သံလွင်ခက်။
ဧပြီ ၁၀ ၊၂၀၂၃။
ယခုအချိန်အခါသည် ဘုံရန်သူစစ်ကောင်စီအား အပြီးသတ်ချေမှုန်းနိုင်ရန် အားလုံးအတူတကွ စုစည်းညီညွတ်စွာဖြင့် ရုန်းကန်ဖောက်ထွက် ကြိုးစားကြရမည်ဖြစ်ပြီး ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင်ပြည်သူလူထု၏ နိုင်ငံရေး၊အမျိုးသားရေးမျှော်မှန်းချက်များကိုလည်း တပါတည်းအပြည့်အဝ အကော်အထည်ဖော်ဆောင်ရွက်နိုင်ပါစေကြောင်း ရက္ခိုင့်တပ်တော်၏ ၁၄နှစ် ပြည့်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကသ၀ဏ်လွှာပေးပို့ ဆုမွန်ကောင်းတောင်းလိုက်သည်။
စစ်ကောင်စီအား စုစည်းညီညွတ်စွာဖြင့် အပြီးသတ်ချေမှုန်းကြရမည်ဖြစ်ပြီး ရက္ခိုင့်တပ်တော် အနေဖြင့် ရက္ခိုင်ပြည်သူလူထု၏ နိုင်ငံရေး၊ အမျိုးသားရေး မျှော်မှန်းချက်များကိုလည်း တပါတည်း အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း NUGက ဆုမွန်ကောင်း တောင်းထားသည်။
၂၀၀၉ ခုနှစ် ဧပြီ ၁၀ရက်၌ စတင်တည်ထောင်ခဲ့သည့် ရက္ခိုင့်တပ်တော်(AA)သည် ယနေ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ၁၀ရက်တွင် ၁၄နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ရက္ခိုင်ပြည်သူထူထု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ကိုယ်ပိုင်ပြဌာန်းခွင့်၊ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အပြည့်အဝရရှိရေးအတွက် ရက္ခိုင့်တပ်တော်ကို ဖွဲ့စည်းတည်ထောင်ပြီး တော်လှန်တိုက်ပွဲဝင်လာခဲ့သည်မှာ ၁၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ရက္ခိုင်ပြည်သူလူထုနှင့် ထပ်တူထပ်မျှ ဝမ်းမြောက် ဂုဏ်ယူသည်ဟု သ၀ဏ်လွှာတွင်ရေးသားဖော်ပြထားသည်။
ထို့အပြင် (၁၄)နှစ်တာ တော်လှန်ရေး ခရီးကြမ်းအတွင်း အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ကိုယ်လက်အင်္ဂါများစွန့်လွှတ်ပေးလှူခဲ့ကြသော ရက္ခိုင့်အာဇာနည်သူရဲကောင်းများနှင့် ရက္ခိုင်ပြည်သူလူထုတရပ်လုံး ကိုလည်းလေးနက်စွာ အောက်မေ့ဦးညွှတ်အပ်သည်ဟု ဆိုသည်။
တိုင်းပြည်တဝှမ်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆင်နွှဲလျက်ရှိသည့် နွေဦး တော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ဆင်ရာတွင် ရက္ခိုင့်တပ်တော်သည် အဖိနှိပ်ခံ ပြည်သူလူထုနှင့်တကွ အတူရပ်တည်ပြီး ဘုံရန်သူအားပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေသည့်အပြင် တော်လှန်ရေးအင်အားစု များကိုလည်း လက်တွဲကူညီ ပံ့ပိုးလျက်ရှိသည်ဟု ရေးသားထားသည်။
ရက္ခိုင့်တပ်တော်၏ ၁၄နှစ်ပြည့် အထိမ်းအမှတ်အတွက် ညီနောင်မဟာမိတ်များဖြစ်သည့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တို့ကလည်း သ၀ဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3471
Website ->https://eng.thanlwinkhet.net