Saw Smith
ဧပြီ ၁၂ ၊ ၂၀၂၃ ။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ရုံးကိုပြည်သူပိုင်အဖြစ်သိမ်းဆည်းလိုက်သည်ဟု ယနေ့တွင်CDF-Hakha Councilကသတင်းထုတ်ပြန်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံတင်ကာ အာဏာရူးရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ဟားခါးမြို့နယ်အတွင်းရှိပါတီ၏ ရုံးနှင့်အခြားသောပိုင်ဆိုင်မှုအားလုံးကို ယနေ့မှစ၍ ပြည်သူပိုင်အဖြစ်သိမ်းလိုက်သည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
ရုံးနှင့်ပိုင်ဆိုင်မှုများကိုပြည်သူပိုင်အဖြစ် သိမ်းဆည်းထားသော်လည်း တော်လှန်ရေးကာလအတွင်းဖြစ်သောကြောင့် ပြည်သူလူထုကိုယ်စား CDF-Hakha Council က လိုအပ်သလို စီမံဆောင်ရွက်သွားမည်ဖြစ်သည်။
CDF-Hakha Council သည် USDPရုံးအားပြည်သူပိုင်သိမ်းခဲ့သည့်အပြင် စစ်ကောင်စီ ဝန်ထမ်းများနှင့် တစ်ခြားနယ်မှဟားခါးမြို့နယ်အတွင်းသို့ပြောင်းရွှေ့လာသည့်ဝန်ထမ်းများအားလုံး ယခုနှစ်မေလကုန်မတိုင်မီ ပြည်သူပိုင်အိမ်ယာမှဆင်းကာ တခြားမြို့နယ်မှပြောင်းရွှေ့လာသူများဟားခါးမြို့နယ်မှထွက်ခွာရမည်ဟု ယခုလ ၁၀ ရက်တွင် အမိန့်ထုတ်ပြန်ထားသည်။
ဟားခါးမြို့နယ်သည် ချင်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီတပ်၏ ဗျူဟာရှိသော မြို့နယ်ဖြစ်ပြီး ဟားခါးမြို့တွင် စစ်ကောင်စီ၏ ရုံးအများစုအခြေစိုက်ရာမြို့တစ်ခုလည်းဖြစ်သည်။
ပုံစာ-USDP ဥက္ကဋ္ဌဦးခင်ရီအား စစ်ကောင်စီကပြုလုပ်သော အခမ်းအနားတစ်ခု၌တွေ့ရမှု ။
ဓာတ်ပုံ-USDP
*******************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3558
Website ->https://eng.thanlwinkhet.net