ဘုန်းမောင် ၊ ကောင်းချစ်အောင် ၊ သဇင်
စက်တင်ဘာ ၂၈၊ ၂၀၂၃။
အနာဂတ်မြန်မာနိုင်ငံအတွက်သက်ရောက်နိုင်မှုအလားအလာများ
**********************************************************
မြန်မာ့နိုင်ငံရေးဖြစ်စဥ်တွင် တိုင်းရင်းသားများနှင့် ၎င်းတို့၏ EAO များအား ခွဲထုတ်ချန်ထားပစ်၍မရပါ။ လွတ်လပ်ရေးရပြီးနောက်ပိုင်းခေတ်တစ်ခေတ်လုံး တိုင်းရင်းသားများသည်နိုင်ငံ၏မေ့လျော့ခံထားရသောအဖြစ်ဖြင့် နေထိုင် ခဲ့ရသဖြင့် ၎င်းတို့အားဆက်လက်ချန်ထား၍မရနိုင်ကြောင်း သဘောပေါက်ရန်အလွန်အရေးကြီးပါတယ်။ တိုင်းရင်းသားများ၏တန်းတူအခွင့်အရေးအရ ပြည်နယ်သစ်များ အနာဂတ်တွင် ပေါ်ပေါက်လာကောင်းပေါ် ပေါက်လာနိုင်သည်။ ယင်းကို သဘောထားကြီးကြီးထားပေးရန်လိုအပ်သည်။
ယခုတွင်ပင် ပအိုဝ်းပြည်နယ်ပေါ်ပေါက်လာရန်ပအိုဝ်းဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသွားမည်ဖြစ်ကြောင်း စက် တင်ဘာလ ၂၆ ရက်တွင်ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယင်းနှင့် ပတ်သက်ပြီးပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ – PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း က –
”ဒီလို ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနဲ့ ပအိုဝ်းအမျိုးသားဒေသများဆိုင်ရာပြုစုရေးဆွဲရေး လုပ်ငန်းစဥ်ကို ကျွန်တော်တို့အကောင်အထည်ဖော်တယ်ဆိုတာဟာ အနာဂတ်ကာလမှာကျွန်တော်တို့ ဖက်ဒရယ် ပြည်ထောင်စုကိုထူထောင်ကြမှာဖြစ်ပါတယ်။ ဒီနွေဦးတော်လှန်ရေးရဲ့ရည်မှန်းချက်ကတော့ ဖက်ဒရယ်ဒီမိုကရေ စီပြည်ထောင်စုကို ဖော်ဆောင်မယ်။ အဲ့တော့စစ်အာဏာရှင်စနစ်ကို တစမကျန်ဖျက်သိမ်းပြီးတဲ့အခါမှာ ကျွန်တော် တို့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မယ်။ အဲ့လို တည်ဆောက်တဲ့အခါမှာအနာဂတ်မှာပေါ် ပေါက်လာမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အနာဂတ်မှာပေါ်ထွန်းလာမယ့် ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေကသဟဇာတဖြစ်နေဖို့လိုပါတယ်။ လိုက်လျောညီထွေရှိဖို့လိုပါတယ်။ အဲဒီအတွက်ကိုကျွန်တော်တို့ကကြိုတင်ပြီးတော့ပြင်ဆင်ထားတာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင် ဗမာပြည်လွတ်လပ်ရေးမရယူခင်မှာ ၁၉၄၇
ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတယ်။ အဲလို ကြိုတင်ရေးဆွဲထားပြီးတော့မှ ၁၉၄၈ ကျမှလွတ်လပ်ရေးကိုရယူခဲ့သလိုပဲ၊ အဲဒီအချိန်ကာလမျိုး ပြင်ဆင်မှုမျိုးကိုကျွန်တော်တို့ဆောင်ရွက်တာဖြစ်ပါတယ်”ဟု သံလွင်ခက်ကိုပြောသည်။
မြန်မာနိုင်ငံသည် ဖြစ်နိုင်ခြေရှိသောအနာဂတ်သုံးရပ်နှင့် ရင်ဆိုင်ရနိုင်သည်။ ထိုအချက်များမှာအောက်ပါအတိုင်း ဖြစ်သည်။
(၁) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် စစ်ကောင်စီကိုဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ဖြင့်
အစားထိုး ခြင်း
(၂) မြန်မာနိုင်ငံကို သီးခြားအချုပ်အခြာအာဏာပိုင်နိုင်ငံအများအပြားအဖြစ်သို့ ခွဲထုတ်ခြင်း နှင့်
(၃) စစ်အုပ်ချုပ်ရေးဖြင့် နိုင်ငံတစ်ဝန်းအုပ်စိုးခြင်း ဟူ၍ဖြစ်သည်။
အဆိုပါရလဒ်များထဲက မည်သည့်ရလဒ်အမှန်တကယ်ဖြစ်လာမည်ဆိုသည်ကတော့ မြန်မာနိုင်ငံရှိတိုင်းရင်းသားလူ နည်းစုများ၏အကျိုးစီးပွား နှင့် ၎င်းတို့ EAO များကိုမည်ကဲ့သို့ထိရောက်စွာစဥ်းစားမည်နည်းဆိုသည့်အပေါ် မူတည် နေပါသည်။
အနာဂတ်လားရာ ၁ : ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံတော်
*****************************************************
ပြည်ထောင်စုမြန်မာနိုင်ငံကို ၁၉၄၈ ခုနှစ်တွင်တည်ထောင်ပြီးကတည်းက ပင်လုံစာချုပ်နှင့်အညီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရေစီတစ်ပိုင်းနိုင်ငံတော်များဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန်ဖြစ်သည်။ ထိုရည်မှန်းချက်ကို လိုက်နာရန် ဗမာလူများစုနှင့်တပ်မတော်တို့ကပျက်ကွက်သည်ဟုထင်မြင်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ကာလရှည်ကြာပြည်တွင်းစစ်ဖြစ်ပွားကာ ၁၉၆၂ ခုနှစ်တွင် ပထမဆုံးအာဏာသိမ်းမှုဖြစ်ပွားခဲ့သည်။
မြန်မာပြည်သူလူထုအတွက် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ပေါက်လာပါကအတိုက်အခံလှုပ် ရှားမှုများ၏ အစိတ်အပိုင်းအသီးသီးသည်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်အတွက်မူဘောင်ကို တစ် ချိန်ချိန်တွင်သဘောတူရမည်ဖြစ်သည်။ ထို့အပြင် အတိုက်အခံအင်အားစုအသီးသီးတို့ကြား ရေရှည်တည်တံ့သောကြားဖြတ်အမျိုးသားအစိုးရတစ်ရပ်ထူထောင်ရန်ကြိုးပမ်းမှုမှန်သမျှတွင် မြန်မာနိုင်ငံရှိတိုင်းရင်းသားလူနည်းစုများ နှင့် ၎င်းတို့ EAO များပါဝင်ပတ်သက်ဖို့ လိုအပ်ရမည်ဖြစ်သည်။
NUG ၏ ယနေ့အထိ လုပ်ဆောင်ချက်များသည် အလားအလာမရှိသေးပေ။ CRPH က ၎င်း၏“ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်စာတမ်း” (FDC) ကို ၂၀၂၁ ခုနှစ် မတ်လ ၃၁ရက်နေ့တွင်ထုတ်ပြန်ခဲ့သော်လည်း တိုင်းရင်းသားလူနည်းစု များနှင့် EAOများအတွက်အဓိကပြဿနာများကို ဖြေရှင်းမပေးနိုင်ခဲ့ပါ။ အလားတူပင် CRPH ၏ “NUG” ဖွဲ့စည်းခြင်းဆိုင်ရာကြေညာချက်တွင် ဗမာထိန်းချုပ်မှဆက်လက်ရှိနေသည့်အတွက်သံသယနှင့်ဝေဖန်ခံနေရသည်။ ထို့ ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ ၎င်း၏ စကစ နှင့်စစ်တပ်ကိုအနိုင်ယူနိုင်ရန်အတွက် CDM ၊ PDF နှင့် EAO တို့အား ပံ့ပိုးကူးညီမှုပေးရန်ပိုပြီးအာရုံစိုက်သင့်သည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပူးပေါင်းပြီး စစ်ဆင်ရေးများဆောင်ရွက်နေသည့် PDF တပ်ဖွဲ့များအနေဖြင့် စစ်ရေးအရအောင်မြင်မှုများရှိနေသော်လည်း NUG ကတော့ နိုင် ငံရေးမျက်နှာစာတွင် တိုးတက်အောင်ဆောင်ရွက်လာနိုင်သည်မျိုးမတွေ့ရပါ။
အနာဂတ်လားရာ ၁ : သီးခြားအချုပ်အခြာအာဏာပိုင် နိုင်ငံငယ်များအဖြစ်သို့ခွဲထွက်ခြင်း
*************************
အမျိုးမျိုးသော အတိုက်အခံအင်အားစုများကြား စည်းလုံးညီညွတ်သောတပ်ဖွဲ့တစ်ရပ်မဖွဲ့စည်းနိုင်ခဲ့ပါကမြန်မာနိုင်ငံသည် (ယေဘူယျအားဖြင့်) ရှိရင်းစွဲပြည်နယ် ၇ ပြည်နယ်ဖြင့် ဖွဲ့စည်းထားသောသီးခြားအချုပ်အခြာ အာဏာ ပိုင်နိုင်ငံ အများအပြားအဖြစ်ကွဲထွက်သွားနိုင်သောအလားအလာရှိပါသည်။ KIO နှင့် KNU တို့သည် လက်ရှိရရှိထားသောအောင်မြင်မှုများကို ဆက်ပြီးထိန်းသိမ်းနိုင်လျှင် ၎င်းတို့နယ်မြေအလိုက် ကချင်နှင့်ကရင်ပြည်နယ်တို့ ကို သိမ်းပိုက်နိုင်မည်ဖြစ်သည်။ အလားတူ ရက္ခိုင့်တပ်တော် AA ကလည်းရခိုင်လူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဇာတိမြေကို ပြန်လည်ထူထောင်ရန်ဆုံးဖြတ်ခဲ့ပါကရခိုင်ပြည်နယ်မြောက်ပိုင်း နှင့်အလယ်ပိုင်းဒေသအများအပြား ကိုသိမ်းပိုက်ပြီးသီးခြားရခိုင်လူမျိုးများနိုင်ငံ ထူထောင်နိုင်မည်ဖြစ်သည်။၊ ရှမ်းပြည်နယ်တွင် KIA နှင့် UWSA တို့၏
အကူအညီဖြင့် MNDAA ၊ SSPP / SSA-N နှင့် TNLA တို့သည် ပူးတွဲနိုင်ငံ သို့မဟုတ် သီးခြားနိုင်ငံထူထောင်နိုင် မည်ဖြစ်သည်။ သို့ပါမှလည်း UWSA က မြန်မာနိုင်ငံကခွဲထွက်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းတွင် သီးခြားအချုပ်အခြာ အာဏာပိုင် “ဝ” နိုင်ငံကိုထူထောင်နိုင်ပေလိမ့်မည်။
ယင်းသို့ သီးခြားနိုင်ငံငယ်များထူထောင်နိုင်ရန်မှာ စစ်မြေပြင်တွင် EAO များကအနိုင်တိုက်နိုင်မှမဟုတ်ပါ။ NUG နှင့် ဗမာအများစုကမြန်မာနိုင်ငံဂုဏ်သိက္ခာကိုထိန်းသိမ်းနိုင်ရန်လုံလောက်သောစည်းကမ်းချက်များ ပေးဆောင်ရန်ဆန္ဒမရှိပါကလည်း EAO များအနေဖြင့် ဆောင်ရွက်နိုင်ပါသည်။
အနာဂတ်လားရာ ၃ : စစ်အုပ်ချုပ်ရေးဖြင့် နိုင်ငံတစ်ဝန်းအုပ်စိုးခြင်း
********************************
မြန်မာနိုင်ငံအတွက် နောက်ဆုံးဖြစ်နိုင်ချေရှိသောအနာဂတ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် စကစတို့၏ အာဏာတည်မြဲနေခြင်းဖြစ်သည်။ အောက်ဖော်ပြပါဒိုင်းနမစ်တစ်ခု သို့မဟုတ်တစ်ခုထက်ပိုသောလှုပ်ရှားမှုများ ဆက်ပြီးရှိနေပါက ပိုပြီးဖြစ်လာနိုင်ချေရှိသည်။ ပထမအချက်မှာမယုံကြည်မှုများက အတိုက်အခံလှုပ်ရှားမှုများ၏ ပူးပေါင်းဆောင်ရွက်မှုကိုပျက်ပြားစေသည်။ဒုတိယအချက်မှာ မြန်မာစစ်တပ်သည် EAO များကြား အောင်မြင်စွာ သွေးခွဲသော၎င်းတို့၏အတိတ်ကကျင့်စဥ်ကို အောင်မြင်စွာအသုံးချပြီး စစ်မြေပြင်တွင် စစ်ကောင်စီ၏ ရှုံးနိမ့်မှုများ ကိုပြန်လည်ချေဖျက်နိုင်ပေလိမ့်မည်။ တတိယအချက်အနေဖြင့် အာဏာသိမ်းမှု အပေါ် နိုင်ငံတကာ၏တုံ့ပြန်မှု နှေးကွေးခြင်း ၊ ညှိနှိုင်းဆောင်ရွက်မှုမရှိဘဲအကန့်အသတ်ဖြင့်သာဆက်လက်ဆောင်ရွက်နေကြသောကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်မြန်မာစစ်တပ်တို့က ဆန္ဒပြပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်း နှင့် EAO များကိုမြန်မာစစ်တပ်ကဆက်လက်တိုက်ခိုက်နေနိုင်ခြင်းဖြစ်သည်။
နောက်ဆုံးမှာတော့ မြန်မာနိုင်ငံအနာဂတ်သည် တိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့ EAOs အပါအဝင်မြန်မာ ပြည်သူပြည်သားများ၏လက်ဝယ်တွင်ရှိနေပါသည်။ အမေရိကန်ပြည်ထောင်စုနှင့်နိုင်ငံတကာအသိုင်းအဝိုင်း အတွက်ကတော့ (ယေဘူယျအားဖြင့်) မြန်မာပြည်သူများ၏ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲကိုလက်ခံမည်လော သို့မဟုတ် "ငါတို့အရေးမဟုတ်၊ပြည်တွင်းရေးကိစ္စ”ဟုယူဆပြီး ဖြစ်ပေါ်လာမည့် နောက်ဆုံးရလဒ်ကို လက်ခံလိုက် ရန်သာဖြစ်သည်။မည်သို့ပင်ဖြစ်စေ နှစ်ပေါင်း ၇၀ ကျော်တောက်လောင်နေခဲ့သော ပြည်တွင်းစစ်မီးတောက်မီးလျှံ များအပြီးတိုင်ချုပ်ငြိမ်းပြီး စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်မည်ဆိုလျှင်တော့တိုင်း ရင်းသား လူနည်းစုများ၊ ၎င်းတို့ EAO များ၏ အကျိုးစီးပွားနှင့် အရေးပါမှုကိုထည့်သွင်းစဥ်းစားရန် အရေးကြီးပါသည်။