KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ယမန်နေ့ (ဧပြီ ၇) ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၄၀ ကျော်၊ ၁၂၀ မမ၊ ၁၂၂ မမအမြောက်လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားသည်။
အင်းတော်မြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်မှစတင်၍ KIA၊ KPDF၊ ABSDF နှင့် SR-1 တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရှစ်လနီးပါး ကြာမြင့်ခဲ့သည့် တိုက်ပွဲအပြီးတွင် စစ်ကောင်စီ၏ နောက်ဆုံးခံတပ်ဖြစ်သော ဂျပန်လှိုဏ်ဂူစခန်းကို ယမန်နေ့ည ၈ နာရီကျော်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ရေးသားထားသည်။




