ယမင်းဖူးပွင့်အောင် ဇူလိုင် ၄၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိူးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ဒေသများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မည်ကိုစိုးရိမ်သဖြင့် စာသင်ကျောင်းများပိတ်ခိုင်းထားသည်ဟု ဒေသခံများထံကသိရသည်။ ယနေ့နေ့လည် ၁နာရီခန့်တွင် နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့များရှိ စာသင်ကျောင်းများ၊ အပြင်ဘော်ဒါဆောင်များနှင့် မူကြိုကျောင်းများအားလုံးကို ခေတ္တပိတ်ထားရန် TNLA တပ်ဖွဲ့ဝင်များက လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်ဟု နမ့်ခမ်းဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။ “ကျောင်းပိတ်တာက နေ့လည်…