သံလွင်ခက်။ ဇွန် ၁ ၊ ၂၀၂၃။ မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ အမြောက်တပ်မှ စစ်ကူရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရင့်ရဲကျေးရွာရှိနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။ အမြောက်တပ်မှ ထွက်လာသည့် အင်အား ၃၀ခန့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ထုတိုက်နယ်အတွင်းတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ အထိနာနေသည့်အတွက် ရင့်ရဲကျေးရွာရှိနေအိမ်များကို မီးရှို့ခြင်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု…