သတင်းစက်ဝိုင်းအတွင်း နိုင်ငံတကာသတင်းတွေက ပုံမှန်အတိုင်း သံသရာလည်နေကြဆဲ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းက နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မိမိတို့ ဆန္ဒအလျောက် ဘေးအန္တရာယ်ကင်းကင်းနဲ့မြန်မာနိုင်ငံဆီ ပြန်လာနိုင်မယ့် အရေး မြန်မာအစိုးရက နိုင်ငံရေး၊ သံတမန်ရေးနည်းလမ်းတွေ သုံးပြီး ဖြေရှင်းဖို့ အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရအပေါ် ဖိအားပေး ပြောဆိုနေပေမယ့် တုံဏှိဘာဝေ ဆိတ်ဆိတ်နေတုန်းပါပဲ။…