ကယ်ဆယ်ရေးများလုပ်ဆောင်နေဆဲကာလဖြစ်သော မန္တလေးမြို့နှင့် စစ်ကိုင်းတဝိုက်တွင် ဧပြီလ ၅ ရက် ညပိုင်း ၈နာရီ ၁၀ မိနစ်အချိန်ကစတင်ကာ မိုးသည်းထန်စွာရွာသွန်းနေသူဟု မြို့ခံတစ်ဦးက ပြောသည်။
“လေရောမိုးပါ တိုက်နေတယ်။ ခုက ငလျင်ဘေးကြောင့် တဲတွေနဲ့နေရသူတွေ၊ ယာယီမိုးကာတွေနဲ့နေနေရသူတွေရဲ့ အခြေအနေလည်းရှိတော့ ကူနိုင်သလောက်ကူနိုင်အောင် အဖွဲ့တွေထွက်သွားတယ်”ဟု မန္တလေးမြို့ရှိ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
တစ်မြို့လုံးနီးပါးပျက်စီးခဲ့ရသော စစ်ကိုင်းမြို့တွင်လည်း မိုးသည်းထန်းစွာရွာသွန်းနေမှုကြောင့် မြေကွက်လပ်များ၊ ဘောလုံးကွင်းများတွင် နေထိုင်နေရသော ပြည်သူများမှ မိုးကာတဲများအောက်သို့ စုရုံးတိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးဖြစ်သူ မြတ်က ပြောသည်။
“ခုက မြေကွက်လပ်တွေမှာ အခင်းလေးခင်းပြီး ခြင်ထောင်တွေနဲ့နေကြတာ၊ မိုးက ရုတ်တရက်ရွာလာတာဆိုတော့ ရှိတဲ့ မိုးကာတဲတွေအောင် စုပြုံနေရတယ်။ မိုးကာတဲကလည်း နည်းနည်းပဲရှိတာ။ နှစ်ယောက်သုံးယောက်စာလောက် မိုးကာတွေအေက်မှာ ဆယ်ယောက်လောက်နေရတယ်”ဟု ၎င်းကပြောသည်။
မတ်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများကြုံတွေ့ခဲ့ရသော စစ်ကိုင်းဒေသ၊ မန္တလေးဒေသနှင့် အင်းလေးဒေသများတွင် ၉ ရက်မြောက်ဖြစ်သည့် ယနေ့တိုင် ကယ်ဆယ်ရေးများ လုပ်ဆောင်ရန် လိုအပ်နေသော အခြေအနေဖြစ်သည်။
ဓါတ်ပုံ _ Thiha Htun Zaw





