ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၂၊ ၂၀၂၄။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အထိနာနေသည့်စစ်ကောင်စီသည် ယခုအချိန်ထိ မာန်လျှော့ခြင်းမရှိဟု ကျွမ်းကျင်သူများက ဆိုကြသည်။
တရုတ်နိုင်ငံတွင် ဒီဇင်ဘာလ ၂၃ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ၌ စစ်ကောင်စီလက် အောက်ခံ ငြိမ်းချမ်းရေးကော်မတီ – NSPNC ၏ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင် က တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားရာနေရာများကို လက်နက်ဆန်းဖြင့် တိုက်ခိုက်မည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင် က “မင်းတို့တိုင်းရင်းသားတွေရဲ့ မြို့ရွာဒေသတွေကို စစ်ရေးနည်းနဲ့ တိုက်ယူလို့ရခဲ့ ရင်တောင် မင်းတို့ဒေသတွေ ဘယ်တော့မှ အေးချမ်းသာယာမှာ မဟုတ်ဘူး။ ငါတို့မှာရှိတဲ့ လက်နက်ဆန်းတွေ သုံးပြီး လေကြောင်းတိုက်ခိုက်ရေးနဲ့ အမြဲတမ်းဗုံးကြဲနေမှာပဲ” ဟု ပြောဆိုခဲ့သည်ဟု PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် တားဘုန်းကျော် က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ယမန်နေ့က ရေးသားခဲ့သည်။
စစ်ကောင်စီသည် စစ်ရေးအရရှုံးနိမ့်နေသော်လည်း အပေါ်စီးကဆက်ဆံပြောဆိုနေဆဲဖြစ်ပြီး အားမတန်သော် လည်း မာန်မလျှော့နိုင်ဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သံလွင်ခက်ကိုပြောသည်။
“စစ်တပ်ထုံးစံအတိုင်းပေါ့။ ဒါကြောင့်လည်း တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုမရဘဲ ဆွေးနွေးပွဲတွေက မအောင်မြင် တာဖြစ်ပါတယ်။ သူတို့ စစ်ရေးအရရှုံးနိမ့်နေပေမယ့် လေသံကတော့ မလျှော့ဘူး။ ဒါကြောင့် သူတို့ဆွေးနွေးပွဲတွေ ရှုံးနိမ့်နေတာလည်း မဆန်းပါဘူး” ဟုပြောသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ် ကောင်စီအရာရှိတို့ ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်တွင် ပထမအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် ဒုတိယအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ပထမအကြိမ် ဆွေးနွေးပွဲကျင်းပပြီးနောက် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြေလျော့ခဲ့သော်လည်း ဒီဇင်ဘာ ၁၈ ရက်တွင်မူ ကိုးကန့်ဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာကစတင်၍ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။
NSPNC ၏ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင် က ထိုသို့ပြောဆိုပြီးနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် ကိုးကန့်တာရွှေထန်ဒေသကို စစ်ကောင်စီတပ်က အဆိပ်ဗုံးအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၀ ဦးအဆိပ်မိခဲ့ပြီး အဆိပ်မိသည့် ကလေးငယ် ၂ ဦးသေဆုံးခဲ့ရသည်ဟု The Kokang က ထုတ်ပြန်ထားသည်။
Video- The Kokang
****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > (https://t.me/newstlk/2820)https://t.me/newstlk/2824
YouTube – > https://youtu.be/JmCKlEGbW-M
Website – > https://thanlwinkhet.net/?p=6742