• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
  • မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
  • အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု
  • ကရင်နီရှိ စစ်ရှောင်စခန်းတစ်ခုတွင် တစ်လနီးပါး ဆန်ပြတ်လပ်နေ
  • ကျောက်ဖြူကို စစ်ကောင်စီ အပြင်းအထန် ကာကွယ်နေ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»အိန္ဒိယနယ်စပ်ပလက်၀ရှိ တပ်စခန်းကုန်း ၂ ခုအား AA ထပ်မံသိမ်းပိုက်
တိုက်ပွဲသတင်း

အိန္ဒိယနယ်စပ်ပလက်၀ရှိ တပ်စခန်းကုန်း ၂ ခုအား AA ထပ်မံသိမ်းပိုက်

thanlwinkhetBy thanlwinkhetDecember 30, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

အိန္ဒိယနယ်စပ်ပလက်၀ရှိ တပ်စခန်းကုန်း ၂ ခုအား AA ထပ်မံသိမ်းပိုက်
********************

မိခိုင်
ဒီဇင်ဘာ ၃၀၊ ၂၀၂၃။

ရခိုင်ပြည်နယ်တွင် တကျော့ပြန်စစ်ဆင်ရေးစတင်သည့်နေ့ကစ၍ ရခိုင် နှင့် ပလက်ဝဒေသရှိ စစ်ကောင်စီတပ်စခန်းများအား ရက္ခိုင့်တပ်တော် – AA က သိမ်းပိုက်လျက်ရှိနေပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်တွင်လည်း ပလက်၀ရှိ တပ်စခန်း ၂ ခုအား ထပ်မံသိမ်းပိုက်လိုက်ကြောင်း AA က ထုတ်ပြန်သည်။

” ဒီဇင်ဘာလ ၂၇ ရက်၊ နံနက် ၆ နာရီ ၁၀ မိနစ်အချိန်တွင် ပလက်ဝမြို့၊ ခဝဲဗျူဟာကုန်းအားလည်းကောင်း၊ ဒီဇင် ဘာလ ၂၈ ရက်၊ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ရန်သူ့ခြေကုပ်စစ်စခန်းတစ်ခုဖြစ်သော ပွိုင့် ၃၇၇ စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းအားလည်းကောင်း ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက် ရယူထားနိုင်ခဲ့သည်” ဟုဆိုသည်။


ပစ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်၍ အပြီးသတ်သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တချို့ပစ်မှတ်များမှာ တဝက်တပျက်နှင့် အနည်းငယ်သာကျန်ရှိတော့၍ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ကြိုးစားလျက်ရှိသည်” ဟုလည်းထုတ်ပြန်ချက်အရ သိရသည်။

” ရက္ခိုင့်တပ်တော်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၆၊ ၂၇၊ ၂၈) ရက်များတွင်လည်း သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များထဲကတချို့ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။ နောက်ထပ်ကျန်ရှိနေသေးသည့် စစ် ဆင်ရေးပစ်မှတ်များကိုလည်း ဆက်လက်တိုက်ခိုက် သိမ်းပိုက်ရယူရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် သည်” ဟုဆိုထားပြီး ဒီဇင်ဘာလ ၂၆ ရက်၊ ည ၉ နာရီဝန်းကျင်တွင်လည်း မြောက်ဦးမြို့၊ ခရိုင်ရဲစခန်းအား သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

AA အနေဖြင့် သိမ်းပိုက်ရရှိထားသော ရန်သူ့စခန်းကုန်းများက ရန်သူ့အလောင်းအမြောက်အမြား၊ လက်နက် ခဲ ယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းအမြောက် အမြားကို သိမ်းဆည်းရမိခဲ့သည်။ ပုပ်ပွပြီး အနံ့အသက်မကောင်းစွာဖြင့် နေရာအနှံ့ ပြန့်ကြဲသေဆုံးနေသော ရန်သူ့အလောင်းများစွာတို့အား ကောင်းစွာမြေမြှုပ်သင်္ဂြိုဟ်ထားပြီးဖြစ်သလို လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော ရန်သူများအား လိုက်လံချေမှုန်းလျက်ရှိသည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။

” လက်နက်ချအညံ့ခံသောသူတိုင်း အသက်ချမ်းသာရာရမည်ဖြစ်ပြီး မိသားစု၊ ဆွေမျိုးများနှင့် တွေ့ဆုံခွင့်ရရန် အာမခံချက်ပေးကြောင်း ဤသတင်းထုတ်ပြန်ချက်နှင့်အတူ အာမခံကြောင်း ထပ်လောင်းအသိပေးအပ်ပါသည်” ဟု ထုတ်ပြန်ချက်အရသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်၌ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သာ်လည်း စစ်ဆင်ရေး စတင်ပြီး ၂ ပတ်ကျော်အကြာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင်မှ ရက္ခိုင့်တပ်တော်၏ စစ်ရေးလိုအပ်ချက်အရ ရခိုင်နှင့် ပလက်ဝဒေသစစ်မျက်နှာများအပြင် AA လှုပ်ရှားရာနယ်မြေများ၌ “စစ်ဆင်ရေး”ကို စတင်နိုင်ခဲ့သည်။ စစ်ဆင်ရေးစတင်သည့်နေ့ကစ၍ ယနေ့အထိ တစ်ရက်မပျက် စစ်ဆင်ရေးဆက်တိုက်ဆင်နွှဲနိုင်ခဲ့သည်။

ရက္ခိုင့်တပ်တော်သည် ညီနောင်မဟာမိတ်များဖြစ်ကြသော ကိုးကန့်၊ တအာင်းစသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်မြောက်ပိုင်းတွင် အတူတကွဆင်နွှဲနေသကဲ့သို့ ရခိုင်၊ ပလက်ဝဒေသ နှင့် အခြားသောဒေသများ၌လည်း AA တစ်ဖွဲ့တည်းက ဆင်နွှဲလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ဓာတ်ပုံ – AA Desk Info

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကော့ကရိတ်မြို့၊ တောင်ကြာအင်းရဲစခန်းကို ပူးပေါင်းတပ်များသိမ်းပိုက်ရရှိ
Next Article ရမ်းဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီက ဂျက်လေယာဥ်သုံးတိုက်ခိုက်နေ
thanlwinkhet
  • Website

Related Posts

နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို

May 22, 2025

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

May 21, 2025

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

May 21, 2025

Leave A Reply Cancel Reply

Recent Posts

  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
  • မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို

May 22, 2025

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

May 21, 2025

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

May 21, 2025

အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

May 21, 2025

မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်

May 21, 2025

အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု

May 21, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.