စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီက စစ်ရာဇဝတ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများကျူးလွန်ခဲ့ပြီး အဆိုပါဥပဒေချိုးဖောက်မှုလုပ်ရပ်များတွင် တာဝန်ရှိသူများကို တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်နိုင်ရန် ကြိုးစားသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ထုန်ပြန်ထားသည်။ မဲမသမာမှုများပြုလုပ်သည်ဟူသောအကြောင်းပြချက်ဖြင့် စစ်တပ်ကအာဏာသိမ်းယူခဲ့သည်မှာ ယနေ့ဖေဖော်ဝါရီ၁ရက်တွင် နှစ်နှစ်ပြည့်မြောက်ပြီဖြစ်သည်။ ပြည်သူ့အာဏာကို မတရားရယူရန်ကြိုးစားသည့် အာဏာဖီဆန်မှုမှ အစပြုသည့် စစ်ကောင်စီ၏ နှစ်နှစ်တာကာလအတွင်း ဥပဒေချိုးဖောက်မှုများအတွက် တာဝန်ရှိသူများအားလုံးကို တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်ပြီးထိခိုက်နစ်နာခဲ့ရသူများအားလုံးအတွက်…