မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေထိုင်နေသော ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းရှစ်သောင်းကို ပြန်လက်ခံမည်ဟု စစ်ကောင်စီက အတည်ပြုထားကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောသည်။
ဘန်ကောက်မြို့တွင် စစ်ခေါင်းဆောင်သွားရောက်ပြီးနောက် ထိုသို့သော ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပြီး ကာလရှည်ကြာ ရပ်တန့်နေသော နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ် တိုးတက်မှုတစ်ခု ဖြစ်ခဲ့သည်ဟု Aljazeera သတင်းဌာနတွင် ဖော်ပြသည်။
ရိုဟင်ဂျာလူမျိုး တစ်သန်းကျော်သည် ဘင်္ဂလားဒေ့ရှ်ရှိ စခန်းများတွင် ကြပ်ညပ်စွာ နေထိုင်နေကြရပြီး ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတစ်ခုအဖြစ် ရှိနေသည်။ အများစုမှာ ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော နှိမ်နင်းမှုကြောင့် ရှောင်တိမ်းခဲ့ကြရသူများ ဖြစ်သည်။
ရိုဟင်ဂျာ ၇၀,၀၀၀ ခန့်သည် ပြီးခဲ့သည့်နှစ်က ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ခဲ့ပြီး အများစုမှာ ရခိုင်ပြည်နယ်ရှိ ပိုမိုဆိုးရွားလာသော အငတ်ဘေးနှင့် အကြမ်းဖက်မှုများကို ရှောင်တိမ်းခဲ့ရန် ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ကြေညာချက်သည် နှစ်နိုင်ငံ ခေါင်းဆောင်များ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ၆ ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးအပြင်ဘက်တွင် တွေ့ဆုံပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု Aljazeera သတင်းတွင် ဖော်ပြသည်။
Photo – Reuters