြားပါတယ်”ဟု သံလွင်ခက် ကို ပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ပေါက်လာသော တော်လှန်ရေးတွင်ပါဝင်ခဲ့ကြသည့် ပအိုဝ်းလူငယ် မျိုးဆက်သစ်များနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်မှုတော်လှန်ရေးတွင် ပါဝင်ခဲ့ကြသူများပူးပေါင်းကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင်ကျင်းပခဲ့သည့်ညီလာခံက ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ကို ဖွဲ့စည်းပေးခဲ့ပါ သည်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ခေါင်းဆောင်ပြီး ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်မတော် (ခမ်းဒွမ်)နှင့် (ခမ်းကောင်)တို့ ပေါင်းစပ်ဖွဲ့စည်းထားသော ပအိုဝ်းတပ်မတော်ကိုလည်းတည်ထောင်သွားမည်ဖြစ် ကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)က ပြီးခဲ့သောဇူလိုင်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
ကနဦးဖွဲ့စည်းပုံအရ ပအိုဝ်းတပ်မတော်တွင် တပ်နယ် ၁ သထုံ ခမ်းဒွမ်၊ တပ်နယ် ၂ ဖားအံခရိုင် ခမ်းဒွမ်၊ တပ်နယ် ၃ ရှမ်းပြည်နယ် ခမ်းကောင် ဟူသော တပ်နယ် ၃ နယ်ဖြင့် စတင်ဖွဲ့စည်းမည်ဟု ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) က အသိပေးကြေညာထားသည်။
ဓာတ်ပုံ – PNFC

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ
Next Article မြန်မာ့ဒီမိုကရေစီအရေးပဋိပက္ခများနှင့် ပြည်တွင်းစစ်မီးတောက်မီးလျှံများ (ဇာတ်သိမ်းပိုင်း)
thanlwinkhet
  • Website

Related Posts

တရုတ်အမြတ်ထွက်တဲ့ စစ်ကောင်စီရွေးကောက်ပွဲ

May 25, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • ထိုင်းမြန်မာနယ်စပ် ကနဲလေးစစ်စခန်းကို ပူးပေါင်းတပ် ထပ်မံ သိမ်းပိုက်
  • မြေပုံ တောင်ပေါ်မူဆလင်ဒုက္ခသည်စခန်းတွင် မိုးရာသီအတွက် နေအိမ်များ ပြုပြင်ရန် အကူအညီလို
  • ထိုင်းတွင် ဆိုင်ကယ်ဦးထုပ်မဆောင်းပါက ဒဏ်ငွေ နှစ်ဆ ပေးဆောင်ရမည်
  • လူငယ်ဒလန်တွေစေလွှတ်ပြီး တော်လှန်ရေးတပ်တွေရဲ့ သတင်းအချက်အလက်ကို စစ်ကောင်စီ ရယူနေ
  • DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကို စစ်ကောင်စီ ဗုံးကြဲ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ထိုင်းမြန်မာနယ်စပ် ကနဲလေးစစ်စခန်းကို ပူးပေါင်းတပ် ထပ်မံ သိမ်းပိုက်

မြေပုံ တောင်ပေါ်မူဆလင်ဒုက္ခသည်စခန်းတွင် မိုးရာသီအတွက် နေအိမ်များ ပြုပြင်ရန် အကူအညီလို

ထိုင်းတွင် ဆိုင်ကယ်ဦးထုပ်မဆောင်းပါက ဒဏ်ငွေ နှစ်ဆ ပေးဆောင်ရမည်

လူငယ်ဒလန်တွေစေလွှတ်ပြီး တော်လှန်ရေးတပ်တွေရဲ့ သတင်းအချက်အလက်ကို စစ်ကောင်စီ ရယူနေ

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ထိုင်းမြန်မာနယ်စပ် ကနဲလေးစစ်စခန်းကို ပူးပေါင်းတပ် ထပ်မံ သိမ်းပိုက်

May 29, 2025

မြေပုံ တောင်ပေါ်မူဆလင်ဒုက္ခသည်စခန်းတွင် မိုးရာသီအတွက် နေအိမ်များ ပြုပြင်ရန် အကူအညီလို

May 28, 2025

ထိုင်းတွင် ဆိုင်ကယ်ဦးထုပ်မဆောင်းပါက ဒဏ်ငွေ နှစ်ဆ ပေးဆောင်ရမည်

May 28, 2025

လူငယ်ဒလန်တွေစေလွှတ်ပြီး တော်လှန်ရေးတပ်တွေရဲ့ သတင်းအချက်အလက်ကို စစ်ကောင်စီ ရယူနေ

May 28, 2025

DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကို စစ်ကောင်စီ ဗုံးကြဲ

May 28, 2025

သေ့ဘောဘိုးသို့ စစ်ကူလာသော စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များ ချေမှုန်း

May 28, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.